မှားတာရှိရင် တောင်းပန်ပါ



မှားယွင်းမှုတွေနဲ့ အသက်ရှင်ရတာဟာ အင်မတန်ပင်ပန်းလှပါတယ်။ လူတိုင်းအမှား ကင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအမှားကို ၀န်ချတောင်းပန်ဖို့ ၀န်လေးနေကြပါတယ်။ တစ်ကြိမ်တစ် ခါတောင်း ပန်ဖို့ ဝေလေးနေသူဟာ တစ်သက်လုံး ဆင်းရဲ ပင်ပန်းစွာနဲ့ နေရပါတယ်။ ကိုယ့်အမှားကို သံဝေဂ တရားနဲ့ တောင်းပန်တတ်သူဟာ ကျန်ရှိတဲ့ဘ၀ကို စိတ်ပေါ့ပေါ့ပါးပါး၊ ချမ်းချမ်းသာ သာနဲ့ နေနိုင်သွားပါ တယ်။ ဒါကြောင့် အမှားရှိရင် စိတ်ထဲအောင်းမထားပါနဲ့ ဖွင့်ထုတ်ဝန်ခံလိုက်ပါ။ ပြီးရင် နောက်မမှားအောင် ဆင်ခြင်လိုက်ပါ။

ဘုရားလက်ထက်က ကလေးနှစ်ယောက်ဖခင် သောရေယျ သူဌေးသားဆိုတာ ရှိခဲ့တယ်။ တစ်နေ့မှာ ရေချိုး ဆိပ်သွားရင်း အရှင် မဟာကစ္စည်းမထေရ်ရဲ့ လှပတဲ့ ရုပ်အဆင်းကို မြင်ပြီး "ငါ့ဇနီးဖြစ်ရင် ကောင်းမှာပဲ"လို့ စိတ်ထဲက မနောကကံဖြင့် ပြစ်မှား မိတယ်။

ချက်းချင်းပဲ သောရေယျဟာ ယောကျားအဖြစ်ကနေ မိန်းမအဖြစ်သို့ ပြောင်းသွားခဲ့ပါတယ်။ ရှက်ရှက်နဲ့ အိမ်မပြန်တော့ပဲ ရှေဦးတည့် ရာ လျှောက်သွားနေရင်း တက္ကသိုလ်ပြည်က သူဌေးသား တစ်ယောက် နဲ့တွေ့ပြီး အိမ်ထောင်ကျပါတယ်။ မိန်းမအဖြစ်နဲ့ ကလေးနှစ် ယောက် ထပ်ရတယ်။

ကာလအတန်ကြာတော့ ဇာတိမြို့က ကုန်သည်တွေလာတော့ မိန်းမဖြစ်နေတဲ့ သောရေယျကိုတွေ့တယ်။ အကျိုးအကြောင်း ပြောတဲ့အခါ ကုန်သည်တွေက စိတ်မကောင်းမဖြစ်နဲ့ အရှင်မဟာကစ္စည်းမထေရ်ကို သွားတောင်းပန်လိုက်။ ဘ၀မှန်ကို ပြန်ရလိမ့်မယ်။ ဒီတော့ သောရေယျဟာ ကုန်သည်တွေနဲ့လိုက်သွားပြီး အရှင်မဟာကစ္စည်းမထေရ်ကို သွားတောင်းပန်လိုက်တဲ့အခါ အရင် သောရေယျ သူဌေးသားဘ၀ကို ပြန်ရ ခဲ့ပါတယ်။

ဒါကြောင့် လူတိုင်း အမှားပြုမိတဲ့အတွက် အဲဒီအမှားကို ၀န်ခံတောင်းပန်လိုက်ပါ။ စိတ်ထဲပေါ့ပါးသွားပါလိမ့် မယ်။ တောင်းပန်တဲ့ အခါ စိတ်မပါတပါနဲ့ ၀တ်ကျေတန်းကျေတော့ မလုပ်ပါနဲ့။ နောင်မမှားအောင်နေမယ်ဆို တဲ့ အသိစိတ်နဲ့ တောင်းပန်မှ တကယ့်စိတ် ချမ်းသာမှုကို ရမှာပါ။

ဖိုးသူတော်
Credit : ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...