တဖျစ်တောက်တောက်

အကြောင်းအရာ တစ်ခုခုကို ထပ်ခါထပ်ခါ အပ်ကြောင်းထပ်နေအောင် ရှင်းပြခြင်း၊ နာပူနားဆာလုပ်ခြင်း၊ ဆိုဆုံးမခြင်း ကိုဆိုလိုပါတယ်။ သားသမီးများကို ကိုယ်လိုချင်တဲ့ ပုံစံအတိုင်းမဖြစ်လို့ ၊ စကားနားမထောင်လို့ ဆိုပြီး ခဏခဏ ပြောရခြင်းဖြစ်ပါတယ် ။ ကြာသွားတော့လည်း မိဘများအနေနဲ့ နားမထောင်မှန်းသိရက်နဲ့ ပြောရတဲ့ အဖြစ်မျိုးကို ဆိုက်ရောက်သွားစေပြီး ဒီလိုတဖျစ်တောက်တောက် အကျင့်မျိုး ပါသွားပါတော့တယ်။ တဖျစ်တောက်တောက် အကျင့်ပါသွားတဲ့ မိဘများအဖို့ သားသမီးအပေါ် ဘယ်လိုအကျိုးသက်ရောက်မူ ရှိတယ်ဆိုတာကို ဆွေးနွေးကြည့်ကြရအောင်….

၁။ သားသမီးများရဲ့ တိုးတက်မူကို လိုက်မမှီတော့တဲ့ ဆုံးမမူမျိုး ဖြစ်တယ်

တဖျစ်တောက်တောက် ဆုံးမပြောဆိုမူ မျိုးဟာ သားသမီးများရဲ့ ခံစားမူကို အလေးမထားသလို သူတို့ရဲ့ မျက်နာကိုလည်း လစ်လှူ ရူ့ထားတဲ့ ဆုံးမမူမျိုး ဖြစ်ပါတယ်။ ပြောလေဆိုးလေ အဖြစ်မျိုးကို ဆိုက်ရောက်သွားစေနိုင်တာကို သတိထားသင့်ပါတယ်။

၂။ အရွတ်တိုက်တာမျိုး ဖြစ်စေနိုင်ခြင်း

တခါတလေ ပြဿနာ တစ်ခုကို တွေ့ပြီဆိုပါစို့၊ သားသမီး မှားတာဟုတ်ချင်မှလည်းဟုတ်မှာပါ။ ရှင်းပြခွင့်မပေးဘူး၊ ကောင်းကောင်းလည်းမမေးမြန်းဘူး၊ တစ်ခါထဲ ဆိုဆုံးမတော့တာမျိုး အချို့မိဘများပြုလုပ်တတ်ပါတယ်။ ပြီးရင်ဆက်တိုက်ကြီးပြောတယ်။ သားသမီးက ကြိုးစားပြီး ရှင်းပြပေမဲ့ အာခံတယ်ဆိုတဲ့ အဖြစ်မျိုးကို ရောက်ရှိသွားပြန်တယ်။ နောက်ဆုံးတော့ သားသမီးတွေ ဟာ မိဘဘာပြောပြော နားမထောင်တော့ဘဲ အချို့ စိတ်ကြီးတဲ့ သားသမီးများဟာ အရွတ်တိုက်ပြီး လုပ်ပြတတ်ပါတယ်။

၃။ မိဘအပေါ် သံယောဇဉ်နည်းသွားစေခြင်း

မိဘများအနေနဲ့ သင့်သင့်တဲ့ ဆိုဆုံးမမူမျိုး၊ သတိပေးစကားပြောတာမျိုး ပြောဆိုသင့်ပါတယ်။ မရပ်မနား တဖျစ်တောက်တောက် ဆိုဆုံးမနေခြင်းဟာ တစ်ဘက်သပ် စွပ်စွဲအပြစ်တင်တာမျိုး လို့ သားသမီး များ ခံစားသွားစေနိုင်ပါတယ်။ သားသမီးရဲ့ ခံစားချက် အမြင်တွေကို လေးစားတာမျိုး၊ အသိအမှတ်ပြုတာမျိုး လုံးဝ လစ်လှူ ရူ့သလိုဖြစ်သွားစေပါတယ်။ သားသမီးများမိဘအပေါ် ထားတဲ့ သံယောဇဉ် လျှော့နည်းသွားစေနိုင်ပါတယ်။

၎။ ကလေးများ၏ ယုံကြည်ချက်ကို ပျက်ပြားစေနိုင်ခြင်း

တဖျစ်တောက်တောက် ပြောဆိုငြီးတွားခြင်းဟာ အများအားဖြင့် မိဘများက ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်လို့၊ ထိန်းရကောင်းမှန်းလည်း မသိလို့ ဖြစ်ပေါ်လာတဲ့ အကျင့်ဖြစ်တယ်။ ဒီလိုကြာလာတာနဲ့ မိဘများရဲ့ ကိုယ့်ကိုကို ယုံကြည်မူ အားနည်းတဲ့ အကျင့်များဟာ သားသမီးကို ကူးသွားစေပါတယ်။

၅။ ထိန်းချုပ်တာ လွန်လွန်းတယ်လို့ သားသမီးများအား ယူဆသွားစေခြင်း

သားသမီးဆိုတာ ကိုယ်မွေးထားတာပဲ၊ ကိုယ်မွေးထားတဲ့ မျောက်ကို ကိုယ့်ကို ခြောက်လို့ ရမလား၊ သားသမီးဆိုတာ ထိန်းသိမ်းနိုင်မှ တော်ကာကျတယ်။ စသည်ဖြင့် ကိုယ်မွေးတိုင်း ကိုယ်ပိုင်ပစ္စည်းလို သဘောထားခြင်းဟာ အတ္တဆန်ခြင်းတစ်မျိုးဆိုတာ မိဘများလက္ခံချင်မှ လက္ခံပါလိမ်မယ်။ တဖျစ်တောက်တောက်ပြောဆိုခြင်းဟာ သားသမီးကို ထိန်းချုပ်လိုတဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ သားသမီးများဟာ အင်အားမမျှလို့သာ သီးခံရင်သီးခံနေမယ်။ တစ်ချိန်ချိန်မှာ ပြန်ကန်မှာ သေချာသလောက်ပါပဲ။ အဲဒီအခါမျိုးကျရင် ပုံမှန်အခြေအနေ ပြန်ရောက်ရှိဖို့ တော်တော်လေး ခက်ခဲသွားတတ်ပါတယ်။

၆။ နားပူနားဆာ ခံနိုင်ရည်တိုးပွားသွားစေခြင်း

တဖျစ်တောက်တောက် ပြောဆိုခြင်းဟာ ပိုးသတ်ဆေးဖြန်းသလိုပါပဲ၊ အသုံးများသွားရင် ပိုးတွေဟာ ဆေးကိုယဉ်ပါးသွားပါတယ်။ တဖျစ်တောက်တောက်ကို သားသမီးများ ယဉ်ပါးသွားရင် အဖေအမေ ကြိုက်သလိုပြော၊ အလကားပါ ဆိုသလို ဖြစ်သွားနိုင်ပါတယ်။

ရ။ တာဝန်ယူလိုတဲ့ အကျင့် ပျောက်သွားစေခြင်း

ကျောင်းကို ဒီကနေ့ ဘာစာအုပ်တွေ ယူသွားရမလဲ၊ အမေက သတိပေးပါလိမ့်မယ်။ ဒီနေ့ဘာဝတ်ရမလဲ အမေက ပြောပါလိမ့်မယ် စသည်ဖြင့် မိဘရဲ့ တဖျစ်တောက်တောက် ကို အားကိုးအားထား သဖွယ် အကျင့်ပါသွားတဲ့ သားသမီးအဖို့ ကိုယ့်ကိုကို တာဝန်ယူလိုစိတ် ပျောက်ဆုံးသွားတတ်ပါတယ်။

၈။ မိသားစုအတွင်း အပျက်စိတ်ထား များပွားများစေခြင်း

တဖျစ်တောက်တောက်ဟာ မိဘများရဲ့ အမြင်ကို အကြိမ်ကြိမ် ထင်ဟတ်စေတတ်ပါတယ်။ အပြစ်တင်တဲ့လေသံ၊ ဝေဖန်တဲ့လေသံ၊ မကျေမနပ်လေသံ၊ ရံဖန်ရံခါ ဆဲဆိုတဲ့ လေသံ ပါတတ်သောကြောင့် အနူတ်လက္ခဏာ ဆောင်ပြီး အပျက်သဘော ဆောင်တတ်ပါတယ်။ မိသားစု ရဲ့ပျော်ရွှင်မူကို ဖျက်စီးတတ်သလို မိသားစုဝင် အားလုံးကို လည်း စိတ်မသက်မသာ ဖြစ်ပေါ်စေနိုင်ပါတယ်။

၉။ သွယ်ဝိုက်ပြီး ရှင်ပြိုင်သလို ဖြစ်နေတတ်ခြင်း

တဖျစ်တောက်တောက်ဟာ ရင်ထဲက မကျေမနပ်မူများ လျှံထွက်သလို ဖြစ်တတ်ပါတယ်။ အခြားသူတစ်ဦးဦးရဲ့ စကားဖြစ်ဖြစ်၊ အခြားအိမ်ကလေးများရဲ့ အားသာချက်ဖြင့်ဖြစ်ဖြစ် မိမိကလေးနဲ့ ခိုင်းနိုင်းပြီး တဖျစ်တောက်တောက် ပြောဆိုတတ်ပါတယ်။ သားသမီး စိတ်တွင်း ဒဏ်ရာဒဏ်ချက် ရရှိသွားစေနိုင်ပါတယ်။ 

မိမိ ကလေးများအတွက် တဖျစ်တောက်တောက် အကျင့်များ ကင်းရှင်းနိုင်ကြပါစေ။

Ref: Wechat

Aung Ko Latt
https://www.facebook.com/permalink.php?story_fbid=1425256864441380&id=100008712392309&substory_index=0
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...