လေထုထဲတွင် ကာဗွန်ဒိုက်အောက်ဆိုဒ်ပါဝင်မှု မြင့်တက်လာခြင်းကြောင့် လူသားတို့အစာအာဟာရ ထိခိုက်နိုင်
Health Updates Journal No. 118
လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ အလွန်မြင့်တက်လာခြင်းသည် ၂၀၅၀ ခုနှစ်ရောက်သည့်အခါ လူသားတို့အတွက် အရေးကြီးသော အစာအာဟာရများ လျော့နည်းလာနိုင်သည့် အန္တရာယ်ရှိကြောင်း လေ့ လာမှုတစ်ခုအရ သိရသည်။
အပင်များ၏ အလင်းမှီအစာချက်စနစ် (photosynthesis) တွင် ကာဗွန်စွဲကပ်ခြင်းအဆင့် (carbon fixation)့ များပါဝင်ရာ ၎င်းင်းအဆင့်များအနက် carbon dioxide နှင့် ribulose bisphosphate တို့ကို 3-phosphoglycerate အဖြစ် ပြောင်းပေးသောအဆင့်ကိုC3 carbon fixation ဟုခေါ်ဆိုသည်။ C3 အဆင့်တစ်ခုတည်းနှင့် အလင်းမှီ အစာချက်ပြီး အသက်ရှင်ရပ်တည်ရသော အပင်များသည် နေရောင်ခြည် အသင့်အတင့်ရှိသော၊ အပူချိန် အသင့်အတင့်ရှိသော၊ ကာဗွန်ဒိုင် အောက်ဆိုဒ်သိပ်သည်းမှု ၂၀၀ ppm ၀န်းကျင်နှင့် အထက်ရှိသော၊ မြေအောက်ရေကြွယ်ဝသော ပတ်ဝန်းကျင်၌ ရှင်သန်လေ့ရှိသည်။ ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများ၏ လူဦးရေသည် ကမ္ဘာတစ်ဝှန်း နှစ်ဘီလျံမှ သုံးဘီလျံအထိရှိပြီး တစ်နေ့တာ လိုအပ်သော ဇင့်နှင့်သံဓါတ်များကို C3 အပင်များဖြစ်ကြသော ဆန်နှင့်မုယောစပါးတို့ထံမှသာ အဓိက မှီခိုအားထားနေရသည်။
C3 မျိုးစေ့များတွင်လည်း ဇင့်၊ သံနှင့် ပရိုတင်းဓါတ်များ တဖြည်း ဖြည်းလျော့နည်းလာကြောင်း သုတေသန တွင် တွေ့ရှိထားသည်။ အထူးသဖြင့် ပဲတောင့်ရှည်များတွင် ဇင့်နှင့် သံဓါတ်များ သိသိသာသာ လျော့နည်း လာသည်ဟုဆိုသည်။
ဇင့်နှင့် သံဓါတ်များသည် ဒေသ တစ်ခုနှင့်တစ်ခုမှ ထွက်ရှိသောဆန်များအနက် ပါဝင်မှုမတူညီကြပေ။ C3 အပင်တစ်မျိုးဖြစ်သော စပါးပင် များသည် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် မြင့်တက်လာမှုကြောင့် ဇင့်နှင့် သံဓါတ်များ ပါဝင်မှုကျဆင်းလာလျက်ရှိရာ ကမ္ဘာတစ်ဝှန်း စပါး စိုက်ပျိုးသူများအနေနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် အာဟာရပါဝင်မှု မလျော့ကျစေရန် စပါးစိုက်ပျိုးမှုနည်းစနစ်များကို အဆင့်မြှင့် တင်ရန် လိုကြောင်း သုတေသီများက ဆိုသည်။
သီဟ
Ref: MDI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)