Sony က 185TB သိမ်းဆည်းနိုင်သည့် Cassette Tape ကို တီထွင်



Cassette Tape များကို အသုံးပြုမှုနည်းပါးလာသော်လည်း သုံးစွဲနေသည့် နယ်ပယ်များ ရှိနေသည် ဟု သိရပါသည်။ Tape များသည် ဈေးသက်သာသည့် အတွက် အစိုးရ အေဂျင်စီများ နှင့် ကော်ပိုရေးရှင်းများ က သိမ်းဆည်းမှု ပမာဏများပြားသည့် Tape များကို Record ပြုလုပ်ရန် အသုံးပြုနေကြပါသည်။ Tape များ သည် Disk Storage များထက် ဈေးသက်သာရုံသာမက သယ်ယူရလွယ်ကူပါသည်။ ယခုအခါ Sony က တစ်လက်မ ပတ်လည် လျှင် (18.5)GB သိမ်းနိုင်သည့် Magnetic Tape တစ်မျိုး ကို တီထွင်လိုက်ပါသည်။ ၂၀၁၀ ခုနှစ် တွင် IBM က မှတ်တမ်းတင်နိုင်ခဲ့သော သိမ်းဆည်းမှုပမာဏ စံချိန် ထက် ငါးဆ မြင့်မားပါ သည်။ Sony ၏ Tape သည် ယနေ့ အသုံးပြုနေကြသည့် Tape များထက် သိမ်းဆည်းနိုင်မှုပမာဏ မှာ (၇၄) ဆ ကြီးမားပါသည်။ Tape တစ်ခုတွင် စုစုပေါင်း ဒေတာ ပမာဏ (185)TB အထိ သိမ်းနိုင်ပါသည်။ Sony က အဆိုပါ Tape များ ကို ရောင်းချခြင်းမရှိသေး ဟု သိရပါသည်။

Magnetic Tape Storage ၏ နောက်ဆုံးမျိုးဆက်ဖြစ်သည့် LTO-6 (Linear Tape-Open) သည် တစ်လက်မ ပတ်လည်လျှင် (0.25)GB သာ သိမ်းဆည်းနိုင်သည် ကို နှိုင်းယှဉ် သိရှိနိုင်ပါသည်။ Sony က ဂျာမနီနိုင်ငံ တွင် မေလ(၄) ရက်နေ့ ၌ ကျင်းပပြုလုပ်နေသည့် အပြည်ပြည်ဆိုင်ရာ Magnetics Conference တွင် သူ၏ နည်းပညာ ကို ကြေညာမည် ဖြစ်သည်။ Tape Storage Council ၏ ပြောကြားချက်အရ Tape ရောင်းချရမှု သည် ၂၀၁၂ ခုနှစ် တွင် (၁၃) ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၁၃ ခုနှစ် တွင် (၂၆) ရာခိုင်နှုန်း တိုးတက်လာသည် ဟု သိရပါသည်။

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...