တပါးသူ အသက်ကယ်ဖို့ ကိုယ့်အသက်မငဲ့ကွက်သူများ

ဘော့စတွန် က မြေအောက်ရထားစီး ခရီးသည်တွေရဲ့ သူရဲကောင်း ဆန်တဲ့ လုပ်ရပ်တခုပါ။



အသက် ၄၄ နှစ်အရွယ် အမျိုးသမီး တဦးက မြေအောက်ရထားဘူတာတခုမှာ ရထားသံလမ်းပေါ် ပြုတ်ကျ သွား ခဲ့ချိန် အနီးအနားက ရထားစီး ခရီးသည်တွေက သူတို့ အသက်ကို မငဲ့ ကွက်ပဲ ဝိုင်းဝန်း ကယ်တင် ခဲ့ကြ တာကို စီစီတီဗွီက မှတ်တမ်း တင်ထားတာကို The Mirror က ဖော်ပြထားပါတယ်။

ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ည နေပိုင်းက ဖြစ်ပေမယ့် တာဝန်ရှိသူတွေ မနေ့ကပဲ တရားဝင် ထုတ်ပြန်ပေး လိုက်တဲ့ စီစီတီဗွီ မှတ်တမ်းလည်း ဖြစ်ပါတယ်။

ပလက်ဖောင်းပေါ်က အမျိုးသမီး ပြုတ်ကျသွားချိန်မှာ ကံကောင်းသွားတာက လျှပ်စစ်ဓာတ် ဗို့အားမြင့် တတိယ သံလမ်းကို အမျိုးသမီးက ရှောင်ရှားနိုင်ခဲ့တာပါ။

အကယ်၍ လျှပ်စစ်ဓာတ်အား လွှတ်ထားတဲ့ သံလမ်းကို အမျိုးသမီးက မထိအောင် ရှောင်ရှားနိုင်ခဲ့သလို ခရီးသည်တွေက လည်း သူတို့အသက်ကို ပဓာန မထားဘဲ ကယ်ခဲ့တာကြောင့် အမျိုးသမီးဟာ ၂ ခါ ဆင့် ကံကောင်းပြီး အနည်းငယ်ပဲ ဒဏ်ရာ ရသွားခဲ့ပါတယ်။

ကယ်တင်ခဲ့သူတွေအတွက် အရှိန်နဲ့ ဝင်လာမယ့် ရထားမလာမီလေး ကယ်တင်ဖို့ အချိန်ရသွားခဲ့တယ်
ပြောရမှာပါ။

ရထားစီးခရီးသည်တွေရဲ့ အရေးပေါ် ကယ်တင်ရေး ဆိုင်ရာ လူသားချင်း စာနာစိတ်က ဂုဏ်ယူစရာမို့ ဧရာဝတီက ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အိမ့်သံစဉ် ~

ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...