အမေများနေ့အကြောင်း သိကောင်းစရာ



အမေများနေ့ဟာ သမိုင်းဝင် အမှတ်တရ ဖြစ်တဲ့နေ့လေး တစ်နေ့လို့ ဆိုရမှာပေါ့။ ဒါကြောင့် အမေများနေ့ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ ဆိုတာကို ဗဟုသုတ အနေဖြင့် ရေးသား ပေးလိုက် ရပါတယ်။

အမေများနေ့ကို ဂရိလူမျိုးတွေ Rhea လို့ အမည်ရတဲ့ နတ်သမီးကို ပှုဇော်ရာမှ စခဲခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရောမခေတ်တွေမှာလည်း ကျင်းပခဲ့ကြောင်း သိရပါတယ်။ ၎င်းပွဲမှာ မယ်တော် Magna Mater လို့အမည်တွင်သော နတ်ကို ပှုဇော်တာပဲ ဖြစ်ပါတယ်။ ပှုဇော်ပွဲများကို ဘီစီ ၂၅ဝ ခုနှစ်က စခဲ့တယ်လို့ သမိုင်း မှတ်တမ်းများ အရ သိရပါတယ်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမများနေ့ ပွဲကို ကျင်းပတာခြင်း မတူညီကြဘူးလို့ သိရပါတယ်။ ဥပမာပြောရမယ် ဆိုရင် နော်ဝေနိုင်ငံမှာ ဖေဖော်ဝါရီလ မှာကျင်းပခဲ့ကြပြီး အာဖရိကက မေလမှာကျင်းပ ကြတယ်လို့ သိရပါတယ်။ သြစတေးလျှနဲ့ ဘယ်လ်ဂျီယံ နိုင်ငံများ မှာဆိုရင်တော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ ကျင်းပကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြာသိုလပြည့်နေ့ကို အမေများနေ့ အဖြစ် သတ်မှတ် ထားတယ်လို့ ဆိုရမှာပေါ့။

အမေများနေ့ဟာ အနောက်နိုင်ငံများမှ ဆင်းသက်လာတာ ဖြစ်ပြီး ယနေ့ဆိုရင် ကမ္ဘာ တစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့ ပါပြီ။ ဒါကြောင့် အမေများနေ့ကို ရောက်သည်ဖြစ်စေ မရောက်သေးဘူးဖြစ်စေ သင့်အတွက် ကတော့ အမေဟာ အမြဲတန်းလို အပ်နေပါတယ်။ ဒါကြောင့် သင့် ဘဝဟာ သင့် အမေဖြစ်သလို သင့်အမေ ဟာ သင့်ဘဝ ဖြစ်ပါတယ်။ အမေမရှိဘူးဆိုရင် ဘဝဟာလည်း မရှိနိုင်တော့ပေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...