မြန်မာစာစနစ် Unicode တစ်မျိုးတည်းသာ အသုံးပြုရန် စီစဉ်


မိုဘိုင်းဖုန်း၊ ကွန်ပျူတာနှင့် အင်တာနက်ဝက်ဘ်ဆိုက်စာမျက်နှာများတွင် အသုံးပြုနေသည့် မြန်မာဘာသာ စကား (Myanmar Font) စနစ်များကို Unicode Syst-em တစ်မျိုးတည်းအဖြစ် ပြောင်းလဲအသုံးပြုသွားရန် ဆက်သွယ်ရေးအော်ပရေတာများ၊ နည်းပညာကုမ္ပဏီများနှင့် ပညာရှင်အသင်းတို့ ပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန် မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ သတင်းရရှိသည်။

‘‘အခုဆိုရင် နည်းပညာကုမ္ပဏီတွေက Unicode Sy-stem ကို သူတို့ရဲ့ ထုတ်ကုန်တွေမှာ တစ်ခါတည်း Built In ထည့်ပေးသွားဖို့လုပ်နေပါပြီ။ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာပစ္စည်းတွေမှာ မြန်မာဘာသာစကားကို Built In အသုံးပြုနိုင်ဖို့ဆိုရင် Myanmar Font တွေဟာ System တစ်ခုတည်းမှာရှိနေဖို့ လိုအပ်ပါတယ်’’ ဟု မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းကပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်၍ ရောင်းချနေသည့် မိုဘိုင်းဖုန်း ဟန်းဆက် ထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်သည့် Samsung ၊ Sony ၊ HTC ၊ No-kia ကုမ္ပဏီတို့မှ တာဝန်ခံ များ၊ ပြည်ပဆက်သွယ်ရေးအော်ပရေတာများအဖြစ် လုပ်ကိုင်နေသည့် Telenor ၊ Ooredoo ကုမ္ပဏီတို့မှ တာဝန်ခံများနှင့် ကွန်ပျူတာပညာရှင်အသင်းတို့က မေလ ၁၆ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကွန်ပျူတာ Data Centre တွေမှာ မြန်မာဘာသာစကားကို အသုံးပြုမယ်ဆိုရင် Unicode ကို အသုံးပြုမှ အဆင်ပြေမယ်။ Google ကလည်း သူတို့ရဲ့ Android OS ကို Ver-sion 4.4 Kitkat ကနေ စပြီးတော့ မြန်မာဖောင့် ထည့်ပေးသွားတော့မှာဖြစ်တဲ့အတွက် Unicode System တစ်မျိုးတည်းကို အသုံးပြုနိုင်ဖို့အတွက် နည်းပညာတွေ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်’’ ဟု ဦးမျိုးမြင့်ထွန်းက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ Unicode System နှင့် Non- Unicode System ဟူ၍ ကွန်ပျူတာများ၊ မိုဘိုင်း ဖုန်းများနှင့် အွန်လိုင်းဝက်ဘ်ဆိုက်များတွင် အသုံးပြုလျက်ရှိပြီး နိုင်ငံတကာတွင် ၎င်းတို့၏ ဘာသာစကားကို System တစ်မျိုးတည်းဖြင့် အသုံး ပြုလေ့ရှိသည့်အတွက် Non- Unicode စနစ်ဖြင့် အသုံးပြုနေခြင်းကို Unicode စနစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဆောင်ရွက်သွားဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဦးမျိုးမြင့်ထွန်းက ဆိုသည်။

7Day Daily
No.382 Sunday, May 18, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...