Federation University Australia မှပေးမည့် MBA Program ကျောင်းဝင်ခွင့်ရရှိသူတိုင်း Tuition Grant နှင့် Laptop



စင်ကာပူနိုင်ငံ Nanyang Institute of Management တွင် တက်ရောက်၍ သြစတြေးလျ Federation University Australia မှ ပေးမည့် MBA ပရိုဂရမ်ကို လျှောက်ထားနိုင်ပြီး ကျောင်းဝင်ခွင့် ရရှိသူတိုင်းကို Tuition Grant စင်ကာပူဒေါ်လာ ၃၀၀၀ နှင့် Laptop ကွန်ပျူတာတစ်လုံး ပေးအပ်မည်ဖြစ်ကြောင်း CROWN Education မှ သိရသည်။

အဆိုပါ MBA ကို မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခု ရရှိထားသူများ လျှောက်ထားနိုင်သည်။ အင်္ဂလိပ်စာ အရည် အချင်း IELTS 6 သို့ TOEFL 550 ရှိရန် လိုအပ်ပြီး Jul Intake အတွက် ဝင်ခွင့် စတင်လျှောက်ထားနိုင် သည်။

ပြည်တွင်းစီးပွားရေး အခွင့်အလမ်းသစ်များကြောင့် မြန်မာကျောင်းသားများအနေဖြင့် ယခုနောက်ပိုင်းတွင် MBA ပရိုဂရမ်များအား ရွေးချယ်သင်ယူမှု ပိုမိုများပြားလာကြောင်း၊ MBA ၏ အားသာချက်မှာ မည်သည့် ပညာရေးဘွဲ့ရရှိထားသူမဆို ဝင်ခွင့်လျှောက်ထားနိုင်ပြီး ယနေ့ခေတ် စီးပွားရေးနှင့် စီမံခန့်ခွဲမှု နယ်ပယ်များ တွင် လက်တွေ့အသုံးချနိုင်သော အဆင့်မြင့် ပညာရပ်များအား ထိတွေ့သင်ယူရခြင်းဖြစ်ကြောင်း သိရ သည်။ နယ်ပယ်မျိုးစုံတွင် စီမံခန့်ခွဲလုပ်ကိုင်နိုင်သော General MBA များကို စိတ်ဝင်စားသူများရှိသလို မိမိစိတ်ဝင်စားသော အထူးပြု ဘာသာရပ် (Oyrm Marketing, Banking and Finance, HR) အား Specialized MBA ရွေးချယ်သူများလည်း ရှိလာကြောင်း CROWN Edcuation တာဝန်ရှိသူတစ်ဦးမှ ပြော သည်။

Federation University Australia သည် သြစတြေးလျ အစိုးရမှ ရန်ပုံငွေ ထောက်ပံ့ ထားသော ကျောင်းဖြစ်ကာ University of Ballarat နှင့် Monash University Gippsland Campus တို့ ပေါင်းစည်းထားသည်။ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၅၀၀၀ ကျော် တက်ရောက် သင်ကြား လျက်ရှိပြီး Teaching Quality, Generic Skills နှင့် Cultural Diversity နယ်ပယ်တို့တွင် ကြယ်ငါးပွင့် အဆင့် ရရှိထားသည်။

United Nations Principles for Management Education (PRME) နှင့် သဘောတူ လက်မှတ်ထိုး ထားသည့်အတွက် Ehtica, Socially Responsible and Sustainable Business နယ်ပယ်များတွင် ဦးဆောင် ဦးရွက် ပြုနိုင်ရန် သင်ကြားပေးကြောင်း သိရသည်။ ACU ac: Association of Commonwealth University အဖွဲ့ဝင် တက္ကသိုလ်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအတွက် လက်တွေ့အသုံးတည့်သော ဘာသာရပ်များကို ပို့ချကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက CROWN Education အမှတ် ၂၇၀၊ ပထမထပ်၊ အခန်း1B မြေနီကုန်း၊ ပြည်လမ်း၊ ဒဂုံစင်တာ ၂ နှင့် ဓနလှိုင်တာဝါကြား၊ ဖုန်း-၀၉-၇၃၀၄၀၆၈၈ နှင့် ၀၉-၇၃၂၇၃၂၇၇ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။

Internet Journal အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...