စားကြမယ်ဟေ့ ကောင်းကောင်း (ထူးဆန်းသော အစားအစာများ)
ထူးဆန်းထွေလာ သတင်းလေးတွေလည်း မရေးဖြစ်တာ ကြာပြီဆိုတော့ ပြန်တင်ပေးလိုက်ပါရစေ... အ ခုတော့ ကမ္ဘာတစ်လွှားက ထူးဆန်းတဲ့ အစားအသောက် ပေါင်းစုံကို တ၀ကြီး စားသောက် နိုင်ဖို့အတွက် တင်ပေးလိုက်ရပါတယ်.. ထမင်းစားနေရင်း တန်းလန်းဆိုရင်တော့ နောက်မှ ကြည့်ပါလို့ ကြိုပြောပါရစေ...
ဒါကတော့ အကောင် မပေါက်သေးတဲ့ ကြက်ဥ ၊ ဘဲဥတို့ကို အစိမ်းစားခြင်းပါတဲ့...။
ဒီအစားအစာလေးက ထူးဆန်းတယ်ဗျ... နို့တွေကို လောက်တွေတက်တဲ့အထိ ထားပြီး အဲ့ဒီ လောက်တွေ ကို တူနဲ့ညှပ်စားကြပါသတဲ့...၊ နို့ကနေ ဖြစ်လာတဲ့လောက်ပေါ့..။
ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်သလိုမျိုး ဒီလိုမျိုး တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ အထဲက ကလီစာတွေ ကို ရေနွေးနဲ့ ပြုတ်ပြီး စားတာ ပိုအရသာရှိတယ်ဆိုပဲ...
ဒါကတော့ တရုတ်ပြည်က နှစ်တစ်ထောင်ဆေးဘဲဥပါတဲ့..။ ဆေးတော့ အတော်ကြီးတယ်ဆိုပဲ..။
သူများတွေ အသည်းယားတဲ့ပင့်ကူ ဒီလိုကြော်ထားတော့လည်း စားချင်စဖွယ် ဖြစ်နေသလားလို့
တရုတ်စားပွဲတွေမှာ ၀က်ခေါင်းကတော့ မပါမဖြစ်ပေါ့
ဒါကတော့ ခါချဉ်ဥလိုမျိုးနဲ့တူပါတယ်..။ မြန်မာလူမျိုးတွေလည်း စားလေ့ရှိပါတယ်.။
ရှည်ရှည်မျောမျော မြင်တာနဲ့ မရွှံပါနဲ့...။ ရေဘ၀ဲ ပါတဲ့ဗျာ..။
တူနာ ငါးမျက်စိဟင်း ဖြစ်ပါသတဲ့....
လင်းနို့ စွတ်ပြုတ်ပါ။
အသားအပုပ်ကိုမှ ကြိုက်ကြတဲ့ လူတွေလည်း ရှိပါသေးတယ်..။
ဒါကတော့ အသည်းယားဖွယ် အင်းစက် ပေါင်းစုံ ကြော်တွေပေါ့...။
အောင်ထွန်းဦး
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)