စင်္ကာပူနိုင်ငံ ခေါင်းဆောင်တွေရဲ့ အရည်အချင်းကောင်းတခု

ကျနော် စင်္ကာပူကို ၁၉၉၀နှစ်ဆန်းပိုင်း မှာရောက် ပါ တယ်။. အဲဒီအချိန်က .မြန်မာအပါ အဝင်နိုင်ငံခြား သားတွေဟာ၊. စင်္ကာပူမှာ အလုပ်လုပ်ခွင့် ရဖို့အတွက်၊. အလုပ်ခန့်မဲ့ စင်္ကာပူ ကုမ္ပဏီတွေက EP (Employment_Pass)လျှောက်ပေး ရပါတယ်။. အဲဒီ တုံးက ၊.S.Pass ဆိုတာ မပေါ်သေး ပါဘူး။. WPနဲ့ အလုပ် လုပ်တဲ့မြန်မာလဲ မတွေ့ဖူး သလောက်ပါပဲ။. အဲဒီအချိန်က ၊.EPလျှောက်ရင်၊. approveဖြစ်၊. မဖြစ် အဖြေသိရဖို့၊. အချိန် အတော်ကြာစောင့် ရပါတယ်။. တလ ကနေ၂လထိ ကြာတတ်ပါတယ်။. EPလျှောက် ထားပြီး၊. အဖြေစောင့်နေစဉ် ကာလအတွင်းမှာ၊ .စင်္ကာပူမှာနေ ထိုင်ခွင့် stayကို. စင်္ကာပူအစိုးရ ကပေးထား ပါတယ်။. အဲဒီအချိန်က .EPကျဖို့.စင်္ကာပူ အစိုးရကလဲ.. စင်္ကာပူ အစိုးရ ကလဲ.သူ့နိုင်ငံကို အကျိုးပြုမဲ့သူဟုတ်. မဟုတ်သေချာ စိစစ်တာကိုး။. ကျနော့်သူငယ်ချင်း တချို့ဆိုရင်. အင်တာ ဗျူးဖြေပြီး လို့ ကြိုက်တာနဲ့. ကုမ္ပဏီက. EP တင်ပေးတယ်။ .နှစ်လလောက်ကြာတော့. rejectတဲ့။ .ကုမ္ပဏီ ကလဲ. EP တင်ပေးတယ်.appeal_letter အသနား ခံစာ တင်ပေးတယ်။ .နှစ်လကြာပြန်တော့လဲ. အဖြေထွက်လာပြန် တယ်။. ဒီတခါလဲ. reject ပါပဲတဲ့။. တချို့ဆိုရင် .EPလျှောက်လွှာတင်ရတဲ့ immigration ရုံးကို. ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင် လိုက်သွားပြီး. အသနားခံစာကို (၃) ခါလောက် တင်ပေးတယ်။ .ဒါလဲ EPမကျပါဘူး .နောက်ဆုံးတော့. အဲဒီသူငယ်ချင်းတွေလဲ. -၆လလောက်. အလုပ် မရှိပဲ .နေနေရလို့. ပိုက်ဆံလဲကုန်. စိတ်ဓာတ်ကလဲ ကျတော့ ၊.မြန်မာနိုင်ငံ ကို၊.ပြန်သွားကြရရှာတယ်။. ဒါတွေရေးပြပေးတာ. EP အကြောင်းပြောချင်လို့ မဟုတ်ပါဘူး။. အဲဒီ အချိန်တုံးက. ပညာတတ် ဗမာလူမျိုးတွေဟာ စင်္ကာပူမှာ. အလုပ်ရခွင့်ရဖို့. အင်မတန်ခက်တယ်ဆိုတာ. သိစေချင် လို့ပါ။

စင်္ကာပူနိုင်ငံဟာ. အရင်က မလေးရှားနိုင်ငံရဲ့ ကျွန်းလေးတခုပါ။ .နိုင်ငံအကျယ်အဝန်းဟာ. ရန်ကုန်မြို့နယ်နိမိတ် သာသာပဲ ရှိပါတယ်။. -၁၉၆၅ခုနှစ်မှာ. လီကွမ်းယူဦးဆောင်တဲ့ အတိုက်အခံပါတီက မလေးရှားနိုင်ငံအောက် ကနေ.ခွဲထွက်ခဲ့လို့. စင်္ကာပူနိုင်ငံရယ်လို့၊ .ပေါ်ပေါက်လာခဲ့တာပါ။. အဲဒီခွဲထွက်တဲ့နှစ်က စပြီး .နစ်စဉ် .သြဂုတ်လ (၉)ရက်နေ့တိုင်းမှာ. သူတို့ရဲ့အမျိုးသားနေ့ National_Day_Celebration ကို ညနေစောင်း ၆နာရီလောက်က စပြီး. ည၁၀နာရီလောက်အထိ၊ .ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ ရှိပါတယ်။. တိုက်လေယာဉ်တွေကောင်း ကင်မှာ. ဂျွှမ်း ထိုးမှောက်ခုံ ပျံပြကြတယ်။ .လေယဉ်ပျံပေါ်က၊ .လေထီး စစ်သည်တွေဟာ. အခမ်းအနား ကျင်းပနေတဲ့ ပရိသတ် ကြားထဲလေထီးခုန်ဆင်း ချလာတာတွေပြတယ်။. အမြောက်တင့်ကားတွေ လှည့်လည်ပြတယ်။ .ညမှောင်လာ တာနဲ့၊ .ကောင်းကင်တခုလုံး လင်းထိန်သွားအောင် ၊မီးရှုးမီးပန်းတွေ ပစ်ဖေါက်ကြတယ်။

အဲဒီ National_Day ပွဲကြီး အပြီး.တပါတ်လောက်အကြာ .ညပိုင်း၈နာရီလောက်မှာ. စင်္ကာပူဝန်ကြီးချုပ်က .National_Day_Speech မိန့်ခွန်းပြောလေ့ ရှိပါတယ်။. အများအားဖြင့်. တက္ကသိုလ်ကြီးတခုခုရဲ့ ခန်းမကြီးထဲမှာ လုပ်ပါတယ်။. ဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတွေက လူတွေ. အစိုးရပါတီ သာမကပဲ. ရာနဲ့ချီတက်ရောက်ကြပြီး. ရာနဲ့ချီတက်ရောက်ကြပြီး.National_Day မိန့်ခွန်းကို နားထောင်ကြပါတယ်။- ရုပ်မြင်သံကြားကနေလဲ. တနိင်ငံလုံး ကို တိုက်ရိုက် ထုတ်လွှင့်ပြသပေးပါတယ်။. အဲဒီNational_Day မိန့်ခွန်းကို. စင်္ကာပူနိုင်ငံသားအားလုံး စိတ်ဝင် တစားနဲ့ ရုပ်မြင်သံကြားကနေ .ကြည့်ရှုနားထောင်ကြပါတယ်။. ဘာကြောင့် သူတို့စိတ်ဝင်စားကြတာလဲ။

ဒီလိုနေ့မျိုးမှာ. အစိုးရအနေနဲ့ လူထုကိုရှေ့မှာ ဘာစီမံကိန်းတွေလုပ်မယ်။. အမြတ်ခွန်တွေလျှော့ကောက်ပေးမယ်။. ဒီနှစ်စီးပွားရေးကောင်းလို့ လူတိုင်းကို bonus ဘယ်လောက်ပေးမယ် စတာတွေပြောပါတယ်။. စင်္ကာပူလူမျိုးတွေ ကလဲ.ဝန်ကြီးချုပ် မိန့်ခွန်းကို နားထောင်ပြီးပျော်ကြတယ်။. အားတက်ကြတယ်။. ကျနော်လဲ. အဲဒီမိန့်ခွန်းကို၊ .နှစ်စဉ် နားထောင်လေ့ရှိပါတယ်။. ဘာကြောင့်လဲဆိုတော့. အစိုးရအနေနဲ့ ဘာမူဝါဒတွေ ချမှတ်တော့မယ်လို့ .ပြောလိုက် ရင် တချို့မူဝါဒတွေဟာ. ကျနော်တို့လိုနိုင်ငံခြားသားတွေနဲ့လဲ. သက်ဆိုင်လာနိုင်တာကိုး။

၁၉၉၁ ခုနှစ်လား.-၁၉၉၂ခုနှစ်မှာလား၊ .ကာင်းကောင်း မမှတ်မိတော့ဘူး။ .ကျနော်လဲ. အိမ်က ရုပ်မြင်သံကြား ကနေ.National_Day မိန့်ခွန်းကို ကြည့်နေမိတယ်။ .မိန့်ခွန်းပြောတဲ့ ဝန်ကြီးချုပ်က. အခုလက်ရှိစင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ အဖေ.လီကွမ်းယူဖြစ်ပါတယ်။ .လီကွမ်းယူဟာ .ရှေ့နေ တယောက်ဖြစ်ခဲ့လို့ ထင်တယ်. အလွန် စကားပြောကောင်းပါတယ်။. ချက်ကျလက်ကျနဲ့ ပွင့်ပွင့် လင်းလင်းပြောတတ်တယ်။. ထုံးစံအတိုင်း .စင်္ကာပူ နိင်ငံ ရဲရှေ့ရေးနဲ့ ပတ်သက်ပြီး.နိုင်ငံရေး. စီးပွာရေး. လူမှုရေး. ပညာရေး .ကျန်းမာရေး စတာတွေ. အစိုးရအနေနဲ့ ဘာတွေဆောင်ရွက်မယ် ဆိုတာ -ရှင်းပြပါတယ်။. စင်္ကာပူစီးပွားရေးနဲ့ ပတ်သက်လို့.ပြောပြနေရင်းနဲ့. လီကွမ်းယူ က. စကားတခွန်းပြောပါတယ်။

အဲဒါဘာလဲဆိုတော့၊ "အခု.စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးဟာ အရမ်းတိုးတက်နေတယ်၊. ဒီထက်မက. တိုးတက်ဖို့ ဆိုရင်. စင်္ကာပူရဲ့ လက်ရှိ အလုပ်လုပ်နေကြတဲ့ လူအင်အားနဲ့ မလုံလောက်တော့ဘူး။ .နိုင်ငံခြားက. အတတ် ပညာရှင်တွေ အများကြီး ဒီမှာအလုပ်လာလုပ်ဖို့ လိုအပ်နေပြီ။. ဒါပေမဲ့.ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ .စီးပွားရေးကောင်းလာကြတော့ .အဲဒီနိုင်ငံက လုတွေဟာ. စင်္ကာပူကို လာအလုပ်မလုပ်ကြတော့ဘူး။ .ဒါကြောင့်. ကျနော်တို့အနေနဲ့ အိမ်နီးချင်း မဟုတ်တဲ့ နိင်ငံတွေကနေ. အလုပ်လာလုပ်မဲ့ သူတွေ ရှာကြရတော့မယ်။ .ဥပမာ အနေနဲ့.မြန်မာနိုင်ငံ လိုမျိုးပေါ့" တဲ့။

အဲဒီမိန့်ခွန်းပြောပြီး-၂ပါတ်လောက် အကြာမှာ.-၂ပါတ်လောက်နဲ့ approveဖြစ်တယ်။. သိရသလောက်ဆိုရင် EP တင်သမျှမြန်မာတွေကို. approveလုပ်ပေးတယ်။. ကျနော်ပြောချင်တာက. သူတို့နိုင်ငံကခေါင်းဆောင်ပြောလိုက်တဲ့ စကားကိုအောက်ခြေ အစိုးရဝန်ထမ်းတွေဟာ .ချက်ခြင်းအကောင်အထည်ဖေါ်ကြတယ် ဆိုတာပါ။

၂၀၀၉ ခုနစ်တုံးက .National_Day မိန့်ခွန်းကို ရုပ်မြင်သံကြားကနေကြည့်မိပြန်တယ်။. ဒီတခါ.မိန့်ခွန်းပြောသူက. အခုလက်ရှိ ဝန်ကြီးချုပ်လီရှန်လွန်းပါ။. သူက မိန့်ခွန်းပြောရင်းနဲ့. စင်မြင့်ပေါ်က. ပိတ်ကားအဖြူကြီးမှာ. slide ဆလိုက်ထိုးပြပါတယ်။၊. animationခေါ်တဲ့ ရုပ်ပုံကို အသက်ဝင်အောင်. ဖန်တီးပြီး slideထိုးပြတာပါ .ပြကွက်က Marina_Bay ဆိုတဲ့ Singapore_Riverဘေးနားက. ပင်လယ်ကမ်းဘေးမှာ .ပင်လယ်ရေပြင်ထဲကိုသဲ၊. ကျာက် တုံးတွေ့ဖို့ပြီး .မြေပြင်ဖြစ်အောင် လုပ်ထားတဲ့နေရာပါ။. အဲဒီအချိန်က Marina_Bayနေရာမှာ .Esplanade ကဇာတ်ရုံနဲ့ အချို့Shopping_Centerတွေက လွဲရင်. ဘာသစ်ပင်. ဘာအဆောက်အအုံမှ မရှိတဲ့ လွင်တီးပြင်ကြီး ပါ။

သူက. slide ထိုးပြရင်းပြောပါတယ်။ "ကျနော်တို့ရဲ့ စင်္ကာပူနိုင်ငံဟာ .ကျဉ်းကျဉ်းလေး ဆိုတော့. သုများနိင်ငံတွေ လို.စိုက်ပျိုးရေး လုပ်လို့မရဘူး။ .စက်မှုနိုင်ငံကြီး ထူထောင်လို့လဲ မရဘူး။ .ဒီတော့ကျနော်တို့ Tourist လုပ်ငန်းနဲ့ပဲ .နိုင်ငံ့ဝင်ငွေ ရှာကြရတော့မယ်။. အဲဒီတော့Touristတွေ လာချင်အောင် .ဒီနေရာမှာဟောဒီလို Casino ကစားဝိုင်း ပါတဲ့ မိုးမျော် ဟိုတယ်ကြီးဆောက်မယ်။. အဲဒီအဆောက်အဦကြီးကို Marina_Bay_Sands လို့ နာမည်ပေးမယ် ဗျာ။. ဒီနေရာမှာတော့. ဒီလိုမိုးထိမြင့်တဲ့ Singapore_Flyer ချားရဟတ်ကြီးဆောက်မယ်ဗျာ။. ဒီနေရာကျပြန်တော့. ဒီလိုသံတွေ .ကွန်ကရစ်တွေနဲ့ လုပ်ထာပြီး. အဲဒီအပေါ်မှာ သစ်ပင်ပန်းမံတွေ ဖုံးထားတဲ့ ဒီလိုဥယဉ်ကြီးဆောက် မယ်၊. အဲဒီဥယျဉ်ကြီးကို Gardens_by_the_Bay လို့ နာမည်ပေးမယ်ဗျာ" စသဖြင့်ပြောရင်း. အဲဒီအဆောက် အဦတွေကို. ဟယ်လီကော်ပတာပေါ်ကနေ. အပေါ်စီးမြင်ရတဲ့ ပုံမျိုနဲ့. animation လုပ်ပြသွားတယ်။. ဒီစီမံကိန်းကြီး ဟာ.-၅နစ်နဲ့၁၀နှစ်ကြား ကြာမှာပေါ့လို့ သူက ဆက်ပြောပါသေးတယ်။. လီရှန်လွန်းပြခဲ့တဲ အဲဒီanimation_slide ပုံတွေကို၊ အခုထိမျက်စိထဲ ၊မြင်ယောင်နေမိ ပါသေးတယ်။

အခု-၅နှစ်ကျော်ကြာလာခဲ့ပြီ။. Marina_Bayနေရာကြီးဟာ .ဝန်ကြီးချုပ်လီရှန်လွန်း slide ထိုးပြခဲ့တဲ့ ပုံတွေအတိုင်း အတိအကျပဲ. အလွန်လှပတဲ့. အဆောက်အဦကြီးတွေ အပြိုင်းအရိုင်းပေါ်လာကြပြီ။ .Touristတွေကလဲ. ဒီလို လှပတဲ့နေရာကို လာကြည့်လိုက်ကြတာ၊ .နေ့စဉ်တဖွဲဖွဲပဲ။ .စင်္ကာပူဟာ tourist ဝင်ငွေတွေလဲ. မတရားရနေပြီ၊၊. Marina_Bay_Sands က. ဟိုတယ်ခနဲ့ Casino ကစားဝိုင်းတွေက .ရတဲ့ အခွန်အခချည်းပဲ၊ .နှစ်စဉ်ဒေါ်လာ သန်းရာချီရနေတယ်။

အဲဒီတော့.ကျနော် ဘာသွားစဉ်းစားမိသလဲ ဆိုတော့. စင်္ကာပူနိင်ငံကခေါင်းဆောင်တွေဟာ. သူတို့ရဲ့ အစိုးရရှေ့ ဘာလုပ်မယ်ဆိုတာ. လူထုကိုရှင်းပြရုံမက. မျက်စိနဲ့မြင်အောင် ပါပြတတ်ကြတယ်။ .ပြောပြီးရင်လဲ .ပြောတဲ့ အတိုင်းဖြစ်အောင် လုပ်ပြတယ်။.အဲဒါကို.နိင်ငံ့ခေါင်းဆောင် တယောက်ရဲ့ အရည်အချင်းကောင်း တရပ်လို့၊ကျနော်ပြောချင်တယ်။

နောက်ပြီးတော့လဲ. ဒီခေါင်းဆောင်တွေဟာ. အတိတ်ကဖြစ်ရပ်တွေကို .ချီးမွန်းခန်း ဖွင့်မနေကြပါဘူး။ .ရှေ့ဘာ စီမံကိန်းတွေ လုပ်မယ်. ဘတ်ဂျက်ထဲက၊ .ငွေဘယ်လောက် သုံးမယ်. ဒီစီမံကိန်းကြောင့် လူထုမှာဘာတွေ အကျိုး ရှိသွားမယ်. စီမံကိန်း ဘယ်အချိန်မှာ ပြီးမယ်ဆိုတာတွေ ပဲပြောတတ်ကြတယ်။ .နို့သောက်ကြပါ။ .နယ်လှည့် ပါး ရိုက်မယ်။. ထမင်းတနပ်လျှော့စားပါ. လျှပ်စစ်မီးချွှေတာဖို့. ဖယောင်းတိုင်ထွန်းကြပါ ဆိုတာမျိုးတွေ မပြောကြပါဘူးဗျာ။

C@ https://www.facebook.com/thein.pe.3/posts/10203681601869258
------------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...