ဆော်ဒီနိုင်ငံ လမ်းတစ်နေရာက အခမဲ့ ယူစားနိုင်တဲ့ ရေခဲသတ္တာ



ဆောဒီအာရေဗိယျ နိုင်ငံက မြို့တစ်ခုမှာ ဖြစ်ပါတယ်။ အစားအသောက်များ အခမဲ့ ယူစားလို့ ရအောင် ဖန်တီး ထားပေးတဲ့ ရေခဲသတ္တာ တစ်လုံးကို လူအများ အသုံးပြု နိုင်ဖို့ ထားရှိပေးထားပါတယ်။

ရေခဲသတ္တာကို လှူဒါန်းထားပြီး အစားအသောက်ပါ လှူဒါန်းပါတယ်။ နောက်တော့ အစားအသောက် လှူချင် တဲ့ အခြားလူများလည်း လာရောက် ထည့်သွင်းထားရှိ ပေးထားပြီး မရှိဆင်းရဲသားများ အခမဲ့ ယူဆောင် စားသုံးကြပါတယ်။ နောက်တော့ သူတို့ တွေပါ အစားအသောက်ကို သိမ်းထား၊ ထည့်ထားတဲ့ အလေ့ အကျင့်တစ်ခု ရသွားကြပါတယ်။

ဆင်းရဲသား၊ ငတ်မွတ်သူများအတွက် ယင်း ရေခဲသတ္တာဟာ အစားအသောက် ရရှိ နိုင်တဲ့ အရင်းအမြစ်ကြီး တစ်ခု ဖြစ်လို့ နေခဲ့ပါတယ်။
.
Ref:dyknow
www.innewsmyanmar.com
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...