ပွဲဆူနေတဲ့ ထိုင်းအလှမယ် - Miss Universe Thailand 2014

ထိုင်းနိုင်ငံမှာ ရွေးချယ်လိုက်တဲ့ အခု ၂၀၁၄ ခုနှစ်အတွက် Miss Universe Thailand သရဖူဆုရှင် အသက် ၂၂ အရွယ်သရုပ်ဆောင်၊ တီဗွီအစီအစဉ်တခုက ကြေညာသူ မစ္စဖိုင်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေက အတော်ဆူညံ နေပါတယ်။


ဓာတ်ပုံ- ဘန်ကောက်ပို့စ်

သူဟာ အခြားပြိုင်ဘက်တွေထက်စာရင် နည်းနည်း ဝတာကြောင့် လူမှုကွန်ရက်တွေသာမက နာမည်ကြီး ဝက်ဆိုက်တချို့မှာပါ တိရိစ္ဆာန်နဲ့ ခိုင်းနှိုင်းပြောဆိုတာတွေ ရှိလာနေပါတယ်။ တချို့ ဝေဖန်မှုတွေက သူရတဲ့ သရဖူဆုကိုပါ စွန့်လွှတ်သင့်တယ်ဆိုတာမျိုးထိ ပြင်းထန်ပါတယ်။

ဒိုင်လူကြီးတွေဟာ မသမာတဲ့ ရွေးချယ်မှု လုပ်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ကျယ်လောင်နေပါတယ်။

ကာယကံရှင် ဖိုင်ကလည်း သူက ဝတယ်ဆိုတာ ဝန်ခံ ပြောကြားပြီး ထိုင်း နိုင်ငံ ကိုယ်စားပြု ရွေးချယ်ခံရတဲ့ Miss Universe Thailand သရဖူဆုရှင်အနေနဲ့ နိုင်ငံတကာ အလှမယ် တွေကြား အကောင်းဆုံး ယှဉ်ပြိုင် သွားဖို့ တာဝန်ကို သူ ကျေပွန်စွာ ထမ်းဆောင်ပါမယ်လို့ ပြောဆိုထားတာကို ဘန်ကောက်ပို့စ် သတင်းတခု မှာလည်း ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက Miss Universe Thailand သရဖူဆုရှင်ရဲ့ အလှ ဘယ်လို ရှိမယ်ဆိုတာနဲ့ သူတို့ ဘယ်လို
ရွေးချယ် ခဲ့ကြတယ်ဆိုတဲ့ ဗီဒီယိုကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

















အိမ့်သံစဉ် ~
ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...