လက်ကိုင်ဖုန်း ဈေးကွက်၌ အခွန်မဲ့ ပစ္စည်းများသာ အ၀ယ်လိုက်

Wednesday, 09 July 2014 
အနော်ရထာ လမ်းမပေါ်ရှိ HUAWEI အရောင်း ကိုယ်စားလှယ် ဆိုင်ခွဲတစ်ခုတွင် လက်ကိုင်ဖုန်း လာရောက် ၀ယ်ယူနေသည်ကို ဇူလိုင်လ ၈ ရက် နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ အောင်ဌေးလှိုင်)

မြန်မာနိုင်ငံ၏ လက်ကိုင်ဖုန်း ဈေးကွက်အတွင်း ဈေးနှုန်းသက်သာသည့် အားသာချက်ကြောင့် အခွန်မဆောင်ပဲ တင်သွင်း လာသော လက် ကိုင်ဖုန်းများကိုသာ ပိုမိုဝယ်ယူ လာကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် လက်ကိုင်ဖုန်း အရောင်းဆိုင် ပိုင်ရှင်များက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ပြည်တွင်း လက် ကိုင်ဖုန်း ဈေးကွက်အတွင်း ၉၉ ရာခိုင်နှုန်းခန့်မှာ အခွန်မဆောင်ပဲ နည်းမျိုးစုံဖြင့် သယ်ဆောင် လာကြ သည့် ပစ္စည်းများဖြစ်သောကြောင့် တရားဝင် ကိုယ်စားလှယ်များ နောက်ဆုတ်နေရကြောင်ြးေ ပာသည်။

ယင်းကိစ္စနှင့်ပတ်သက်သည့် အခွန်အခ များကိစ္စကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း ၎င်းကပြောသည်။ "မှောင်ခိုဈေးကွက် ကြီးထွားနေတဲ့အတွက် လက်ကိုင်ဖုန်းတင်သွင်းတဲ့ အခွန်အခတွေ များနေလို့လားဆိုတာကို အဖြေရှာပါတယ်။ လက်ကိုင်ဖုန်း တင်သွင်းရောင်းချသူများ အသင်းဖွဲ့စည်းပေး ရင် မှောင်ခိုဈေးကွက်ကိုထိန်းချုပ်နိုင်မလား။ အခွန်အခတွေကိုတော့ အာဆီယံနို င်ငံတွေမှာ ဘယ်လို လုပ်နေတာလဲဆိုတာ နဲ့နှိုင်းယှဉ်ပြီး ပြန်ညှိနှိုင်းသွားဖို့ ရှိပါတယ်"ဟု ၎င်းကပြောသည်။

လက်ကိုင်ဖုန်းကိုင်ဆောင်သူ ၁၀ သန်း ကျော်ရှိသော မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း တင်သွင်းမှုနှင့် ပတ်သက်သည့် တင်သွင်းခွင့် လိုင်စင်လျှောက်ထားမှုမှာ နှစ်သိန်းသာရှိပြီး ဆိပ်ကမ်းများမှ တစ်ဆင့် ဟန်းဆက် တင်သွင်းမှု တချို့မှာ ကုန်သည်လုပ်ငန်းရှင်နှင့် ဌာနဆိုင်ရာများညှိနှိုင်းကာ လိုင်စင်တွင် မပါဝင်သော ပစ္စည်း၊ ကွဲလွဲသောပစ္စည်းနှင့် ရောနှော သယ်ဆောင်သော ပစ္စည်းများကိုပါ တရားမ၀င် တင်သွင်း လာမှုများရှိကြောင်း ဦးဝင်းမြင့်က ပြောသည်။

ထို့ပြင် နယ်စပ်လမ်းကြောင်းများဖြစ်သော မူဆယ်နှင့် မြ၀တီမှ လက်ကိုင်ဖုန်းများကို အခြားပစ္စည်းများနှင့် ရောနှောကာကားဖြင့်သယ်ဆောင်ပြီး စင်ကာပူမှလည်း ပင်လယ်ရေကြောင်းမှတစ်ဆင့်ဖြစ်စေ၊ လေယာဉ်နှင့် ဖြစ်စေ လိုင်စင်မလျှောက်ပဲ သယ်ဆောင်လာ ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်တွင်းဈေးကွက်ရှိ လက်ကိုင်ဖုန်း အရောင်းဆိုင်အများစုမှာ ပင်မတင်သွင်း ဖြန့်ဖြူးသူများထံမှတစ်ဆင့် ၀ယ်ယူခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ လက်ကိုင်ဖုန်း တင်သွင်းခွင့်လိုင်စင်နှင့် အကောက်ခွန်များ အတွက် အခွန် ၁၂ ရာခိုင်နှုန်းပေးဆောင်ရန်သတ်မှတ်ထားသော်လည်း အရောင်း ဆိုင်များတွင်အခွန် ပေးဆောင်ထားခြင်း ရှိ မရှိကို လာရောက် စစ်ဆေးမှုမရှိကြောင်း အရောင်းဆိုင် တာဝန် ရှိသူများက ပြောသည်။

Mr Fone ဟန်းဆက်အရောင်းဆိုင်၏ အထွေထွေမန်နေဂျာ ဦးထက်လင်းကျော်က လက်ကိုင် ဖုန်းဈေးနှုန်း များမှာ ပြင်ပဆိုင် များနှင့် ကွာဟမှုကြောင့် အများစုမှာ ကိုယ်စားလှယ်အရောင်း စင်တာများတွင် ၀ယ်ယူ အားပေးမှု နည်းကြောင်းပြောသည်။

"၀ယ်တဲ့သူတွေက တံဆိပ်တစ်ခုတည်းကိုပဲကြိုက်လို့ဝယ်ကြတာထက် သူ့မှာပါတဲ့ အားသာချက် အားနည်းချက်ကို ကြည့်ပြီး ရွေးဝယ်ကြတာ များတယ်။ အပြင်ဆိုင်တွေ ကလည်း ခြောက်လကနေ တစ်နှစ် အာမခံပေးထားတဲ့အတွက် ပြဿနာတစ်ခုခုပေါ်လာရင် ဖြေရှင်းပေးမှာပဲ"ဟု ၎င်းကပြောသည်။

အရောင်းဆိုင်များမှာ လက်ကိုင်ဖုန်း မျက်နှာပြင် (ှခမနနည) အတွက် စတစ်ကာကပ် ပေးခြင်း၊ ဖုန်း တွင်အသုံးပြုသည့်ျသ်အတမေန များထည့်သွင်းပေးခြင်းတို့ကို အခမဲ့ပြုလုပ်ပေးခြင်း စသည့်ဝန်ဆောင်မှု များကို အပိုပေးလာကြကြောင်း KKA လက်ကိုင်ဖုန်းအရောင်းဆိုင်တာဝန်ခံ မထိုက်ထိုက်စံ ကပြောသည်။

"ဈေးကြီးတဲ့ နာမည်ကြီးတံဆိပ်တွေကျတော့ ဆိုင်သေးတွေမှာဆို မရောင်းရဘူး။ Handsetေ ကာင်းတာ ကိုင်ချင်တဲ့သူတွေက စိတ်ချရတဲ့ဆိုင်တွေမှာပဲ လာဝယ်ကြတယ်။ ဆိုင်ကြီးအများစုကလည်း စက်ရုံချို့ယွင်း မှု ကြောင့်ဆိုရင် တစ်လုံးပြန်လဲပေးတယ်"ဟု ၎င်းကပြောသည်။

SAMSUNG ကဲ့သို့သော တရားဝင်အရောင်းဆိုင်များမှာ ပြည်တွင်း ပြည်ပငွေချေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားပြီး အရစ်ကျရောင်းချနေသော်လည်း စည်းကမ်းသတ်မှတ်ချက်များကြောင့်ဝယ်ယူ သူများ အကြား ထိရောက်မှုမရှိပေ။

"အရည်အသွေးပိုင်းကမကွာဘူး။ ဒါပေမဲ့ သုံးတဲ့သူအတွက်တော့သက်သာတယ်။ တချို့ ကလည်း ဆိုင်ကြီး တွေဖြစ်ပေမယ့် တစ်ခုခု ဖြစ်လို့သွားပြရင် အပြည့်အ၀တာဝန်မယူ ကြလို့ ကိုယ့်ဘက်က စိတ်ချ ရတဲ့ဆိုင်မှာဝယ်ဖို့ လိုတယ်။ တရားဝင်ကိုယ်စားလှယ်ဆိုင်မှာ ၀ယ်တဲ့သူကျတော့လည်း အာမခံရှိတယ်။ ဟန်းဆက်တွေကလည်း စက်ရုံဘက်ကအမှား ကြောင့် အလုံးအသစ်ပြန်လဲ ပေးရတာမျိုး နည်းပါတယ်။ လက်က လွတ်ကျတာတို့ ရေထဲပြုတ်ကျတာတို့မဖြစ်ရင် ပျက်ခဲပါတယ်"ဟု ၎င်းကပြောသည်။


ref;Myanmar Times
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...