ကလေးများ အန္တရာယ်ကို ကာကွယ်နည်း

၁။ ယာဉ်ကြီးယာဉ်ငယ် အန္တရာယ် 

လမ်းကူးနည်းကို သင်ပေးထားရန်လိုသလို ကားကြီးကားငယ်တွေ ရပ်ထားတဲ့ နေရာရဲ့ ရှေ့မှာ နောက်မှာ ဆော့မကစားဖို့ သင့်ကလေးအား သင်ပြထားပါ။

၂။ ခရာ ဆောင်ထားခြင်း

ကလေးရဲ့ ခေါင်းအုံးနားမှာ မူတ်တဲ့ ခရာတစ်ခုကို ဆောင်ထားပေးပါ။ အရေးပေါ်တဲ့အခါဖြစ်စေ၊ မြေငလျင် လုပ်လို့ ပိနေတဲ့အခါ ဖြစ်စေ လူဆိုးဟု ထင်ရသော ပုဂ္ဂိုလ်များက တံခါးလာခေါက်တဲ့ အခါမှာဖြစ်စေ၊ ခရာကို ရုတ်တရက် မူတ်ခြင်းဖြင့် မိမိကို ကယ်တင်နိုင်ပါတယ်။

၃။ ရေတွင်းဖုံးများကို မနင်းခြင်း

ရေတွင်းအဖုံး၊ ရေမြောင်းအဖုံး၊ ပလက်ဖောင်း အဖုံးများကို ရှောင်ကွင်းပြီး သွားတတ်ဖို့၊ မနှင်းမိဖို့ ကလေးကို သင်ပြထားပါ။

၎။ လူစိမ်းကို ငြင်းဆန်တတ်ခြင်း

မိဘများ (သို့) အုပ်ထိန်းသူ များ အနားမှာ မရှိတဲ့အခါကျရင် လူစိမ်းတွေရဲ့ စကားကို နားမထောင်ဖို့ နဲ့ ကျွေးတဲ့ အစာကို မစားဖို့ ကလေးကို နားလည်အောင် သင်ပြထားပါ။ လူစိမ်းရဲ့ ကားကို မစီးမိဖို့ အထူးအရေးကြီးပါတယ်။ မိန်းခလေးအတွက် ပိုမိုအရေးကြီးပါတယ်။

၅။ အိမ်လိပ်စာ နှင့် ဖုန်းနံပါတ်ကို မှတ်မိစေခြင်း

မိဘရဲ့နာမည်၊ အိမ်ရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စသည်တို့ကို မှတ်မိစေခြင်းဖြင့် လိုအပ်ပါက အခြားလူတစ်ဦးဦး ရဲ့ အကူအညီနဲ့ အိမ်ကို အမြန်ဆက်သွယ်လို့ ရပါတယ်။ တကယ်လို့ မိသားစုလိုက် ခရီးထွက်ရင် ဟိုတယ်မှာတည်းခိုခဲ့ရင် သင်ရဲ့ကလေးတိုင်းကို ဟိုတယ်လိပ်စာကဒ် ဆောင်ထားခိုင်းပါ။

၆။ မိခင် နဲ့ လျို့ဝှက်ချက်

ကလေးကို ပြောပြထားပါ။ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ အမေကို ပြောပြရမယ်။ အဲလိုပြောပြလို့ မိဘကဘာမှအပြစ်မတင်ဘူးဆိုတာကို ကတိပေးထားပါ။ ကလေးက အမှန်အတိုင်း ပြောပြတဲ့အခါကျရင် မိဘက အလေးအနက် ယုံကြည်သင့်တယ်။ ပြီးရင် အပြည့်အ၀ အားပေးသင့်ပါတယ်။

ရ။ ကျဉ်းကျပ်တဲ့ နေရာ ကို ရှောင်ကျင်စေခြင်း

အရမ်းကျဉ်းတဲ့ နံရံကြား ကို ခေါင်းထည့်ပြီး ဆော့တာမျိုး၊ အရမ်းငယ်တဲ့ ပုလင်းဝကို လက်ညိုးထည့်ဆော့တာမျိုး ရှောင်ကျင်တတ်အောင် သင့်ပေးထားပါ။

၈။ ဆီး ဖြင့် အသက်ကယ်နည်းကို သိထားစေခြင်း

ကလေးကို ဗဟုသုတ အဖြစ် ပြောပြထားပါ။ မီးဘေး ကြုံလာရင် မီးခိုးမိုင်းတိုက်လို့ အန္တယ်ရာယ်ဖြစ်စေတာမျိုး ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ အနီးအနားမှာ ရေမရှိခဲ့လို့ရှိရင် မိမိရဲ့ အ၀တ်အစားကို ချွတ်ပြီး သေးပေါက်ထည့်ပါ။ အဲဒီ အ၀တ်ကို နာခေါင်းပိတ်ပြီး မီးနဲ့ဝေးရာ ရှောင်ပြေးနိုင်ပါတယ်။

၉။ ဆီးအောင့်ထားခြင်း

ကလေးများဟာ အဆော့မက်လို့ပဲဖြစ်ဖြစ်၊ ဆရာဆရာမကို ကြောက်လို့ပဲဖြစ်ဖြစ် ဆီးအောင့်ထားလေ့ရှိတတ်ပါတယ်။ ကလေးကိုပြောပြထားပါ။ ဆီးအောင့်ထားခြင်းဟာ ကျောက်ကပ်ကို အရမ်းထိပါတယ်။ ကလေးက အဲလောက်ထိ နားမလည်ခဲ့ရင် လူဟာအပင်နဲ့တူတယ်။ ကျောက်ကပ်ဆိုတာ အပင်ရဲ့ အမြစ်နဲ့တူတယ် စသည်ဖြစ့် ခိုင်းနိုင်းပြီး နားလည်အောင် ရှင်းပြပါ။

၁၀။ မည်သူမှ မထိရသောနေရာ

အတွင်းခံ အင်္ကျီ နဲ့ အတွင်းခံ ဘောင်းဘီ ဖုန်းထားတဲ့ မည်သည့်နေရာတွင်မဆို မည်သူမှ ထိလို့မရ ဘူးဆိုတာ ကလေးကို နားလည်အောင် ရှင်းပြထားပါ။ မိန်းခလေးအတွက် ပိုအရေးကြီးပါတယ်။

မိဘများအတွက် အသုံးဝင်နိုင်ပါစေ။

Ref: Wechat

https://www.facebook.com/photo.php?fbid=1422278388072561&set=a.1375453979421669.1073741828.100008712392309&type=1&theater
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...