ဂျပန်နိုင်ငံက အမျိုးသား လိင်အင်္ဂါ ပွဲတော်

ထိုပွဲတော်မှာ ကျင်းပတဲ့သူတွေက လမ်းတစ်လျှောက်မှာ အမျိုးသား လိင်အင်္ဂါပုံစံ လေပူဖောင်းများ ၊ အရုပ် များကို တည်ဆောင်ထားပြီး ပွဲတော်မှာ ပါဝင်ဆင်နွှဲသူတွေဟာ အမျိုးသား လိင်အင်္ဂါ ပုံစံ လော်လီပေါ့ပ် သကြားလုံးတွေကိုလည်း စားသုံးနေကြတာကိုတွေ့ရမှာပါ။ တစ်ချို့ကလည်း အမျိုးသား လိင်အင်္ဂါပုံစံ အမှတ်တရ ပစ္စည်းတွေကို ၀ယ်ယူပြီး ပါဝင်ဆင်နွှဲကြပါတယ်။
ဧပြီ ၅ ရက်နေ့တိုင်း ကျင်းပတဲ့ ထိုပွဲတော်ဟာ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းနဲ့ မျိုးပွားနိုင်စွမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ Kanayama ဘုံကျောင်းမှာ ဗဟိုပြုကျင်းပတာပဲဖြစ်ပါတယ်။ ကျင်းပရတဲ့ အကြောင်း အရင်းကတော့ ၁၇ ရာစု မှာဖြစ်ပျက်ခဲ့တဲ့ မိန်းမလှလေး တစ်ဦးနဲ့ သွားချွန် မိစ္ဆာတို့ရဲ့ အချစ်ဇာတ်လမ်းလေး ကို အခြေခံထားတယ်လို့ သိရပါတယ်။
ထိုမိစ္ဆာက မိန်းမပျိုလေးကို ဖမ်းချုပ်ထားစဉ်မှာ ရွာထဲက လက်နက်ရုံတွေက ပူးပေါင်းပြီး အမျိုးသား လိင် အင်္ဂါပုံစံ စတီးလက်နက် တစ်ခုနဲ့ ထိုမိစ္ဆာရဲ့ သွားချွန်တွေကို ဖျက်ဆီးပြီး မိန်းမပျိုကို ကယ်တင်နိုင်ခဲ့ တာဖြစ်ပါတယ်။ အဲဒီကစပြီး ထိုလက်နက်ကို ဂုဏ်ပြုတဲ့အနေနဲ့ Steel Phallus ပွဲတော် အဖြစ် ကျင်းပ ခဲ့ရာကနေ နောက်ပိုင်း ထိုမြို့ရဲ့ ဘုံကျောင်းဖြစ်တဲ့ Kanayama ဟာ လိင်လုပ်သား အများစု လာရောက် ဆုတောင်းရာ စုဝေးရာ နေရာတစ်ခုလည်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ထို ဘုံကျောင်းဟာ နောက်ပိုင်းမှာ စိတ်ချရတဲ့ လိင်ဆက်ဆံမှုတွေ အကြောင်းနဲ့ HIV ပိုးအကြောင်း ဗဟုသုတတွေကို ဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပြီး လိင်တူ ဆက်ဆံသူတွေကို ကုညီပံ့ပိုးတဲ့ LGBT အဖွဲ့အစည်းနဲ့ အတူ လူသိများလာခဲ့တာ ဖြစ်ပါတယ်။
Ref:mirror.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) တီဗီကြည့်ရင်း စမတ်ဖုန်းသုံးပါက ဦးနှောက်ပျက်နိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်ထွေရာလေးပါး...၉၃ မမြင်ရသော ဆေးဝါးများ Fujifilm X Pro1 Review - Digital Camera
- (အနောကျသို့) ကျန်းမာပျော်ရွှင်တဲ့ ဘ၀မျိုးကို ရရှိဖို့ရာ အမျိုးသားတွေအနေနဲ့ ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်သင့်တာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်ထွေရာလေးပါး...၉၃ မမြင်ရသော ဆေးဝါးများ Fujifilm X Pro1 Review - Digital Camera