Steel Wool Photography အကြောင်း သိကောင်းစရာ
စကားဦး
ယခင် ရေးခဲ့သည့် Light Painting Photography ဓါတ်ပုံ ပညာ ရပ်ဆိုင်ရာ မှတ်စုတွင် ပန်းချီရေး သကဲ့သို့ လက်ဖြင့် ရေးဆွဲသည့် Light Painting ၏ မူကွဲတစ်မျိုး ဖြစ်သည့် Steel Wool အကြောင်း ရေးရန် ကျန်နေခဲ့ ပါသည်။ Steel Wool Photography မှာ မီးဖိုချောင်များတွင် အိုးမဲများကို တိုက်ချွတ်သည့်အခါ သုံးသည့် Steel Wool Sponge ဟုခေါ်သော သတ္တု အမျှင်များကဲ့သို့ သော သတ္တု အမျှင်များကို မီးရှို့ကာ ဝှေ့ ရမ်း ခြင်း ဖြင့် ဆန်းပြားသည့် ပုံအမျိုးမျိုး ဖန်တည်းသည့် နည်းတစ်ခု ဖြစ်ပါသည်။ သို့ သော် မီးဖို ချောင်သုံး Steel Sponge ကိုမူ သုံး၍မရပါ။
ယခု ရေးသားမည့် Steel Wool မှာမူ မီး ဖို ချောင်သုံး Steel Wool ကဲ့သို့ မကြမ်း လှပါ။ အနုစား ဖြစ်ပါ သည် အတန်းစား အဆင့်ဆင့် ရှိပါသည်။ စင်စစ် အားဖြင့် အဆိုပါ Steel Wool သည်လည်း ဆေး များ ချေး များ တိုက် ချွတ်သည့် နေရာ အမျိုးမျိုး တွင် သုံးသည့် အရာ သာ ဖြစ်ပါသည်။ သို့ရာတွင် ယင်းကို မီး ရှို့ လျှင် မီး လောင်ပါ သည်။ မီးလောင်သည် ဆိုရာတွင် သတ္တု အမျှင်များ မီး ရဲ လာခြင်းသာ ဖြစ်ပါသည် မီးတောက် ( Falme ) မဟုတ်ပါ။ ၄င်းကို မီး ရှို့ ကာ အဆိုပါ Light Source ကို ပုံ အမျိုးမျိုး ဝှေ့ ရမ်း လှုပ် ရှား ခြင်း ကို ဓါတ်ပုံ ရိုက်ခြင်း ဖြင့် ဆန်း ကျယ်သည့် ပုံ များ ရ ရှိလာ သဖြင့် Steel Wool Phptography ဟု သီးးခြား ခေါ် လာ ကြခြင်း ဖြစ်ပါသည်။ Light Painting မှာ Light Soure အမျိုးမျိုး ဖြင့် ပန်းချီးရေးသကဲ့ သို့ လိုရာပုံကိုရေးဆွဲခြင်း ၊ ပုံသဏ္ဍာန် များဖေါ်ခြင်း ဖြစ်ပြီး Steel Wool Painting မှာမူ ရုပ်ပုံအတိအကျ ရေး ဆွဲ ခြင်းမဟုတ်ဘဲ Pattern များကို ဖန်တည်း ခြင်းသာ ဖြစ်ပါသည်။
Steel Wool အတန်းအစား အမျိုးမျိုး နှင့် အသုံး ပြု မှု။
Steel Wool အလိပ်တစ်လိပ်၏ ပုံ။
Steel Wool သည် သေးငယ်လှသည့် Steel သတ္တု အမျှင်ကလေးများသာ ဖြစ်ပါသည်။ အဓိက အသုံးပြု သည်မှာ ချေးချွတ်သည့် နေရာတွင် သုံး ခြင်း ဖြစ်ပါသည်။
အထက်ပါ Steel Wool အမျိုး အစား များ အနက် ယေဘူ ယျ အားဖြင့် နူးညံ့ သည့် အဆင့် များဖြစ်သော Medium Fine -00 မှ Super Fine – 0000 အဆင့် များကို Steel Wool Photography အတွက် သုံး လေ့ ရှိကြသည်ကို တွေ့ရပါသည်။ Medium Fine -00 အဆင့်သည် Super Fine – 0000 နှင့် နှိုင်းယျဉ် လျှင် အတန် အသငိ့ အမျှင် ပိုထူ ကာ မီးလောင်နှုန်း နှေး ပါသည်။ Super Fine – 0000 မှာ မူ မီးလောင်နှုန်း ပို၍ မြန်ပါသည်။
Steel Wool Photography အတွက် လိုအပ်သည့် ပစ္စည်းများ။
အထက်ပါ ပုံတွင် Steel Wool အလိပ်၊ Steel Wool ထည့် ကာ မီးရှို့ ရန် မွှေတန် ( Whisk) ၊ Steel Wool ကို ဖြတ်ရန် Cutter ၊ မီးရှို့ ထားသည့် Steel Wool ထည့် ထားသော မွှေတန် ( Whisk ) ကို ချည် ကာ ဝှေ့ ရမ်းရန် သံ ကြိုး ၊ Steel Wool ကို မီးရှို့ ရန် မီးချစ် ၊ မီးလောင်နေသည့် Steel Wool ကို ဝှေ့ ရမ်း ရာတွင် မီးဖွားများ ကို ကာကွယ်ရန် ထီး စသည် တို့ ဖြစ်ပါသည်။ Steel Wool ကို မီးရှို့ ရာတွင် 9V ဘက်ထရီ နှင့် လည်း ရှို့ ၍ ရပါသည်။ 9V ဘက်ထရီ ၏ Positive- Negative ငုတ် နှစ်ခု မှာ တစ်ဘက်ထည်း တွင် ဖြစ် သောကြောင့် ဘက်ထရီ နှင့် Steel Wool ကို တို့ လိုက်လျှင် Electric Short Circuit ဖြစ်ကာ Steel Wool ကိုမီးလောင် စေခြင်း ဖြစ်ပါသည်။
Steel Wool ထည့်ရန် အိမ် (Housing) ပြုလုပ်နည်း။
Stell Wool ထည့်ရန် မွှေတန် ( Whisk ) မရှိပါက Stell Wool ထည့် သည့် Housing ကို အောက်ပါအ တိုင်း ပြုလုပ် နိုင်ပါသည်။
၁။ Stell Wool အပူ ရှိန် ကိုခံ နိုင်သည့် သံဇကာ အကျဲ ကို အောက် ပါအတိုင်း ဒေါင့်များ ဖြတ်ပါရန်။
၂။ ဒေါင့်များကိုခေါက်ကာ လေးဒေါင့် ခြင်းကလေး ဖြစ်လာရန် ချိုးပါ။
၃။ အောက်ပါ ပုံ အတိုင်း လေးဒေါင့် အဖုံး တစ်ခု ချိုးပါ။
၎။ ပုံ ပါအတိုင်း လေးဒေါင့် အဖုံး ကို အောက်ခံ အိမ် တွင် တပ် ပါ။ ဆက်သည့် နေရာ များကိုကြေးနန်း ဖြင့် ချီပါ။
၅။ အောက်တွင် ပြထားသည့် Stell Wool သည် 0000 အဆင့် ရှိ အနူးညံ့ ဆုံး အမျိုး အစား ဖြစ်ပါသည်။ ယင်းကို Housing ထဲ ထည့် ကာ ဝှေ့ ရမ်း မည့် ကြိုး ဖြင့် ချီပါ။
၆။ ဝှေ့ရမ်းရာတွင် အလေးချိန် စီး နေစေရန် Housing အနီးတွင် အလေး ( Weight )တစ်ခု ထည့် ပေးပါ။
ထိုအချိန် တွင် အသုံးပြုရန် အသင့် ဖြစ်နေသည့် Stell Wool Housing တစ်ခု ဖြစ်လာပြီ ဖြစ်ပါသည်။
အန္တရာယ်ကင်းရေးအတွက် ပြင်ဆင်ခြင်း။
၁။ Steel Wool ကို မီးတို့ လိုက်ပြီး မီးလောင် အားကောင်း လာလျှင် မီးဖွား များ ပေါက်ထွက် လာပါသည်။ ထို့ ကြောင့် Steel Wool ဓါတ်ပုံရိုက် မည့် နေရာ သည် မီးလောင်စာ မရှိသည့် လူသူ ကင်းဝေးသည့် နေ ရာ ဖြစ်သင့်ပါသည်။ မိုးရွာ ပြီးစ စိုစွတ် သော နေရာ ဆိုက ပို ကောင်းပါသည်။
၂။ မီးလောင်ခြင်းကို ငြိမ်းသတ်ရန် မီးသတ်ဆေးဘူးငယ်၊ ရေစိုအ၀တ် စသည်တို့ကို ဆောင် ထားသင့် ပါသည်။
၃။ မီးလောင် နေသည့် Steel Wool ကို ဝှေ့ရမ်းမည့် သူအနေနှင့် မီးဖွားများ ကျလာခြင်းကို ကာကွယ် ရန် ရေစို မိုးကာ ၊ ရေစို ဦးထုတ်တို့ စသည်တို့ကို ၀တ် ထားသင့်ပါသည်။
ဓါတ်ပုံ ရိုက်ရန် ပြင်ဆင်ခြင်း။
အောက်ပါပုံ မှာ Johnny Cash ၏ တစ်ချိန်က ထင်ရှား ကျော်ကြားခဲ့သော “Love is a burning thing.” ကို တင်စား ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
အထက်ပါပုံကို ရိုက်ရန် ပြင်ဆင်သည့် အဆင့်များကို အဆင့်လိုက် ဖေါ်ပြပါမည်။
၁။ Steel Wool -00 မှ 0000 အဆင့် ရှိသော Steel Wool တစ်ထုတ်ကို ယူပါသည်။ အမျှင်သေးသည့် အတွက် မီးလောင်ရာတွင် ပို၍ လွယ်သောကြောင့် ဖြစ်ပါသည်။
၂။ Steel Wool အလိပ်ကို ဖြန့်ကာ လေးလက်မ၊ ရှစ်လက်မအရွယ်များဖြတ်ကာ အောက်ပုံတွင် ပြ ထားသကဲ့သို့ မွှေတန် ( Whisk ) အတွင်းသို့ တည့်ပါသည်။ မွှေတန် မဟုတ်ပါကလည်း Steel wool ထည့်ကာ ကြိုးချိတ်၍ ဝှေ့ရမ်း နိုင်သည့်အရာ မည်သည့်အရာမဆို ဖြစ်နိုင်ပါသည်။ အ ပေါက် ကျယ်ကျယ် ဖြစ်ရပါမည်။ ကျဉ်းနေလျှင် မီးဖွားအထွက် နည်းမည်ကို သတိပြု ရပါမည်။
၃။ လှည့် မည့် သံကြိုး ကို ခြောက်ပေ ခန့် ဖြတ်ပြီး အောက်တွင် ပြထားသည့် အတိုင်း မွှေတန် တွင် ချည် ပါသည်။ မီးလောင်သည့် နေရာ တွင် သံကြိုး နှင့် ချည်ပြီး အလှမ်း ဝေး သည့်နေရာ တွင် နိုင်လွန် ကြိုး နှင့် ဆက်ကာ ချည် လိုက လည်း ချည် နိုင်ပါသည်။
၎။ လူသူ ဝေးသည့် မြစ်ကမ်း ပင်လယ် ကမ်းခြေ စသည့် နေရာ မျိုးကို ရွေးချယ်ပါသည်။ စွတ်စိုနေသောနေ ရာ ဖြစ်ပါက ပို၍ကောင်းပါသည်။ ပြင်ပမှ အလင်း ရောင် မ၀င်နိုင်သည့် နေရာ ဖြစ်လျှင် ပို ကောင်းပါ သည်။ ဆောင်း မည့် ထီး ကို ရေ ဆွတ်ရပါမည်။
ဤ ပုံတွင် Steel Wool ကို မိုးရွာသကဲ့သို့ ဖြစ်နေစေရန် ကျောက် ဆောင် နောက်မှ နေ၍ ဝှေ့ ရမ်း ခြင်း ဖြစ်ပါသည်။ ကျောက် ဆောင် ပေါ်သို့ ကျသည့် မီးဖွားများက ခုန်ထွက် နေသည်မှာ ပုံအတွက် အားသာချက်တစ်ရပ် ဖြစ်ပါသည်။
၅။ Steel Wool မီးလောင်ချိန်မှာ စက္ကန့်နှစ်ဆယ်ခန့် ရှိပါသည် ။ အဆိုပါအချိန် အတွင်း ရိုက်ရပါမည်။ ပထမ ဦးစွာ အဓိက ရိုက်မည့် နေရာ တွင် LED Light ငယ် ကို ချကာ Manual Focus ချိန်ထားပါသည်။
အောက်ပါ ပုံ ကို Camera Setting- Shutter Speed 20s, f-8, ISO 1600 နှင့် ရိုက်ရာ Over Expose ဖြစ် သွားပါသည်။
အောက်ပုံ ကိုမူ Shutter Speed ကို 20 Sec မှ 13 Sec သို့ လျှော့ ၍ ရိုက်ရာ တွင် Exposure အမှန်ရ လာပါသည်။ ရှေ့ တွင် “Love is a burning thing.” ဟုဆိုသည့် စာ ဆို နှင့် အညီ စုံ တွဲ တစ် တွဲ ကို ရေ စို ထီး မိုးကာ ထည့် ထားပေးပါသည်။
Frame တစ်ခုလုံး၏ လိုသည့် အရောင်ရစေရန် Filter, သို့ မဟုတ် White Balance ကို ချိန်ကာ သုံး နိုင်ပါသည်။ Steel Wool ကို ဝှေ့ ရမ်းရာတွင် အရောင် အမျိုးမျိုးရှိသည့် အခြားသော Light Sources များကို လည်း ထည့်သုံးနိုင်ပါသည်။ Steel Wool မှ ထွက်သည့် အရောင်သည် လိမ္မော်ရောင် ဖြစ်ပါသည်။ Magnesium မီးရှို့ပါက ထွက်သော အရောင်သည် အဖြူ ရောင် ဖြစ်ပါသည်။ Light Source များကို စိတ်ကူး ရှိသရွှေ့ ရွေးချယ် နိုင်ပါသည်။ ဗျောက်အိုး ( Fire Cracker ) အရောင်မျိုးစုံကိုလည်း စိတ်ကူး ကွန့်မြူး နိုင်သမျှ သုံးနိုင်ပါသည်။ အနုပညာ ဖန်တည်းမှု ဖြစ်ပါသည်။ အကန့်အသတ်မရှိပါ။
Camera Setting များ။
(၁)
အထက်ပါ ပုံ ၏ Camera Setting မျာ မူ Shuttre speed-30 Sec, f-8, ISO-200, White Balance- Tungsten/Incandescent ဖြစ်ပါသည်။ Stee Wool ကို မီး မရှို့မှီ အဆိုပါနေရာ တွင် LED Light ကလေး တစ်ခု ကို ချထားကာ Manual Focus ဖြင့် ကြို တင် Focus လုပ်ထားပါသည်။
စက်ဝိုင်း လှည့်သည့် Steel Wool ပုံ အများစု ၏ Camera Setting များမှာ Shutter Speed 15 to 20 Sec, f-8, ISO 100 or 200 ဖြစ်ကြပါသည်။ အလွန်မှောင်သည့် နေရာ ဖြစ်ပါက Shutter Speed ကို ပို၍ အချိန်ကြာကြာ ဖွင့်ထားနိုင်ပါသည်။
(၂)
အထက်ပါ ပုံ ကို 2D Circle လှည့် ထားခြင်း ဖြစ် ပါသည်။ Camera Setting များမှာ Shutter Speed 30 Sec, f-3.5, ISO 200, White Balance- Auto ဖြစ်ပါသည်။ Tripod ဖြင့် Manual Focus ရိုက် ထားခြင်း ဖြစ်ပါသည်။
Steel Wool လှည့်ပုံမှာ ပထမ Steel Wool ကို စက်ဝိုင်းပုံ လက်ဖြင့် ဝှေ့ရမ်းကာ ယင်းကဲ့သို့ လှည့် နေစဉ် မှာ ပင် လူကို ပတ်ခြာလှည့် ခြင်း ဖြစ်ပါသည်။ ထိုအခါ မီးသည် ဘော်လုံးပုံ ပေါ်လာပါသည်။ ထို့နောက် 2D ပုံ ရစေရန် ခြေ ထောက်ကို အငြိမ်ထားကာ အပေါ်ပိုင်း ကိုသာလှည့်သည်ဟု ရိုက်ကူးသူ က ရှင်းပြ ထားပါသည်။
Steel Wool Photography နမူနာပုံများ။
အထက်ပါ ပုံများမှာ ဖန်တည်းမှု စိတ်ကူး ပွားများနိုင်ရန် နမူနာများသာ ဖြစ်ပါသည်။ အကြိမ်ကြိမ် တင်ပြ ခဲ့ ပြီးဖြစ်သကဲ့ သို့ အနုပညာ ဖန်တည်းမှု သာ ဖြစ်သောကြောင့် စိတ်အလျှင်လွင့်ကာ အကန့်အသတ်မရှိ ဖန် တည်း နိုင်ပါကြောင်း ဖေါ်ပြ အပ်ပါသည်။
Credit: ဆရာဦးစိုးလှိုင် (Country Road)

Grade
|
Number
|
Common Uses
|
Coarse
|
3
|
Paint and varnish removal; removing paint spots
from resilient floors.
|
Medium coarse
|
2
|
Removing scratches from brass; removing paint
spots from ceramic tile; rubbing floors between finish
coats.
|
Medium
|
1
|
Rust removal; cleaning glazed tiles; removing
marks from wood
floors; with paint and varnish remover, removing finishes. |
Medium fine
|
0
|
Brass finishing; cleaning tile; with paint and
varnish remover, removing stubborn finishes.
|
Fine
|
00
|
With linseed oil, satinizing high-gloss finishes.
|
Extra fine
|
000
|
Removing paint spots or stains from wood;
cleaning polished metals; rubbing between finish coats.
|
Super fine
|
0000
|
Final rubbing of finish; stain removal. Clean window and Glass
without liquid.
|
Steel Wool fibre width, mm
|
||
Type
|
Lower specification limit
|
Upper specification limit
|
000#
|
0.00635
|
0.00889
|
00#
|
0.00889
|
0.0127
|
0#
|
0.0127
|
0.0381
|
1#
|
0.0381
|
0.0635
|
2#
|
0.0635
|
0.0889
|
3#
|
0.0889
|
0.1143
|
4#
|
0.1143
|
0.1778