iOS 7.1.1 အတွက် Jailbreak Release အလားအလာ...

လူသိများတဲ့ hacker တွေဖြစ်တဲ့ i0n1c နဲ့ winocm တို့က iOS 7.1.1 jailbreak နဲ့ ပတ်သက်တဲ့ သတင်းတွေကို သူတို့ရဲ့ လူမှုရေးဝပ်ဆိုဒ်တွေမှာ သီခြားစီ ဖော်ပြထားတာကို တွေ့ရပါတယ်...

i0n1c (ခေါ်) Stefan Essar က jailbreak လုပ်ထားတဲ့ iOS 7.1.1 နဲ့ run ထားတဲ့ iPhone 5c ဓါတ်ပုံကို သူ့ရဲ့ Twitter စာမျက်နှာမှာ တင်ထားပြီး... winocm ကတော့ iPhone 4 (iOS 7.1.1) ကို jailbreak လုပ်နေတဲ့ အချိန် ၅ မိနစ်ကြာ video file တခုကို post လုပ်ထားပါတယ်...

Winocm က jailbreak နဲ့ ပတ်သက်ပြီး ရေးထားတာကတော့....

Oh yeah, this is iOS 7.1.1 untethered if you didn’t notice earlier. (iPhone 4 GSM though, don’t want to mess with any other devices that I have. Would work elsewhere… if you put in the effort. ジ)

Winocm ရဲ့ iOS 7.1.1 untethered jailbreak ဗွီဒီယိုဖိုင်လ် ကြည့်ရန်...


i0n1c (ခေါ်) Stefan Essar က သူ့ရဲ့ twitter မှာ post လုပ်ထားတာကတော့...


http://twitter.com/i0n1c/status/467817386524307456/photo/1

I just leave this here ...
7:02 AM - 18 May 2014

BTW it is Sunday
7:06 AM - 18 May 2014

That iOS 7.1.1 jailbreak is not based on a long vulnerability chain. It uses a single beautiful kernel bug that goes from mobile to kernel.
7:15 AM - 18 May 2014

ဒါကတော့ jail-breaker users တွေအတွက် သတင်ကောင်းပေါ့ဗျာ...

သံသယရှိတာက ဒီ iOS 7.1.1 jailbreak ကို သူတို့ (i0n1c နဲ့ winocm)က idevice users တွေထံ release လုပ်ပါ့မလားဆိုတဲ့ အချက်ပါ... အကြောင်းရင်းကတော့ i0n1c အနေနဲ့ jailbreaking community ကို သူ့ရဲ့ မနှစ်လိုမှုတွေ မကြာခနဆိုသလို ဖော်ပြနေပြီး... winocm ကတော့ မကြာခင်အချိန်ကာလမှာ Apple နဲ့ အလုပ်အတူလုပ်ဖို့ စီစဉ်ထားကြလို့ပါပဲ....

သူတို့အနေနဲ့ release လုပ်မလုပ် မသေချာသေးတဲ့အတွက် ဒီအတောအတွင်း အခြားဆိုဒ်တွေ (အခွင့် အရေးသမားတွေ)ကနေ iOS 7.1.1/7.1 jailbreak နဲ့ပတ်သက်ပြီး ရိုက်စား(scam) လုပ်လာကြမှာကို လည်း သတိထားကြဖို့ အကြံပြု ထားပါတယ်...

နောက်ဆုံးမှာတော့... users တွေအနေနဲ့ iOS 7.1.1  jailbreak အတွက် မျှော်လင့်ချက်တွေ မစွန့်လွှတ်သေးပဲ... တကယ် release လုပ်၊ မလုပ် ဆိုတာကို စောင့်ကြည့်ဖို့ပါပဲ......။


ref;iPhonehacks/ idownloadblog

By ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...