Star Filter တစ်ခု ပြု လုပ်နည်း

စကားဦး

သစ်ပင်၏ အရွက် အကြို အကြား ၊ နံရံ ပေါက်များမှ ဖေါက်ထွက် ဖြာဆင်းလာသည့် နေရောင် ချည်တန်းကို ကျွန်တော် သာမန် Lens ဖြင့် အခြေအနေ အမျိုးမျိုး တွင် အကြိမ်များစွာ ရိုက်ပါသော်လည်း လှပစွ ဖြာ ထွက်နေသည့် ရောင်ချဉ် (Ray) ကို လိုသလို မရခဲ့ပါ။ သို့ နှင့် လှပစွာ ဖြာထွက်နိုင်သည့် Star Filter ၀ယ်ရန် လေ့လာရင်းကနေ ဆောင်းပါးရှင် Stefan Sumabojov ရေးသားထားသည့် “ Making a DIY Star Filter “ ဆိုသည့် ဆောင်းပါးကို တွေ့လိုက်မိပါသည်။ လုပ်ပုံလုပ် နည်းကလည်း ခက်ရာခဲဆစ် မဟုတ်သည့် အတွက် အဆိုပါဆောင်းပါးကို ပင်မအဖြစ်ထား၍ ဘာသာပြန်ပြီး အချို့ကိုဖြည့်စွက် ရေး သားကာ ပြန်လည်မျှဝေလိုက်ပါသည်။

Star Filter ကြောင့် ဖြာ ထွက်လာသည့် အလင်းတန်း။



အထက်ပါ ပုံကိုကြည့်ပါက နေလုံး နေရာတွင် ကြယ်ပုံ ရောင်ပြန်များ စိတ်ဝင်စားဘွယ်ရာ ဖြာ ထွက်နေ သည်ကို တွေ့ရပါမည်။ စင်စစ် အားဖြင့် Filter က ရိုက်ကွက် Frame အတွင်းရှိ အလင်းရောင် အတောက် ပဆုံးသော နေရာတွင် Star Patterns ( ကြယ်ပုံ) ဖန်တည်း ပေးလိုက်ခြင်း ကြောင့် ဖြစ်ပါသည်။ နေရောင် ချည် ၊ ကားမီးရောင် ၊ လမ်း မီး ၊ စသည့် ပတ်ဝန်းကျင် ထက် ပို၍ တောက်ပသည့် မည်သည့် အလင်းရောင် ကို မဆို Star Filter က အထက်ပုံပါ ကဲ့သို့ ရောင်စဉ် တန်း ဖြာနေသည့် ပုံကို ဖန်တည်း ပေးပါ လိမ့်မည်။

Star အလင်းတန်း မည်မျှ ပေါ်မည် ဆိုသည်မှာမူ Star Filter အမျိုး မျိုး ၏ တည်ဆောက်ထားသည့် Pattern ပေါ်တွင် မူတည်ပါသည်။ ဥပမာအား ဖြင့် အချို့ က 4-Satr Point ဖြစ်ပြီး အချို့ မှာ 6-Star Point, 8-Star Point စသည် ဖြင့် ရှိကြ ပါသည်။ Star Filter တန်ဘိုးများမှာလည်း အမေရိကန်ဒေါ်လာ ၁၀ တန် Zomei - 77mm, 6-Point Star Filter မှ အစ အမေရိကန် ဒေါ်လာ ၁၀၀ ခန့် တန်ဘိုးရှိသည့် 77mm, Tiffen 6-Point Star Filter အထိ တန်ဘိုးအသီးသီး ရှိပါသည်။


Tiffen, 77mm 6-Point Star Filer

အထက်ပါ Tiffen Filter ၏ ပုံကို သေခြာ စွာ ကြည့်လျှင် မှန်သားပြင်ပေါ်တွင် Star Effect ဖြစ်ပေါ်စေ မည့် ခြစ်ရာ အစင်း များကို မြင်နိုင်ပါသည်။ အောက်တွင် ဖေါ်ပြမည့် Star Filter လုပ်နည်းမှာလည်း ထို အချက်ကိုပင် အခြေခံ ပြု လုပ်မည်သာ ဖြစ်ပါသည်။ 

Zomei , 77mm, 6-Point Star Filter.

Star Filter တစ်ခု ပြု လုပ်ရန် လိုအပ်သည့် ပစ္စည်းများ။



လိုအပ်သော ပစ္စည်းများမှာ အထက်ပါပုံတွင် ပြထားသည့် -

၁- ပလတ်စတစ်အမာ အကြည်အပြား ၊ ကြည်လင်မှု ရှိလေ ပိုကောင်း လေ ဖြစ်ပါသည်။
၂- ပင်အပ်။
၃- ပေတန်။
ယင်းတို့သာ ဖြစ်ပါသည်။

အဆိုပါ ပလတ်စတစ် အကြည့်ပြားကို CD ထည့်သည့် အိမ် ( Case) ၏ အပြင် အကြည်ခွန်ကို သုံးလျှင် အလွယ်ဆုံး ဖြစ်ပါသည်။

CD ထည့်သည့် Case ၏ အပြင်အကြည်ခွန်။

Star Filter လုပ်ရန်မှာ အောက်ပါ ပုံတွင် ပြထားသည့် အတိုင်း ပလပ်စတစ် ပြားပေါ်တွင် ပေတန်ဖြင့် တားကာ အစင်းကလေးများကို ပင် အပ်ဖြင့် ခြစ်ပေး ရမည် ဖြစ်ပါသည်။



မည် ရွေ့ မည်မျှ ခြစ်ရမည် ဆိုသည်မှာမူ Star Patten မည်သို့ လိုအပ်သည် အပေါ်တွင် တည်ပါသည်။

ပလတ်စတစ် ပြားပေါ်တွင် ပင်အပ် ဖြင့် ခြစ်ပေးရမည့် ခြစ်ကြောင်းများမှာ အောက်တွင် ပြထားသည့် ပုံပါ အတိုင်း ဖြစ်ပါသည်။



ခြစ်ကြောင်း လိုင်းများ၏ အမျိုးအစားများမှာ -

- ရေပြင်ညီလိုင်း၊
- ဒေါင်လိုက်လိုင်း၊
- ဒေါင့်ဖြတ် ဘယ်၊
- ဒေါင့်ဖြတ် ညာ၊

စသည့် လိုင်းများ ဖြစ်ပါသည်။ အထက်ပါပုံတွင် လိုင်း များကို မြင်သာစေရန် အကြီးချဲ့ကာ ပြထားပါသည်။

အောက်ပါ ပုံမှာ ပလတ် စတစ် အကြည်ပြားကို မည်သည့် ခြစ်ကြောင်းမှ မရှိသေးဘဲ ရိုက်ကွက် ထဲရှိ အတောက်ပဆုံး Light Source ကို ကြည့်ပါက မြင်ရမည့် အလင်းရောင် ( Light Source) ၏ပုံ ဖြစ်ပါ သည်။ Light Source တွင် မည်သည့်ရောင်စဉ်တန်းမှ မရှိဘဲ အ၀ိုင်းကလေးကိုသာ မြင်ရမည် ဖြစ်ပါ သည်။



အဆိုပါ ပလတ်စတစ် ပြားကို ခြစ် ကြောင်း လိုင်းများ လိုင်း ဆွဲလိုက်ပါက လိုင်းတစ်ခုခြင်းစီက ပေး မည့် Star ၏ အလင်း တန်း Effect နှင့် လိုင်း လေး ခု စလုံးပေါင်း လိုက်ပါက ပေါ်ထွက်လာမည့် Star Effect အလင်းတန်းကို အောက်တွင် တစ်ခု ခြင်း ရှင်းပြပါမည်။

(၁) ရေပြင်ညီအတိုင်း ခြစ်သည့် ခြစ်ကြောင်း။

ဤကဲ့သို့ ရေပြင်ညီအတိုင်း ခြစ်ကြောင်းများ ခြစ်လိုက်ပါက အောက်ပါပုံတွင် ပြထားသည့် Star Pattern ပေါ်လာ ပါလိမ့်မည်။



Light Source သည် မူလအ၀ိုင်း ကလေးမှ ဘေး နှစ်ဘက်သို့ ဖြာထွက် နေသည်ကို မြင် နိုင်ပါသည်။

(၂) ဒေါင်လိုက် ခြစ်သည့် ခြစ်ကြောင်း။

အောက်ပါပုံကဲ့သို့ ဒေါင်လိုက် ခြစ် ကြောင်းများ ခြစ်လိုက်ပါလျှင် ပေါ်လာမည့် Star Pattern သည်အောက် ပါ ပုံ အတိုင်း ဖြစ်ပါမည်။



Light Source သည် အထက်အောက် နှစ်ဘက်သို့ ဖြာထွက် နေသည်ကို မြင် နိုင်ပါသည်။

(၃) ဒေါင့်ဖြတ် များကို ဘယ်-ညာ ခြစ်ကြောင်း။

အဆိုပါ ပလတစတစ် ပြားကို ဒေါင့် ဖြတ် ခြစ်ကြောင်းများ ခြစ် လိုက်ပါက ထွက်ပေါ်လာမည့် Star Effect သည် အလင်းတန်း လေးခု ဖြာထွက် လာမည်ကို အောက် ပါပုံအတိုင်း တွေ့ရပါမည်။



Light Source သည် ဒေါင့်ဖြတ် လေးဘက်စလုံးသို့ ဒေါင့်ဖြတ် ဖြာထွက် နေသည်ကို မြင် နိုင်ပါသည်။

(၄) ထောင့်ဖြတ် ခြစ်ကြာင်းများ နှင့် ရေပြင်ညီ ခြစ်ကြောင်းများ ပေါင်းစပ် ခြင်း။

အထက်ပါ ထောင့် ဖြတ် ခြစ်ကြောင်းများကို ရေပြင် ခြစ်ကြောင်း ပေါင်းစပ်လိုက်ပါက Star Effect သည် ခြောက် ထောင့် ဖြာထွက်လာပါ လိမ့်မည်။



Light Source သည် ဒေါင့်ဖြတ် လေး ဘက် စလုံး အပြင် ဘေး ဘယ်-ညာ ၊ မျက်နှာ (၆) ရပ် သို့ဖြာ ထွက် နေသည်ကို မြင် နိုင်ပါ သည်။ 

(၅) ထောင့်ဖြတ် ခြစ်ကြာင်းများ ၊ ရေပြင်ညီ ခြစ်ကြောင်း နှင့် ဒေါင်လိုက် ခြစ်ကြောင်းများ ထပ်မံ ပေါင်း စပ်ခြင်း။

ထောင့်ဖြတ် ခြစ်ကြာင်း များ ၊ ရေပြင်ညီ် ခြစ်ကြောင်း များ ကို ဒေါင် လိုက် ခြစ်ကြောင်း ဖြင့် ထပ်မံ ပေါင်းစပ် လိုက်ပါက Star Effect သည် အောက်ပါ ပုံ အတိုင်း (၈) ထောင့် ဖြာ ထွက်လာ သည် ကို တွေ့ ရ ပါ လိမ့် မည်။



Light Source သည် ဒေါင့်ဖြတ် လေး ဘက် စလုံး အပြင် ဘေး ဘယ်-ညာ ၊ အထက်အောက် မျက်နှာ (၈) ရပ် သို့ဖြာထွက် နေသည်ကို မြင် နိုင်ပါသည်။

ဤ Star Filter သည် ကင်မရာတွင် သာမက Video ကင်မရာတွင်ပါ သုံးနိုင်ပါသည်။

အထက် ပါ နည်းမှာ Star Filer တစ်ခု ပြုလုပ်နည်း သာမက Satr Filter တစ်ခုသည် အဘယ် ကြောင့် ဤ ကဲ့ သို့ ရောင်စဉ်များ ဖြာထွက် လာအောင် လုပ်ဆောင် ပေး သည်ကို ပါ ပြသခြင်း ဖြစ်ပါသည်။

အထက်ပါ အတိုင်း ပြုလုပ်ပြီးသည့် ပလပ်စတစ် ပြားကို လေးထောင့် အတိုင်း Lens တွင် Tape ဖြင့် ကပ်၍ သော် လည်းကောင်း မိမိ အသုံးပြုမည့် Lens Filter Ring ( မှန် အလွတ် ) ကို ၀ယ်ယူကာ လိုင်းဆွဲ ထားသည့် ပလတ်စတစ်ပြား ကို Lens Filter Ring အတိုင်းအထွာ အတိုင်း ၊ တိုင်းထွာ ဖြတ် တောက်ကာ Lens Filter Ring တွင် တပ်ဆင် ခြင်းဖြင့် သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ဤ Star Filter လုပ်နည်း သည် ရှေးယခင် ထည်းက ဓါတ်ပုံ သမားများ တွင်ကျယ်စွာ သုံးစွဲ ခဲ့ကြသည့် နည်း ဖြစ်ပါသည်။


Star Filter အမျိုးမျိုး ၏ပုံများ။

အောက်ပါ ပုံများမှာမူ မိမိကိုယ် တိုင်လုပ်သည့် DIY Filter များမှ ထွက်လာသည့် ပုံများ မဟုတ်ကြဘဲ ဈေး ကွက် အတွင်းရှိ Star Filter များ ၏ ရောင်စဉ် အနည်းအများအလိုက် ထွက်လာသည့် ပုံများ ဖြစ်ကြပါ သည်။ Star အမျိုးမျိုး၏ ရောင်စဉ် ဖြာထွက်သည့် ပုံများကို နမူနာ ပြ ခြင်း ဖြစ်ပါသည်။


Two Stars Filter


Four Stars Filter


Six Stars Filter


Star Hollywood.


Star Hyper.


Star North.


Star Vector.


Star Vector Picture.

Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...