ကျောင်းအိမ်သာတွင် လိင်ဆက်ဆံနေသော ကျောင်းသားနှင့်ကျောင်းသူကို ဆရာမှပက်ပင်းမိ



တီနွမ် (Tenom)မှ အသက် ၁၄ နှစ်အရွယ် ကျောင်းသားနှင့်ကျောင်းသူ ၂ ဦးကို ကျောင်းအိမ်သာတွင် လိင်ဆက်ဆံစဉ် ဖမ်းမိသည်။ တနင်္လာနေ့နံနက် ၁၀ နာရီခွဲ၊ အတန်းအားလပ်ချိန်တွင် ကျောင်းအိမ်သာ အနီး ဖြတ်သွားသော ကျောင်းစည်းကမ်း ထိန်းသိမ်းရေး ဆရာက ၄င်းတို့ကို ဖမ်းမိသည်။

ကလေး ၂ ဦးသည် ကျောင်းအားလပ်ချိန်တွင် အခြားသူများ သတိမထားမိခင် အိမ်သာသို့ပြေးဝင်ခဲ့ကြသည် ဟု တီနွမ် လက်ထောက်ရဲချုပ်က ရှင်းပြသည်။ စည်းကမ်းထိန်းသိမ်းရေး ဆရာသည် အိမ်သာခန်းမှ အသံ တစ်ချို့ကြား၍ ၀င်စစ်ကြည့်ရာ ကလေး ၂ ဦးကို ပက်ပင်းတွေ့ခဲ့သည်ဟု အရာရှိက ပြောသည်။

အခင်းဖြစ်သည့်နေ့တွင် ရဲထံအသိပေးကာ ကျောင်းသားကလေးကို ဖမ်းဆီးထားသည်။

The Star
World-Myanmar News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...