"ရည်းစားထားဖို့ အစီအစဉ် မရှိသေးပါဘူးလို့ ဆိုတဲ့ သဉ္ဇာနွယ်ဝင်း"



သဉ္ဇာနွယ်ဝင်းက သင်္ကြန်ကို ဘန်ကောက် မှာ ဇာတ်ကား ရိုက်ကူးရင်း နဲ့ ဖြတ်သန်း ခဲ့ပါတယ်။ ဘန်ကောက်မှာ ပထမဦးဆုံး အကြိမ် သွားရိုက် တာ ဖြစ်ပေမယ့် အစစ အရာရာ အားလုံး အဆင်ပြေပြေနဲ့ ရိုက်ကူးနိုင်ခဲ့ ပါ တယ်လို့ ဆိုပါတယ်။

“ထူးထူးခြားခြား လုပ်ရတာ တအားကြီး မရှိပေမယ့် သဉ္ဇာက ဇာတ်ကားထဲမှာ ဘန် ကောက်မှာနေ တဲ့ မိန်းကလေး ဖြစ်တော့ ဘန် ကောက်က လူတွေက ဆံပင် ပုံစံကို တအား အပြောင်းအလဲ လုပ်ကြတယ်။ သဉ္ဇာရဲ့ ပင်ကိုဆံပင်က အနက်ရောင် အရှည်ဖြစ်နေတော့ သဉ္ဇာလည်း မတူမှာစိုးလို့ ဆံပင် အတု နဲ့ပဲ တစ်ကား လုံး အတုတပ်ပြီး ရိုက်ဖြစ်တယ်။ ဘန်ကောက် မှာလည်း ပူတော့ ခေါင်း ခဏခဏ ကိုက်တယ်။ ဘန်ကောက် မှာရိုက်တာ ပထမဦးဆုံး ဆိုပေမယ့် ကိုယ့်နိုင်ငံမှာ ရိုက်ရသလို အစစ အရာရာ အားလုံး အဆင်ပြေခဲ့ ပါတယ်။ ဇာတ်ကားလေး ထွက်လာ ရင် ပရိသတ်တွေ အမြင်ဆန်းပြီး ကြိုက်နှစ်သက် မယ်လို့ မျှော်လင့်မိပါတယ်” လို့ ဆိုပါတယ်။ သဉ္ဇာ နွယ်ဝင်းက ဇာတ်ကား ရိုက်ကူးမှုတွေ များလာတာ နဲ့အမျှ ကာရိုက်တာကိုလည်း အရင်ထက် ပိုပီပြင် အောင် သရုပ်ဆောင် တတ်လာတယ်လို့ ပြောပါ တယ်။

“ဇာတ်တွေကိုလည်း သေချာ လေး ရွေးချယ်ပြီး ရိုက်ကူးဖြစ်တယ်။ ဒရာမာလေးတွေက သဉ္ဇာစရိုက် ကတည်းက အရိုက် များတယ်။ ဟာသကတော့ သဉ္ဇာရိုက်ရတာ လည်း နည်းတော့ ဟာသကိုတော့ ကြိုးစားပြီး လုပ်ရဦးမယ်။ ဒရာမာက တော့ ပိုပြီး အဆင်ပြေနေပါပြီ။ နှစ်ခု စလုံးမှာတော့ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဆက် ပြီးတော့လည်း ပရိသတ်တွေ အတွက် အဆင် ပြေအောင် အတတ်နိုင်ဆုံး ကြိုး စားသွားမှာပါ” လို့ သဉ္ဇာနွယ်ဝင်း ကပြောပါတယ်။

သဉ္ဇာ နွယ်ဝင်းကို ဇာတ်ကား တွေအကြောင်း မေးပြီးတဲ့ အခါမှာတော့ အချစ်ရေး နဲ့ ပတ်သက်ပြီး မေးဖြစ် ပါတယ်။ သဉ္ဇာနွယ်ဝင်း က လတ်တလော မှာတော့ အချစ်ရေးနဲ့ ပတ်သက် ပြီး ဘာမှ ပြောစရာမရှိ သေးသ လို စဉ်းလည်း မစဉ်းစား ချင်သေးပါဘူး လို့ပြောပါတယ်။

“သဉ္ဇာရဲ့အချစ်ရေးက အေးဆေး ပါပဲ။ သဉ္ဇာ့မှာ ရည်းစားလည်း မရှိဘူး။ ရည်းစား ထားဖို့လည်း အစီ အစဉ် လုံးဝမရှိ ပါဘူး။ အချစ်ရေး နဲ့ ပတ်သက်လို့လည်း ဘာ မှပြော စရာ မရှိပါဘူး။ အနုပညာ အလုပ် ကိုပဲ အခုအချိန်မှာ တစိုက် မတ်မတ် လုပ် သွားမှာပါ။ အခုလောလောဆယ် မှာ ဖြစ်ချင်နေတာတော့ အချစ်ရေး ကို အသက်သုံးဆယ်၊ သုံးဆယ့်နှစ် လောက် မှာပဲ အိမ်ထောင်ရေးကို စဉ်းစားဖို့ ဆုံးဖြတ် ထားတယ်။ အခု အချိန်မှာတော့ သဉ္ဇာ အတွက် အလုပ်က ပိုပြီးဦးစား ပေးဖြစ်နေပါတယ်။ တခြား ဘာကိုမှ မစဉ်းစား ချင် သေးပါဘူး” လို့ အချစ်ရေး နဲ့ ပတ်သက် ပြီး သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။

လွင်လွင်ထွန်း
ဓါတ်ပုံ - ပြည်ဟန် (Color Max)
Popular Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...