ဆန်းကြယ်စွာတူညီနေသော အမြွှာညီနောင်
တစ်ချို့အမြွှာပူးတွေကို ခွဲမရအောင် တူတယ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအမြွှာပူး တူပုံကြတော့ တစ်မျိုးပါ။
Jim Lewis နဲ့ Jim Springer ဆိုတဲ့ ဒီအမွှာပူးညီအစ်ကိုဟာ မွေးပါပြီဆိုကတည်းက အသီသီးမွေးစားခံရတဲ့ ညီအစ်ကိုနှစ်ဦးပါ။ မွေးစားမိဘတွေနဲ့ အသီးသီးနေလာခဲ့ကြရတဲ့ ညီအစ်ကိုနှစ်ဦးဟာ အသက် ၃၉ နှစ်ကြမှ ပထမဆုံးပြန်တွေ့မိကြပါတယ်။
အံ့သြဖို့ကောင်းတာက မျိုးရိုးအမည်ပဲကွာပြီး Jim ဆိုတဲ့ နာမည်ကို သူတို့မိဘတွေက ပေးခဲ့ကြတာပါ။ ဒါ အစပဲ ရှိပါသေးတယ်။
ဒီ Jim ညီအစ်ကိုနှစ်ယောက်က အိမ်ထောင်နှစ်ခါ ကျခဲ့ကြ ပါတယ်။ ပထမဆုံးယူခဲ့တဲ့ သူတို့မိန်းမတွေရဲ့ နာမည်က Linda ဖြစ် ပါတယ်။ ဒုတိယအကြိမ်ယူခဲ့တဲ့ မိန်းမတွေရဲ့ နာမည်က Betty ဖြစ်ပါတယ်။
ငယ်ဘဝတုန်းက ခွေးတစ်ကောင်စီ ပိုင်ခဲ့ကြပြီး ခွေးနာမည်တွေကို Toy လို့ ပေးခဲ့ကြပါတယ်။ ဒါတင် မကသေးပါဘူး၊ သူတို့မှာ သားတွေရှိကြပြီး သားတွေနာမည်က သံတူကြောင်းကွဲ James Allen နဲ့ Jame Alan ဖြစ်ပါတယ်။
မပြီးသေးပါဘူး၊ နှစ်ယောက်စလုံးဟာ လက်ထောက် အုပ်ချုပ်ရေးမှုးတွေ ဖြစ်နေကြပြီး သောက်တဲ့ ဘီယာခြင်းလည်း တူသလို သောက်တဲ့ဆေးလိပ်ခြင်းလည်း တူပါတယ်တဲ့။
ချုပ်ပြီးပြောရရင်တော့ Chevrolet ကား မောင်းတာခြင်းတောင် တူပါတယ်တဲ့။
Credit: ဖိုးသူတော် (www.phothutaw.com)
-------------------------------------------------
Good Luck... ကိုမျိုး
http://lwanmapyay.blogspot.com/