"ထုတ်လုပ်ရေးထူထောင်ဖို့ အစီအစဉ်ရှိတဲ့ ခန့်စည်သူ"



ခန့်စည်သူက အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း အနုပညာလောကအတွက် အထောက်အကူပြုတဲ့ ကင်မရာ ရိုက်ကူးမှုပစ္စည်းတွေကိုလည်း ရွှေကောင်းကင်ရိုက်ကူးရေး လုပ်ငန်းနာမည်နဲ့ ငှားရမ်းနေပါတယ်။

ဒီလို ငှားရမ်းခဲ့တာ ၁ဝနှစ်ကျော် ရှိခဲ့ပြီဖြစ်သလို နောက်ပိုင်းမှာလည်း ထုတ်လုပ်ရေး အနေနဲ့ပါ လုပ်ကိုင်ဖို့ အစီ အစဉ်ရှိတယ် လို့ပြောပြ တဲ့ ခန့်စည်သူက ” ဦးကျော်ဟိန်း တို့နဲ့ ရိုက်ကတည်းက လုပ်ဖြစ်ခဲ့ တာ။ တော်တော်ကို ကြာခဲ့ပြီ။ အဲဒီတုန်းက ကိုယ့်ကင်မရာလေး နဲ့ ကိုယ်ပေါ့။ သရုပ်ဆောင် ပညာ အပြင် ဒီကင်မရာ ရိုက်ကူးမှုကိုလည်း နားလည်ချင်တယ်။ ကိုယ်နဲ့မဆိုင်သလိုနေလို့မရဘူးလေ။ editing ပဲ ဖြစ်ဖြစ်၊ ဒါပင်ပဲဖြစ်ဖြစ်၊ ဇာတ်ညွှန်း ပဲဖြစ်ဖြစ် အားလုံးနား လည်ထားချင်တယ်။ အဲဒါကြောင့် စလုပ်ဖြစ် ရင်း နဲ့ ၁ဝ နှစ် ကျော်လောက်ရှိပြီပေါ့။ အမှန်တော့ ဒီနေရာမှာ ပဲရပ်မနေဘဲ ဒီထက်ပိုပြီး တိုးချဲ့ချင်တာ။ ဒါပေမဲ့ ဒါတွေက ကိုယ်တိုင် နားလည် တတ်ကျွမ်းပြီး တစ်စိုက်မတ်မတ် လိုက်လုပ်နိုင်မှလေ။ သရုပ်ဆောင် လည်း လုပ်တယ်။ ဒီအလုပ်ကိုလည်း လုပ်ရတယ် ဆိုတော့ အဆင်မပြေ ဘူးလေ။ စက်အဖွဲ့ကလည်း တကယ်သေသေချာချာ သင်ခဲ့ရတာမဟုတ်တော့ တစ်ခါ တလေကျ အမှားအယွင်း၊ အတိမ်း အစောင်းလေးတွေရှိတယ်လေ။ တချို့ကျတော့ အမှား အယွင်းမခံတော့ ဆုံးရှုံးမှုကြီးတာပေါ့။ တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေ ကိုယ်နိုင် သလောက် ဝင်ထမ်းတဲ့သဘောပါ့။ ဒီထက်ပိုပြီး ရင်းနှီးမြှုပ်နှံပြီး ဒီလော ကကြီးကို ဒီထက်ပိုတိုးတက်စေချင်တယ်။ ကိုယ့်ရဲ့ အနုပညာ စွမ်းအားက စိတ်လို့တင်စားမယ် ဆိုရင် စက်ပစ္စည်းတွေ ကရုပ်ပေါ့။ စိတ်ပိုင်းဆိုင်ရာနဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို ပရိသတ်ကို တင်ပြချင်တယ်။ အာဆီယံနိုင်ငံတွေကို ပါတင်ပြချင်တယ်။ စီးပွားရေးအနေနဲ့ ဆိုရင် ဇာတ်ကားထုတ် လုပ်ရေးကို လုပ်ဖို့လည်း စီစဉ်နေတယ်။ ကမ္ဘာမှာမြန်မာတစ်ခုတည်းရှိတဲ့ ယဉ်ကျေးမှုအဆောက်အအုံတွေ၊ ရိုးရာတွေကို တင်ပြချင်တယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...