နောက်ထပ်အရေပြားကင်ဆာ စိုးရိမ်မှုတစ်ခုခံစားနေရတဲ့ X-Men မင်းသား Hugh Jackman


Jack the Ripper on 2014-05-09 13:03

Hugh Jackman တစ်ယာက် သူ့ရဲ့နှာခေါင်းက အကြိပ်တစ်ခုကိုတွေ့ပြီးတဲ့နောက်မှာ အရေပြားကင် ဆာဖြစ်နိုင်တဲ့ နောက်ထပ်စိုးရိမ်မှုတစ်ခုကို ခံစားနေရပါပြီ။

အရေပြားကင်ဆာရောဂါ တစ်မျိုးဖြစ်တဲ့ Basal cell carcinoma ကြောင့် ခွဲစိပ်မှုပြုလုပ်ခဲ့ပြီး ခြောက်လ မကြာသေးတဲ့အချိန်မှာပဲ Hugh တစ်ယောက် နောက်ထပ်ကုသမှု တစ်ခုပြုလုပ်ခဲ့ကြောင်း ပြောကြား လိုက်ပါတယ်။

ကြာသပတေးနေ့ (မေလ ၈ ရက်) ကပတ်တီးအုပ်ထားတဲ့နှာခေါင်းနဲ့ဓာတ်ပုံ ကိုသူ့ရဲ့ instagram မှာ တင်ခဲ့ပြီး

“နောက်ထပ်အရေပြားကင်ဆာ Basel Cell Carsinoma ပါ။ အကုန်ခွဲထုတ်ပြီးပါပြီ။ Dr Albom နဲ့ Dr Adrian တို့ကိုကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး နေလောင်ခံကရင်မ်လိမ်းကြပါ” လို့ Hugh ကရေးခဲ့ပါ တယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ တုန်းက Hugh ရဲ့ဇနီး Devorra-Lee Furness ကသူ့ကို အရေပြားဆရာဝန် နဲ့ပြပြီး နှာခေါင်းက အမှတ်အသားကို ဆေးစစ်ခိုင်းခဲ့ပါတယ်။ သူနောက်ဆုံးမှာ ဆေးစစ်ဖို့သဘောတူခဲ့ပြီး ကင်ဆာဆိုတာကို သိခဲ့ရပါတယ်။

ခွဲစိပ်မှုအပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ “ကျွန်တော် စိတ်သက်သာရာရပါပြီ။ ဒါကောင်းပါတယ်။ ကင်ဆာပျောက်သွားပြီ။ ပြီးတော့ ကျွန်တော့်ကို သွားပြီးဆေးစစ်ခံဖို့ တိုက်တွန်းခဲ့တဲ့ ကျွန်တော့်ဇနီးချောကို လည်း အလွန့်အလွန်ကျေးဇူးတင်ပါတယ်။ သာမန်လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က “အိုး… ငါတော့ နောက်တစ်ပတ်ဆိုသွားပြီ” ဆိုပြီးဖြစ်သွားတာ” လို့ Hugh ကပြောပါတယ်။

Ref:starpulse.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...