စင်ကာပူနိုင်ငံရှိ MDIS မှ ဘာသာရပ် အသစ်များကို ဇွန်နှင့် ဇူလိုင်လ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်မည်


photo;eng.open-world.ru

Management Development Institute of Singapore (MDIS) တွင် ယခုနှစ်မှ စတင်ဖွင့် လှစ်လိုက် သည့် ဘာသာရပ်အသစ်များ၏ ကျောင်းဖွင့်ချိန်များကို ဇွန်လနှင့် ဇူလိုင်လတွင် တက်ရောက်နိုင်ရန်အတွက် STUDY ABROAD Information Centre မှတဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇွန်လတွင် တက်ရောက်နိုင်မည့် ဘာသာရပ်များအနေဖြင့် စီးပွားရေး ဘာသာရပ်ကို စိတ်ပါဝင်စားသူများ အတွက် MBA In Banking & Finance နှင့် MBA in International Marketing တို့ကို တက်ရောက်နိုင် မည် ဖြစပြီး ဘွဲ့ဒီဂရီများကို UK ရှိ Bangor University မှ ပေးအပ်သွားမည် ဖြစ်သည်။ ဆေးပညာ ဘာသာ ရပ်များကို စိတ်ပါဝင်စားသူများအတွက် Master of Science in Health Sciences (Management) ဘာသာရပ်ကို တက်ရောက်နိုင်မည်ဖြစ်ပြီး Northumbria University (UK) မှ ပေးအပ်မည့် ဘွဲ့ကို ရယူနိုင်မည် ဖြစ်သည်။

ဇူလိုင်လတွင် တက်ရောက်နိုင်သော ဘာသာရပ်များအနေဖြင့် စီးပွားရေးဘာသာရပ်ကို စိတ်ပါဝင်စားပါက Bachelor of Science (Hons) in Business Studies and Finance နှင့် Bachelor of Science (Hons) in Banking and Finance တို့ကို တက်ရောက်နိုင်မည်ဖြစ်ပြီး UK ရှိ Bangor University မှ ပေးအပ် သွားမည် ဖြစ်သည်။ Tourism ဘာသာရပ် ကို စိတ်ပါဝင်စားပြီး ဘွဲ့လွန်ဒီဂရီ တက်ရောက်လိုသူများ အနေဖြင့် Master of Science Tourism and Hospitality ဘာသာရပ်ကို တက်ရောက်နိုင်မည်ဖြစ်ပြီး University of Sunderland (UK) မှ ပေးအပ်မည့် ဘွဲ့ကို ရယူနိုင်မည်ဖြစ် သည်။ ကျောင်းတက်ရောက် လိုသူ ကျောင်းသူ၊ ကျောင်းသားတို့ အသေးစိတ် သိရှိလိုပါက STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက် အေ၊ ၁၁ လွှာ၊ အခန်းအမှတ် ၁၁၀၃၊ ပြည်လမ်း (မေတ္တာဦး ဆေးခန်းအနီး)၊ ကမာရွတ်မြို့နယ်၊ ဖုန်း-၀၉-၅၁၅၁၀၀၈ နှင့် ၀၉-၇၃၂၄၂၄၀၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်။

သန္တာ
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...