MTV ကို ရသစုံအောင် ဖန်တီးနေတယ်ဆိုတဲ့ နန်းဆုရတီစိုး


ခိုင်ဇာသွင်

သူငယ်ချင်း ဖြစ်သူ ဆိုတေး၏ ရဟန်းခံ ပွဲကို ရောက်ရှိ လာသည့် နန်းဆုရတီစိုး က “ရှေ့ဆက်သွားမှာပဲ” ဆိုသည့် MTV ကို အားစိုက်ပြီး ရိုက်ကူး နေကြောင်း ရသစုံအောင် လည်း ရိုက်ကူးသွား မည် ဖြစ်ကြောင်း ပြောသည်။ သီချင်း တစ်ပုဒ်တိုင်းကို သေသေ ချာချာလေးနဲ့ ထူးခြားတာလေးတွေကို ဆန်းသစ်တဲ့ ပုံစံလေးတွေ နဲ့တော့ လုပ်ထားပါ တယ်။ Story ပုံစံဇာတ်လမ်းတို ပုံစံလေးတွေ လည်းပါ တယ်။ MTV ကို ရသစုံ အောင်လေး ဖြစ်အောင်လို့ ကြိုးစားထားပါတယ်။နန်းဆု အလုပ်ကို အမြဲတမ်းစေ တနာ မေတ္တာထားပြီး လုပ်ထားပါတယ်။ အဲဒါကြောင့် Audio တုန်းက ထက် ပိုပြီး တာဝန်ကြီးတာကို သိပါ တယ်။ အရင်ကွာလတီ ထက်ကောင်းအောင် လုပ်မယ်။ သုံးပုဒ်တော့ ရိုက်ပြီးသွားပြီ။ နန်းဆုက ဇာတ်လမ်း တို ပုံစံလေးတွေနဲ့ ရိုက်တာဆိုတော့ ဘယ်အချိန်မှာနေ တစ်ပုဒ်တည်း ကို လူအင်အား (၆၀) ကျော်လောက် သုံးပြီး ရိုက်ထားတာ၊ သေသေချာချာအပင်ပန်းခံပြီး လုပ်ထားပါတယ်။ အဲဒီအတွက် ပရိသတ် လက် ထဲ ရောက်ဖို့တော့ အချိန်နည်းနည်း လေးတော့ ကြာပါလိမ့်မယ်။ နန်းဆုက MTV အတွက်ကို အားစိုက်ပြီး လုပ်နေတာ ဆိုတော့ တခြားအနုပညာ အလုပ်တွေ ကို တော့ သိပ်မလုပ်ဘူး။ ဒါကိုပဲ ဦးစားပေး လုပ်နေ တယ်။ MTV မလုပ်တဲ့ အချိန်တွေ မှာတော့ တစ်ခြားအလုပ်တွေ လက်ခံထားတာ ရှိပါတယ်။ ကားရိုက် လက်ခံထားတာလည်း ရှိပါတယ်””ဟု နန်းဆုရတီစိုးက ပြောပြခဲ့ သည်။ နန်းဆုရတီစိုးသည် “ရှေ့ဆက် သွားမှာပဲ” Audio CD ကို ထုတ်ခဲ့ပြီးနောက် ယခု အခါ MTV အတွက် ရိုက်ကူးပုံဖော်နေကြောင်း သိရ သည်။

The Messenger
-------------------------------------------------
Good Luck... ကိုမျိုး
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...