ပျော်ရွှင်မှုကို ရှာဖွေခြင်း

လူ (၅၀) ဦးခန့်ဟာ ခန်းမတစ်ခုထဲမှာ ဟောပြောပွဲတစ်ခုကို တက်ရောက်နေပါတယ်..။ ဟောပြော သူက ရုတ်တရက် စကားပြောတာကို ရပ်လိုက်ပြီး လူတစ်ယောက်ကို အရောင်တူ ဘောလုံး တစ်လုံးဆီ ဝေငှပေး လိုက်ပါတယ်..။ ပြီးတော့ marker pen တစ်ချောင်းဆီပေးပြီး သူတို့ရဲ့ နာမည်တွေကို ဘော လုံးတွေပေါ် ရေးခိုင်းလိုက်ပါတယ်..။ ပြီးတော့ သူဟာ ဘောလုံးတွေကို ပြန်လည် သိမ်းယူလိုက် ပြီး အခန်း တစ်ခုထဲမှာ ထည့်ထားလိုက်ပါတယ်..။
သူဟာ ဟောပြောပွဲ တက်ရောက်လာတဲ့ လူ (၅၀) ကို အခန်းထဲ ထည့်ထားတဲ့ ဘောလုံးတွေထဲက မိမိ နာမည်ရေးထားတဲ့ဘောလုံးကို အချိန် ၅ မိနစ်အတွင်း ရှာယူလာဖို့ပြောပါတယ်..။
သူတို့ဟာ အားကြိုးမာန်တက်နဲ့ အရောင် တူဘောလုံးတွေ ကို မွှေနှောက်ရှာဖွေကြပါတယ်..။ ဒါပေမယ့် အချိန် ၅ မိနစ်ပြည့်သည့်တိုင်အောင် သူတို့ရဲ့ နာမည်နဲ့ ဘောလုံးကိုတော့ မရှာနိုင်ခဲ့ကြပါဘူး..။
အဲ့ဒီနောက်မှာ ဟောပြောသူက လူ (၅၀) ထဲမှ တစ်ဦးကို ခေါ်လိုက်ပြီး ကျရာ ဘောလုံးကို ကောက် ခိုင်းလိုက်ပါတယ်..။ ပြီးတော့ ဘောလုံးပေါ်မှာ ရေးထားတဲ့ နာမည်ကို အော်ပေးပြီး ပိုင်ရှင်ဖြစ်သူကို ပေး လိုက်ပါတယ်..။ ၅ မိနစ်မပြည့်ခင်မှာပဲ လူတိုင်းဟာ သူတို့နာမည်နဲ့ ဘောလုံးတွေ ကိုယ်စီ ရရှိ နေပါပြီ..။
ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ရဲ့ ဘ၀မှာ နေ့စဉ် ဖြစ်ပျက်နေတာနဲ့ အတော့်ကို ဆင်တူပါတယ်..။ လူတိုင်း ဟာ သူတို့ရဲ့ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေအတွက် ကြိုးစားပမ်းစား ရှာဖွေကြပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်နေရာမှာ ရှာဖွေတွေ့နိုင်လဲဆိုတာမသိကြပါဘူး..။ အစစ်အမှန် ပျော်ရွှင် မှုဆိုတာ တစ်ခြားလူတစ်ယောက်ရဲ့ ပျော်ရွှင်မှု အပေါ်မှာ မူတည်ပါတယ်..။ သူတို့အတွက် ပျော်ရွှင် မှုကို သင်ဖြည့် ဆည်းပေးလိုက်ပါ..။ သင့်အတွက် ပျော်ရွှင်မှုများ မလွဲမသွေ ပြန်ရောက်လာပါလိမ့်မယ်။
အောင်ထွန်းဦး
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)