Electric Car များကို နေရောင်ခြည်စွမ်းအင်မှ အားဖြည့်ပေးနိုင်မည့် ကားလမ်းများ



Electric Car များကို နေရောင်ခြည်စွမ်းအင်မှ အားဖြည့်ပေးနိုင်မည့် Solar Panel များတပ်ဆင်ထားသည့် ကားလမ်းများ ကို တီထွင်နိုင်ပြီဖြစ်ပါသည်။ Solar Panel များတပ်ဆင်ထားသည့် ကားလမ်းများသည် အနာဂတ်၏ ကားလမ်းများ ဖြစ်သည် ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

တီထွင်သူအဖွဲ့က Indiegogo Web Site တွင် ရန်ပုံငွေ ကောက်ခံလျက်ရှိပါသည်။ သရုပ်ပြဗီဒီယိုတွင် Solar Panel များ တပ်ဆင်ထားသည့် လမ်းသည် 115,000kg အလေးချိန်ကို ခံနိုင်ရည် ရှိသည် ကို ပြသ ခဲ့ပါသည်။ အမေရိကန်လူမျိုးများသည် ၂၀၀၉ ခုနှစ်တွင် 3741 billion kilowatt-hours စွမ်းအင်ကို အသုံးပြုခဲ့သည်ဟု သိရပါသည်။ အမေရိကန်ရှိ လမ်းမအားလုံးကို Solar Panel များတပ်ဆင်မည် ဆိုလျှင် ၂၀၀၉ ခုနှစ်တွင် သုံးစွဲခဲ့သည့် စွမ်းအင်၏ သုံးဆကို ထုတ်လုပ်ပေးနိုင်ပါသည်။

ကားများ မောင်းနှင်နိုင်မှု ကို ခံနိုင်ရည်ရှိသည့် ဖန်ဖြင့် ဖုံးအုပ်ထားမည် ဖြစ်ပြီး ဖန်မျက်နှာပြင်အောက်တွင် စွမ်းအင် ပြောင်းလဲပေးသည့် Panel များကို တပ်ဆင်ထားပါသည်။ လမ်းမများသည် မိုးရေများကို ခံနိုင်ရည် ရှိသည့်အပြင် နှင်းခဲများကို အရည်ပျော်စေရန် အပူပေးနိုင်သည်ဟု သိရပါသည်။

Panel များတွင် LED Lights များတပ်ဆင်ထားသည့် အတွက် ယာဉ်မတော်တဆမှု ဖြစ်ပွားနေလျှင် လမ်းမများတွင် သတိပေး လမ်းညွှန်ချက်များ ရေးသားပြသနိုင်ပါသည်။

အောက်ပါ ဗီဒီယိုများတွင် လမ်းမများ အကြောင်း လေ့လာနိုင်ပါသည်။

https://www.youtube.com/watch?v=SNMFKKyFU60

https://www.youtube.com/watch?v=iKO-sDdJzTw

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...