မိန်းမလှနဲ့ မိန်းမကောင်း



လှတဲ့ မိန်းကလေးက မျက်နှာနဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်တယ်
ကောင်းတဲ့မိန်းကလေးကတော့ စိတ်နှလုံးနဲ့အကျင့်စရိုက်ကို အလေးထားတယ်....

မိန်းမလှက ဘယ်လိုဝတ်ရမယ် ဘယ်လို နေထိုင်ရမယ် ဆိုတာကိုသိတယ်
မိန်းမကောင်းကတော့ ဘယ်လိုစိတ်ထားနဲ့ ဘယ်လို အကျင့်စရိုက်ထားရမယ် ဆိုတာကိုသိတယ်......

မိန်းမလှက ခေတ်မှီဖို့စဉ်းစားတယ်
မိန်းမကောင်းကတော့ ခေတ်မီဖို့စဉ်းစားတယ်….....

မိန်းမလှက မျက်စိကိုအေးစေတယ်
မိန်းမကောင်းကတော့ စိတ်နှလုံးကို အေးစေတယ်……………

မိန်းမလှက နုပျိုနေချိန်မှာ လှတယ်…
မိန်းမကောင်း ကတော့ အိုသည့်တိုင်အောင် လှတယ်………

မိန်းမလှက ရတနာတပါးဆိုရင်
မိန်းမကောင်းကတော့ ရတနာသိုက်ပဲ ဖြစ်လိမ့်မယ်.......
မိန်းမလှက ခေတ်ဆန်တာကို ဂုဏ်ယူနေချိန်မှာ
မိန်းမကောင်းကတော့ ရတနာသုံးပါး မိဘဆရာသမားကို အလေးထားတာကို ဂုဏ်ယူနေလိမ့်မယ်…

#ငြိမ်းလဲ့ ခိုင်.
Photo = Cute myanmar girls
ပျိုမေတို့သိစေဖို့

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...