အစွန်း ချွတ်ဆေးများကြောင့် ကလေးငယ်များတွင် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်
သမန်းကျား၊ ရတနာပုံနေ့ စဉ်
အစွန်းချွတ်ဆေးကို မီးဖိုချောင်နှင့်ရေချိုးခန်းထဲတွင် လွန်စွာအားကိုးရသော ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သော် လည်း ကလေးသူငယ်များ တိုက်ရိုက်ထိတွေ့ မိလျင် ကူးစက်ရောဂါများ ပိုမိုလွယ်ကူစွာဖြစ် ပွားစေသည့် ကျန်းမာရေး ပြဿနာ ရှိနေကြောင်း နယ်သာလန်၊ ဖင်လန်နှင့် စပိန် နိုင်ငံတို့ မှ ပူးပေါင်းသုတေသီ များက ဆိုသည်။
အစွန်းချွတ်ဆေးများကို ပုံမှန်သုံးစွဲလေ့ရှိသော အိမ်၊ကျောင်း စသည့်နေရာများတွင် ကလေးသူငယ်များကို တုပ်ကွေး ရောဂါကူးစက်ခြင်း၊ အာသီးယောင်ခြင်း နှင့် အခြားကူးစက်ရောဂါ များဖြစ်ပွားမှုနှူန်းမှာ အစွန်း ချွတ်ဆေးနှင့် မထိတွေ့  ရသည့် ကလေးငယ်များနှင့် နှိုင်းစာလျင် အလွန်များပြားနေသည်ကို တွေ့ ရကြောင်း သုတေသီတစ်ဦးက ပြောပြသည်။
အစွန်းချွတ်ဆေးနဲ့  ထိတွေ့ မိရင် ကလေးတွေရဲ့  ကိုယ်ခံအားက လျော့နဲသွားနိုင်ပါတယ်။ ဒါကြောင့် ကူးစက်မှုတွေ ကလည်း ပိုလာတာပါ။ အမှတ်တမဲ့ဆိုရင် မသိသာတဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ ဒါကြောင့်လည်း မိဘတွေ က မသိနားမလည်ဘဲ အစွန်းချွတ်ဆေးကို သုံးမြဲသုံးနေမယ်ဆိုရင် အခြား ကျန်းမာရေးအားနဲချက်တွေ တစ်ခုပြီး တစ်ခု ပေါ်လာမှာဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။
လူတွေက ကြော်ငြာတွေကိုယုံပြီး အိမ်ထဲမှာ မိုက်ခရိုဘက်တီးရီးယားတွေ မရှိအောင်ဆိုပြီး အစွန်း ချွတ်ဆေးတွေ အလွန်အကျွံ သုံးလာကြပါတယ်။ မိုက်ခရိုဘက်တီးရီးယားတွေ သေတယ်၊ မသေဘူးဆိုတာ ဘယ်သူမှ သက်သေ မပြနိုင်ပေမယ့် သွေးသားနဲ့ ခံနိုင်ရည်စွမ်း နုနယ်နေသေးတဲ့ ကလေးငယ်တွေမှာ ကျန်းမာရေး ထိခိုက်လာတယ်ဆို တာ တော့ အမှန်ပဲဖြစ်ပါတယ်ဟု ၄င်းက ဖြည့်စွက်ပြောပြသည်။
သုတေသီများသည် နယ်သာလန်၊ ဖင်လန်နှင့် စပိန်နိုင်ငံတို့ မှ တစ်ပါတ်လျင် အနဲဆုံး ၁ ကြိမ်ခန့်  အစွန်း ချွတ်ဆေး များဖြင့် အိမ်သန့် ရှင်းရေးလုပ်သူများ၏ အသက် ၆ နှစ်မှ ၁၂ အရွယ် ကလေးပေါင်း ၉၁၀၀ ဦး တို့ အား စစ်တမ်း ကောက်ယူ စောင့်ကြည့်လေ့လာခဲ့ရာ ၄င်းတို့ သည် တုပ်ကွေး၊ အာသီးယောင်၊ ဆုံဆို့  နာ၊ လည်ပြွန်ယောင်၊ နျူမိုးနီး ယား အစရှိသည့် ရောဂါတို့  အဖြစ်များသည်ကို တွေ့ ရကြောင်း သိရသည်။
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မြို့ ကြီးများ၊ မီဂါစီးတီးများနှင့် သတိထားစရာများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ၂၀၁၅ ခုနှစ်တွင် လေ့လာသင့်သော Programming Language (၅) မျိုး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'