Dimensions International College မှ ကျောင်းစရိတ်၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပညာသင်ထောက်ပံ့ကြေး ပေးမည်



မြန်မာနိုင်ငံမှ ၁၀ တန်း အောင်မြင်ထားသူများအတွက် စင်ကာပူနိုင်ငံရှိ Dimensions International College တွင် ကျောင်းသူ၊ ကျောင်းသားများ ရွေးချယ်သည့် ဘာသာရပ်ပေါ်မူတည်ပြီး ကျောင်းစရိတ်၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပညာသင်ထောက်ပံ့ကြေး အစီအစဉ်ဖြင့် သွားရောက်သင်ယူနိုင်ကြောင်း သိရသည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်သည့် ဘာသာရပ်များမှာ Diploma in Hotel & Restaurant Services, Diploma in Food Preparation & Culinary Arts, Diploma/Adv Diploma in Hotel Management, Edexcel BTEC Level 5 HND Diploma in Hospitality Management, Diploma in Business, Edexcel BTEC Level 5 HND Diploma in Business, Diploma in Finance & Accounting တို့ ဖြစ်သည်။

အနီးဆုံး June နှင့် July 2014 Intakes လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများသည် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲကို Dimensions International College ၏ မြန်မာပြည် ရုံး ခွဲဖြစ်သော Dimensions Education Center တွင် ကြိုတင်စာရင်းပေးသွင်း ဖြေဆိုရမည်ဖြစ်သည်။ ပညာသင် ထောက်ပံ့ကြေးရရှိပြီးသော ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းလျှောက်ရန် လိုအပ် သည့် စာရွက်စာတမ်းများ၊ ဝန်ဆောင်မှုများကိုလည်း မြန်မာပြည်ရုံးခွဲမှ (အခမဲ့) စီစဉ် ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

Dimensions International College သည် ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များနှင့် စာရင်းအင်းဆိုင်ရာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိသော နိုင်ငံတကာ အဆင့်မီ ကောလိပ်ကြီးတစ်ခု ဖြစ်ပါ သည်။ နိုင်ငံတကာမှ ကျောင်း သား၊ ကျောင်းသူများစွာ လက်ရှိတက်ရောက် ပညာသင်ကြားနေသော ကျောင်းဖြစ်သည်။ ကျောင်း၏ ထူးခြားချက်မှာ ဘာသာရပ်များကို စာတွေ့ဖြင့်သာမက လက်တွေ့ဖြင့်သာ ပူးတွဲသင်ကြားပေးပြီး ကျောင်း ပြီးပါက အလုပ် သင်များလည်း စီစဉ်ထားရှိပေးသောကြောင့် ၁၀ တန်းအောင်မြင်ပြီး လုပ်ငန်းခွင် အတွေ့ အကြုံမ ရှိသေးသော ကျောင်းသူ၊ ကျောင်းသားများအတွက် အထူးကောင်းမွန်သော အခွင့်အရေးတစ် ရပ်ပင် ဖြစ် သည်။

အသေးစိတ် သိရှိလိုသူများသည် Dimensions Education Center ဖုန်း-၀၉-၄၅၀၀၄၄၁၁၇၊ ၀၉-၄၂၁၀၇၆၈၅၈ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

Internet Journal အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...