အကင်အစားအစာများနှင့် ကျန်းမာရေး



လူအများစုတွင် အကင်အစားအစာများကို ပိုမို စားသောက်နေကြသဖြင့် ကင်ဆာရောဂါများ သိသိသာသာ တိုးပွားအဖြစ် များနေကြောင့် အလေးအနက်ပြောကြား လိုပါသည်။

ကင်ဆာရောဂါတွေ ဖြစ်ရခြင်းသည် လူသားများ အစားသောက်နှင့် နေထိုင်မှုပုံစံများကြေင့် အများ ဆုံးဖြစ်ပေါ် ခြင်းဖြစ်ပါသည်။ အစားသောက်ကြောင့်ဖြစ်ပေါ်မှု့ ရာခိုင်နှုန်းသည် တစ်ခြားကင်ဆာ ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများနှင့် စာလျှင် ရာခိုင်နှုန်းအားဖြင့် များပြားလာနေတာကိုလည်း တွေ့  ရှိရပါသည်။

စားသောက်ဆိုင်များတွင် အလွယ်တကူ အကင်များပြု့ လုပ်လာကြပြီး စားသုံးသူများလည်း အကင်အရ သာကို အလွန်ပင်စားသောက်လာကြလို့ နောက်ဆက်တွဲဖြစ်လာမည့် ကင်ဆာကိုပင် မမြင်တော့ဘဲ စားသုံးလာကြပါတယ် အကင်ဆိုင်များတွင် အသီးအရွက်ကိုပင်ကင်ပြီးရောင်းချ စားသောက်နေ ကြလေတော့ မဖြစ်မှတော့ အဆုံး ဖြစ်လာလိမ့်မယ်။

အကင် အချဉ် အစပ် ရသာစုံလင်စားသောက်ကြသူများတွင်ဝယ် အမျိုးသားများထက် အမျိုးသမီးများတွင် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု့ နှစ်ရပ်ပိုဖြစ်ပွားကြပါသည်။

ဆေးရွက်ကြီးကြောင့်ထွက်ပေါ်လာသည့် အငွေ့ များတွင် အဆုတ်ကင်ဆာ ဖြစ်ပွားမှု့ ကိုဖြစ်ပေါ်စေပါတယ် ကိုယ်တိုင်ဆေးလိပ် မသောက်သော်လည်း စည်းကမ်းမဲ့ ဆေးလိပ် သောက်သုံးသူများကြောင့် အငွေ့ ရှုမိ ခြင်းသည့်လည်း ထိုသောက်သုံးသူများနှင့်နည်းတူ ဆိုးကျိုးကိုခံစားရရှိပါတယ် ဒါကြောင့် လက်ဖက်ရည် ဆိုင်နှင့် အခြားနေရာ ဆေးလိပ်သောက်သုံးသူများအနီးနားတွင်အထူးသဖြင့် ငယ်ရွယ်သော ကလေးများ အနီးနားတွင် ရှိမနေစေရန် ပိုမိုအရေးပါပါတယ်။ ကျန်းမာရေး အမြင်ရှိစေပြီး ဆေးလိပ်သောက်သုံးသူ လည်း နားလည်းသဘောပေါက်စေလိုပါသည် ။

အခုလို ကင်ဆာအကြောင်းအရာဖြစ်စေနိုင်သည့် အကင်ကိုလည်းစား ကင်ဆာကိုလည်းမြင်ပါ ကျန်းမားရေး အမြင်ရှိစေရန် တင်ပြပေးခဲ့ပါသည်။ မဖြစ်သေးတော့ မမြင် မကြောက် တကယ်ဖြစ်လာတော့ နောင်တ အသိမဖြစ်စေလို့ သဖြင့် ကင်ဆာရောဂါဆိုးသည့် အစားသောက်နှင့် နေထိုင်မှု့ ပုံစံများကြောင့် အဖြစ်များ လာနေလို့  အစားမတော် တစ်လုပ်အတွက် အသိပေးတင်ပြလိုက်ပါသည်။

အသက်ရာကျော် ရှည်ပါစေ


Mg Mandalay
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...