လေဖြတ်ခြင်းကြောင့် ဦးနှောက်ပျက်စီးမှုကို ဗီတာမင်အီးသောက်ခြင်းဖြင့် လျှော့ချကာကွယ်နိုင်

photo:google

သွေးလွှတ်ကြော (သို့မဟုတ်) သွေးကြောအတွင်းသွေးခဲများ (သို့မဟုတ်) အဆီများ စုဝေးဖြစ်ပေါ်ခြင်းကြောင့် ဦးနှောက်သို့ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေချိန်တွင် ခန္ဓာကိုယ်လေဖြတ် မှု ဖြစ်ပေါ်သည်။

သွေးကြောပိတ်ဆို့မှုဖြစ်ပြီး သွေးစီးဆင်းမှု အဟန့်အတားဖြစ်ပေါ်ပါက ဦးနှောက်ထဲ လိုအပ်သော အောက် ဆီဂျင်မရဖြစ်စေပြီး ဦးနှောက်ဆဲလ်များ သေဆုံးသွားနိုင်သည်။ ကမ္ဘာတစ်ဝန်း နှစ်စဉ်နှစ်တိုင်း လူပေါင်း ၁၅ သန်းခန့် လေဖြတ်သည့် ဒဏ်ခံစားနေရပြီး ၎င်းတို့အနက် ငါးသန်းခန့်မှာ လုံးဝဒုက္ခိတဖြစ်သွားရသည်။

လေဖြတ်ထားသည့် လူနာတစ်ဦးကို သွေးခဲခြင်းကို တားဆီးနိုင် သည့် အက်စပရင် (အကိုက်အခဲနှင့် အဖျားပျောက်ဆေး) ဖြင့် အမြဲဆို သလို ကုသပေးလေ့ရှိသည်။ လေဖြတ်ထားသည့် လူနာများ၏ လေး ရာခိုင်နှုန်းခန့်ကို လေဖြတ်ပြီး သုံးနာရီအတွင်း သွေးခဲမှု တားဆီးနိုင်သော အင်ဇိုင်းများကို နှိုးဆွပေး သည့် ဆေးများဖြင့်ကုသပေးလေ့ရှိသည်။ ယင်းဆေးမှာ အမေရိကန်အစားအစာနှင့် ဆေးဝါး စီမံကွပ် ကဲရေးဌာန ခွင့်ပြုပေးထားသည့် တစ်ခုတည်းသောဆေးအမျိုး အစားဖြစ်သည်။

အသည်းထဲ ကိုလက်စရောထုတ်လုပ်မှုကို တားဆီးနိုင်ပြီး သွေးထဲ ကိုလက်စထရော ပါဝင်မှုကို လျှော့ချနိုင် သည့် ဆီအုန်းတွင်ပါဝင်သော ဗီတာမင်အီးတစ်မျိုးဖြစ်သည့် Tocotrienol ကို သီတင်းပတ် ၁၀ ပတ် ကြာ သောက်သုံးထားသူ၏ သွေးကြောများမှာ လိုအပ်သော အောက်ဆီဂျင်ရရှိရန် သွေးလွှတ်ကြောများ ပိုကျယ်လာကြောင်း အိုဟိုင်းယိုး တက္ကသိုလ် ၀က်စ်နာဆေးဘက်ဆိုင်ရာဌာနက လေ့လာတွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ သွေးကြောများ ပိုကျယ်လာခြင်းကြောင့် သွေးစီးဆင်းမှုကို အားကောင်းစေပြီး ဦးနှောက်ပျက်စီးမှု ကို ကာကွယ်နိုင်သည်။ ထို့ကြောင့် ဗီတာမင်အီးမှာ ကနဦးလေဖြတ်ခြင်းထက် ပိုမို၍ မသန်မစွမ်းဖြစ်နိုင်ခြေများသော ဒုတိယအဆင့် လေဖြတ်မှုကြောင့် ဦးနှောက်ပျက်စီးမှုကို ကာကွယ်လျှော့ ချနိုင်သည်။

—Ref: Internet
7Day Daily
No.372 Thursday, May 8,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...