အမျိုးသားတွေ နှစ်ပတ်အတွင်း လက်မောင်းကြီးချင်တယ် ဆိုရင်
ကောင်မလေးက သင့်ရဲ့စွဲဆောင်မှုအောက်မှာ ၀ပ်လျှိုးလာအောင် သင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ စူပါ ဟီးရိုးတွေလို လက်မောင်းနဲ့ကောင် မလေးကို မချီနိုင်ဖို့ လိုတယ်။ သူချော်လဲတိုင်း ထိန်းပေးနိုင်ပါ တယ်လို့ ကတိက၀တ်ပြုနိုင်ဖို့ လိုပါတယ်။ ဒါဆိုရင် ရပြီ။
သင့်လက်မောင်းအတွက်ပဲ တစ်နေကုန် စိတ်နှစ်ထားလိုက်ပါ။
လက်မောင်းကြွက်သား၊ လက်ရုံးကြွက်သား၊ လက်မောင်းရင်းနောက်ဘက်ြ ကွက်သား နဲ့လက်ဖျံကြွက်သား စတာတွေ အားလုံးကိုနေ့ချင်းညချင်း ကြီးထွားလာအောင် မလုပ်နိုင်ဘူးဆိုတာကို တစ်ကမ္ဘာလုံးက ကိုယ်ကာယ ကျွမ်းကျင်ပညာရှင်တွေဟာ လက်ခံထားပါတယ်။ သင်ဟာ လန်းဆန်းနေမယ်၊ ခန္ဓာကိုယ် ထဲမှာ ဂလိုင်ကိုဂျန်ပမာဏ ကလည်း ပြည့်နေမယ်ဆိုရင် လက်မောင်းကြီးအောင် စလုပ်ဖို့အချိန်ကောင်းပါပဲ။ ဒါဟာလက်မောင်းအတွက် အထူးပြုဖော်ပြပေးထားတဲ့ ကိုယ်ကာယလေ့ကျင့်ခန်း တစ်ခုလည်းဖြစ်ပါ တယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့ အချိန်မောပန်းရကျိုး နပ်စေလောက်တဲ့မြန်ဆန်တဲ့ တိုးတက်မှုတွေကိုတွေ့ရ မှာပါ။
အလေးတိုင်ထူထူ (အလေးတုံးလက်ကိုင်)နဲ့ လက်မောင်းလေ့ကျင့်ခန်းလုပ်ပါ။
ကြွက်သား ထုထည်အကြီးဆုံးနဲ့ ခွန်အားအမြင့်ဆုံးကို ရဖို့အတွက်ဆိုရင် အလေးတုံးလက်ကိုင် ထူထူနဲ့လေ့ကျင့် ပါ။ အလေးတုံးလက်ကိုင်ထူထူဟာ လက်မောင်း ဖွံ့ဖြိုးနှုန်းနဲ့ အပေါ်ပိုင်းခွန်အားအတွက် အထောက် အကူကောင်းဖြစ်သလို ပုံမှန်လက်ကိုင်တွေနဲ့ လေ့ကျင့်တဲ့သူတွေထက် အကျိုးရှိစေမှာဖြစ် ပါတယ်။
လက်ဖျံကြွက်သားတွေကိုလေ့ကျင့်ပါ။
လူတွေကို အထင်ကြီးစေမယ့် အပိုင်းက လက်ရုံးကြွက်သား တစ်ခုတည်း မဟုတ်ပါဘူး။ ရည်မှန်းချက် ပန်းတိုင်ကိုရောက် ရှိစေဖို့ဆိုရင် လက်ဖျံကြွက်သား ကိုလေ့ကျင့်ဖို့လည်း လိုအပ်ပါတယ်။ လက်ဖျံကြွက် သားလေးတွေ ကသေးနေမယ် ဆိုရင်တော့ လက်ရုံးကြွက်သားနဲ့ လက်မောင်းရင်းနောက်ဘက် ကြွက် သားတွေကို ဘယ်လိုပဲ ကျင့်ကျင့်နောက်ဆုံး လက်မောင်းသေးသေးလေးနဲ့ပဲ အဆုံးသတ် သွားလိမ့်မယ်။
တံတောင်ဆစ်တွေကို ကျစ်နေအောင်လုပ်ပြီး တန်ဖိုးထားပါ။
တံတောင်ဆစ်တွေကို ကျစ်နေအောင်လုပ်ဖို့နဲ့ တန်ဖိုးထားဖို့က သိပ်အရေးကြီးတဲ့ အချက်နှစ်ချက်ပါပဲ။ တံတောင်ဆစ်နေရာတွေက ကျစ်နေမှ လက်မောင်းဟာ ပိုကြီးသယောင်၊ ပိုသန်မာသယောင်ဖြစ်မှာပါ။ တံတောင်ဆစ်တွေကို တန်ဖိုးထားပါ ဆိုတာကတော့ အနာတရ ကင်းအောင်နေဖို့ပြောတာပါ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ တံတောင်ဆစ် အနာတရတစ်ခုခုဖြစ်သွားမယ်ဆိုရင် ချည့်လာတာမျိုး ဒါမှမဟုတ် ပုံမှန်မဟုတ်ဘဲ သိပ်ကြီးသွား တာမျိုးတွေဖြစ်တတ်ပါတယ်။
လေ့ကျင့်နည်း များများနဲ့လေ့ကျင့်ပါ။
တစ်ယောက်ယောက်က သင့်ကို အကောင်းဆုံးလေ့ကျင့်ခန်းဆိုပြီး လေ့ကျင့်ခန်း တစ်ခုတည်းကို ပုံမှန်လုပ်ဖို့ ပြောလာမယ်။ သင်ကလည်း ဘ၀င်ကျသွားမယ် ဆိုရင်တော့ ပြဿနာရှိနေပါပြီ။ လူတိုင်းမှာ မတူညီတဲ့ ကြွက် သားအပိုင်းတွေ၊ ကြွက်သားအမျှင် အတိုအရှည်တွေ၊ ကြွက်သားအမျှင်ဖွဲ့စည်းပုံတွေရှိပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်မှာဖြစ်လာတဲ့အကျိုးအာနိသင်ချင်းမတူညီပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်း နည်းပေါင်းစုံကို လေ့ကျင့်ပြီး သင့်အတွက် အကောင်းဆုံးဖြစ်မယ့် လေ့ကျင့်ခန်းကိုရွေးချယ်ပါ။
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဖရဲသီးမွ ရရိွေသာ အကျိုးကျေးဇူး ၁၀ ချက် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အလုပ်ခွင် ၀င်နေသူတွေရဲ. ရှောင်ရန်၊ ဆောင်ရန် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'