တာင်ကိုရီးယားတွင် လူနာဆောင်တစ်ခု မီးလောင်ပြီး လူပေါင်း(၂၀)ကျော်သေဆုံး
တောင်ကိုရီးယား နိုင်ငံတွင် နာတာရှည် လူနာဆောင်တစ်ခု မီးလောင်ကျွမ်းရာ အနည်းဆုံး (၂၁)ဦး သေ ဆုံးခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတောင်ပိုင်းရှိ ဂျန်ဆွန်းဒေသမှ ဟိုဆာရန်း ဆေးရုံတွင် မီးလောင်ကျွမ်း မှု ဖြစ်ပွားပြီး အဆိုပါအဆောင်သို့ ကူးစက်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း လူနာ(၂၀)နှင့် သူနာပြု (၁)ဦးတို့ သေဆုံးကာ နောက်ထပ်(၆)ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဆိုသည်။ အခင်းဖြစ်ပွားရာ ဒေသသည် ဆိုးလ်မြို့တော်မှ တောင်ဘက် ကီလိုမီတာ (၃၀၀)မျှ အကွာတွင် တည်ရှိ သည်။ မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက “သေတဲ့သူ အများစုက အသက်ရှူကျပ်တဲ့ အခြေအနေကြောင့် ပါ။ မီးခိုးတွေထဲမှာ အဆိပ်အတောက် ဓာတ်ငွေ့တွေ အများကြီး ပါနေတယ်လေ”ဟု ဆိုသည်။

မီးသည် နာရီဝက်မျှ အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သော်လည်း အသေအပျောက် များသွားခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် အတန်ငယ် စိတ်ဖောက်ပြန်နေသည့် အသက်(၈၁)နှစ်အရွယ် လူနာတစ်ဦးကို ဖမ်းဆီး ထားလိုက်ကြောင်းလည်း သိရသည်။ ဗီဒီယို မှတ်တမ်းထဲတွင် ထိုသူသည် အခန်းတစ်ခုထဲ ဝင်ရောက်သွား ခဲ့ပြီး ထို့နောက် မကြာမီပင် ယင်းအခန်းမှ စတင်၍ မီးလောင်လာခဲ့သည်ကို တွေ့ရှိရသည်။ (၃)ထပ်ဆောင် မီးလောင်မှုတွင် အပေါ်ဆုံးထပ်မှ လူနာများသည် အချိန်မီ ဘေးလွတ်ရာ မသွားရောက်နိုင်တော့ဘဲ အသက် ရှူကျပ်ကာ သေဆုံးခဲ့ကြခြင်းဟု ဆိုသည်။ သေဆုံးသည့် သူနာပြုမှာ မီးသတ်ဘူးတစ်ဘူးဖြင့် မီးငြှိမ်းရန် ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

ဆေးရုံတာဝန်ခံ ဒါရိုက်တာ လီဟောင်ဆွတ်ခ်က “ဒီဖြစ်ရပ်အတွက် အနူးအညွတ် တောင်းပန်ပါတယ်။ ခုလို လူ့အသက်တွေ စတေးလိုက်ရတဲ့ ဖြစ်ရပ်မျိုးဟာ ဆင်ခြေပေးစရာ အကြောင်းမျိုး လုံးဝမရှိပါဘူး” ဟု ပြော ကြားခဲ့သည်။ ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယားနိုင်ငံ၊ ဂိုယန်းမြို့တွင် ဘတ်စ်ကား ရပ်နားစခန်း တစ်ခု မီးလောင်ရာ မီးခိုးငွေ့များကြောင့် လူ(၇)ဦး သေဆုံးခဲ့သလို လူပေါင်း(၂၀)ကျော်လည်း မီးလောင် ဒဏ်ရာများ ရရှိခဲ့သေးကြောင်း သိရှိရသည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) လူသိအမ်ားဆံုး ဘောလုံးသမားစာရင်းတွင် ရော်နယ်လ်ဒို ထိပ်ဆုံးမှရပ်တည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ကလေးသူငယ် လိင်ကုန်ကူး ရဟန်းဝတ်ဂိုဏ်း ချင်းမိုင်မှာ ဖမ်းမိ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း