ဌက်ပျောမျိုးစုံ အာနိသင်အဖုံဖုံ

၁၂-ရာသီပတ်လုံး ဖောဖောသီသီ ရရှိနိုင်သော အသီးအမျိုးအစား များထဲတွင် ဌက်ပျောသီးလဲ တစ်မျိုး အပါအ၀င်ဖြစ်ပါတယ်။ ဌက်ပျော သီးရဲ့ အားသာချက်က အခြားသော သစ်သီးများနှင့် ယှဉ်ကြည့်ပါလျှင် ကရိကထမများဘဲ၊ အလွယ်တကူအခွံနွှာ၍ စား သုံး နိုင်ပြီး၊ ရေခဲသေတ္တာထဲမှာ အထူးတလည် သိမ်းဆည်းထား ရန် မလိုအပ်ပါဘူး။ နေရာဒေသမရွေး၊ အချိန်အခါမရွေး ဗိုက်ဆာ တဲ့ အချိန်တိုင်း အခွံနွှာစားရုံမျှဖြင့် ဆာလောင်မှုကို လွယ်ကူ စွာဖြေရှင်းနိုင်ပါတယ်။ အစာကြေညက် လွယ်တာကြောင့် အရွယ် ၃-ပါး မ ရွေး စားသုံးနိုင်ပါတယ်။ ငှက်ပျောသီးနှင့် ဓာတ်မ တည့်သော ကလေးမှာလည်း မရှိသလောက် အလွန်ရှားပါတယ်။

ကျန်းမာရေးရှု ထောင့်က ကြည့်တဲ့အခါမှာ “ဌက်ပျောသီးတစ်နေ့တစ်လုံးစား… ဒေါက်တာ တွေနဲ့ ဝေးဝေးသွား...” “ နံက် သင်္ဘော…ည ဌက်ပျော” လို့ ဆိုထားပြန်ပါတာကြောင့် ညအိပ်ယာဝင်ခါနီးတိုင်း စားပေးသင့်ပါတယ်။
ဌက်ပျောခွံပေါ်မှာ အမည်းအစက်အ ပြောက်များလေ၊ ရင့်မှည့်တဲ့ဌက်ပျောဖြစ်တာကြောင့် အနံ့  အရသာ အာာနိ သင် ပိုကောင်းလေပါဘဲ။ မြန်မာပြည်မှာ ဖီးကြမ်း၊ သီးမွှေး၊ ဆင်အံ၊ နံ့ သာပု၊ ဌက်ပျောချဉ်၊ ရွှေနီဌက်ပျော၊ ရခိုင်၊ ၀က်မလွတ် စတဲ့ ဌက်ပျောမျိုးစုံလင် လှသလို၊ ထိုအမျိုးအစား တစ်မျိုးချင်းစီအလိုက် အာနိသင်အမျိုးမျိုးစီ ပါရှိနေပါ တယ်။

(ဖီးကြမ်း ဌက်ပျော)

ခန္ဓာကိုယ်တွင်း အပူများသူများအတွက် အထူးသင့်တော်ပါတယ်။ သုက်ဓာတ် အသားဓာတ် ပွားစေပါတယ်။ လူကိုဝဖြိုးစေပါ တယ်။ ကျောင်းနေရွယ်ကလေးများကို ဖီးကြမ်း ဌက်ပျောသီး ၁-လုံး နှင့် လ္ဘက်ရည်ဇွန်းစာပမာဏ ရှိသော ပင်စိမ်းရွက်သတ္တုရည် ၁-ဇွန်းကို သမအောင်ရော၍ နေ့ စဉ်ကျွေးခြင်းဖြင့် ဦးနှောက်ဖွံ့ ဖြိုးပြီး မှတ်ဥာဏ် ထက်သန်စေပါတယ်။ အသက်ရှည်၍ ခွန်အား တိုးပွားစေရန်အတွက် ဌက်ပျောသီးကို ပျား ရည်မှာ စိမ်နှစ်၍စားပေး ပါ။ နာတာရှည်ချောင်းဆိုးသူများမှာ ဖီးကြမ်းဌက်ပျောကို ငရုပ်ကောင်းမှုန် နှင့်တို့ စားပါက သလိပ်ထွက်လာပြီး ချောင်းခြောက် ဆိုးခြင်းကို ပျာက်ကင်းစေပါတယ်။ မီးလောင်ဒဏ်ရာများ အတွက် ဖီးကြမ်းဌက်ပျောသီး မှည့် အုံပေးပြီး၊ ဌက်ပျောဖက်ခင်း၍ အိပ်ပါ။ (ဖီးကြမ်းဌက်ပျောပင်၏ ပင်စည်ကို မုန့် ဟင်းခါးဟင်း ရည်ချက်ရန် မ သင့်တော်ပါ၊ အရသာ ခါးတတ်ပါတယ်)

(သီးမွှေး ဌက်ပျော)

ခန္ဓာကိုယ်ကြွက်သားတွေကို ကောင်းစွာ တည်ဆောက်ပေးတဲ့အပြင်၊ ခွန်အားဖြစ်စေပြီး လန်းဆန်းတက်ကြွမှုကို ဖြစ်စေပါတယ်။ ၀မ်းလေကို ချုပ်စေပါတယ်။ အရွယ်တင်နုပျိုစေပါတယ်။ သုက်ဓာတ် ပွားစေပါတယ်။ ရေဆာခြင်း၊ အော့အန်ခြင်းကို ဖြေသိမ့်ပေးပါ တယ်။ ခြင်ကိုက်၍ ယားယံခြင်း၊ အဖုအပိန့် ထွက်ခြင်း နှင့် ရောင်ရမ်းခြင်းများကို
သီးမွှေးငှက်ပျောသီးအခွံနှင့် ပွတ်ပေးပါက၊ ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။ ထို့ ပြင် သွားဝါနေသူ များလည်း ထိုဌက်ပျောခွံဖြင့် သွားများကို ပွတ်တိုက်ပေးပါ။

(ဆင်အံ ဌက်ပျော)

အေးပြီးချိုသော အရသာရှိတဲ့အပြင် အနည်းငယ်ဖန်ပါတယ်။ လူကိုဝစေပါတယ်။ သုက်ဓာတ် ပွားစေပါတယ်။ သည်းခြေရောဂါများ ကို ကောင်းကျိုးပြုပါတယ်။ နှလုံးရောဂါ ရှိသူများအတွကင် အထူးသင့်တော်ပါတယ်။

(နံ့ သာပု ဌက်ပျော)

ချို၍အေးပါတယ်။ နှလုံးအားကောင်းစေပါတယ်။ ရေဆာခြင်း နှင့် အော့အန်ခြင်းကို ဖြေသိမ့်ပေးပါတယ်။ သုက်ဓာတ်ပွားစေ ပါတယ်။ သို့ သော် အဆာကြေညက်ခဲ၍ အဆာအိမ်ဝေဒနာသည်များ မစားသင့်ပါဘူး။

(ဌက်ပျောချဉ်)

သွေးကို အေးစေတတ်ပါတယ်။ လေကိုကြွစေတာကြောင့် လေမလည်သူများ စားပေးသင့်ပါတယ်။ အမျိုးသား အမျိုးသမီးရောဂါ များနှင့် သင့်တော်ပါတယ်။ ဌက်ပျောချဉ်က ခန္ဓာကိုယ်ကြွက်သားများကို ကျစ်လစ်စေပါတယ်။ကိုယ်ခန္ဓာဝဖြိုးသူများ မကြာခဏ စားပေးသင့်ပါတယ်။

(ရွှေနီ ဌက်ပျော)

ခွန်အားဖြစ်စေပါတယ်။ နှလုံးကို ကောင်းကျိုးပြုပါတယ်။ သို့ သော် လေကိုပွစေတာကြောင့် ရင်ပြည့်ရင်ကယ် ရှိသူများ မစား သင့်ပါဘူး။

(ရခိုင်ဌက်ပျော)

ရေသီလံ လို့ လည်းခေါ်ပါတယ်။ သွေးကိုကြေစေတဲ့အပြင်၊ လေကိုပါ ကြေစေပါတယ်။ ကိုလက်စထရောကို ကျစေပါတယ်။ ရခိုင်ဌက်ပျောပင်၏ အသီးသာမက၊ အမြစ်၊ ပင်စည်၊ အပွင့်၊ အရွက် အားလုံးကလည်း သွေးထဲရှိ ကိုလက်စထရောကို ကျစေတဲ့ အစွမ်း သတ္တိရှိတာကြောင့် ၄င်းတို့ ၏ သတ္တုရည်ကို တစ်ခါသောက်လျှင်
ဟင်းစားဇွန်း ၁-ဇွန်းဖြင့် တစ်နေ့  ၂-ကြိမ် မှန်မှန်သောက် ပေးခြင်းဖြင့် သွေးထဲရှိ ကိုလက်စထရောများ ကျစေပါ တယ်။ (ရခိုင်ဌက်ပျောပင်၏ ပင်စည်ဖြင့် မုန့် ဟင်းခါး ဟင်းရည်ချက်ရာတွင် အသုံးပြုလေ့ရှိပါတယ်)

(၀က်မလွတ် ဌက်ပျော)

အပူငြိမ်းစေပြီး၊ သွေးလေကိုကျေစေပါတယ်။ ခွန်အားပြည့်စေပါတယ်။ နှလုံးကိုငြိမ်စေ၍ သိုင်းရွိုက်ရောဂါသည်များ၊ လည် ပင်းကြီး ဝေဒနာသည်များ၊ စိတ်ကစဥ့်ကလျားဖြစ်သူများနှင့် သင့်တော်ပါတယ်။

မှတ်ချက်။

(၁) မည်သည့် ဌက်ပျောပင်မဆို၊ အူတိုင်ကို ကျောက်ဖရုံသီးဖြင့် ဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသားများ ဆီးကျိတ်ဝေဒနာ နှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။ (၂) ဆီးချိုရောဂါသည်များ
ဌက်ပျောသီးကို လျော့စား သင့်ပြီး၊ grapefruit သီးဖြင့် တွဲဖက်၍ စားသင့်ပါတယ်။ (၃) အကယ်၍ ချို့ ကလေးငယ် များမှာ၊ မွေးရာပါ ဌက်ပျောသီးနှင့် ဓာတ်မတဲ့ရောဂါ ပါလာပါက ဖြေဆေးအဖြစ် ကြက်သွန်ဖြူကျွေးပေးနိုင်ပါတယ်။ (၄) နှင်းဆီပန်းအပင်သန်စွမ်း၍ အပွင့်ကြီးကြီး ပွင့်စေနိုင်ရန်အတွက် အပင်၏အောက်ခြေအမြစ်တွင် ဌက်ပျော ခွံမြှပ်နှံကာ၊ မြေသြဇာအဖြစ်ကောင်းစွာ အသုံးချနိုင်ပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...