အခြေခံ Flash သုံးနည်း...

ဒီနေ့က အမှန်ဆို Depth Of Field Preview ခလုပ်အကြောင်းရေးဖို့ စဉ်းစားထားတာပါ..။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် Message ၃၊ ၄ ခုနဲ့ Comment တွေမှာ Flash ကို ဘယ်လိုသုံးရမလဲဆိုတာတွေ သတိထားမိတဲ့အတွက် ဒီပို့စ်ကို ကြားဖြတ်ရေးလိုက်တာပါ..။

Short Tutorial ပါပဲ..။ Theory တွေ Technical Detail တွေထက်..။ Flash ဝယ်ပြီးသွားတဲ့သူတွေကို လက်တွေ့ ဘယ်လို ရိုက်နိုင်မလဲ ဆိုတာကို သိစေချင်လို့ပါ..။ ကျွန်တော် အရင် Post မှာလည်း ကျွန်တော်ပြောပြဖူးပါတယ်..။ ကျွန်တော်လည်း ဝယ်ပြီးကာကစ ဘယ်လိုသုံးရ မှန်းမသိပါဘူးလို့..။ အဲ့ဒီ့အတွက် ကျွန်တော် ကိုယ်ချင်းစာပါတယ်...။

ဟုတ်ပြီဗျာ..။ ဒါတွေထားလိုက်တော့..။ အဓိက အားဖြင့် Flash တွေမှာ ( ကျွန်တော်ပြောတာ Studio Flash တွေ မဟုတ်ဖူးနော်..။ Camera မှာတပ်တဲ့ Flash တွေကိုပြောတာ) အောက်ပါအတိုင်း အဓိက Mode (Function) ၄ ခု ပါပါတယ်..။

(1) ETTL/ETTL II (Auto Mode, ဒီ Mode က Camera မှာ ပေးထားတဲ့ Shutter, Aperture, ISO တွေအပေါ် မူတည်ပြီး အလိုလို အလင်းပေးတယ်..။)

(2) Manual (ဒီ Mode က လူသုံးများတယ်။ Flash Ratio ကို Full, Half (1/2), 1/4, 1/8, 1/16, 1/32, 1/64 ကနေ 1/128 အထိ သတ်မှတ်ပေးလို့ရတယ်)

(3) Multi ( ဒီကောင်က ကျွန်တော် ဟိုတစ်ခါပြောဖူးတဲ့ Stroboscopic လို Photography မျိုးမှာ သုံးတယ်)

(4) Zoom ( ဒီကောင်က Range ဘယ်လောက်မှာ Flash ကို လိုချင်တယ်ဆိုတာကို Manually သတ်မှတ်ပေးနိုင်ပါတယ်။ အများဆုံး 24mm Wide ကနေ 200mm အထိရပါတယ်.။ အကွာအဝေးကို Focal Length နဲ့ တွက်ပါတယ်..။ Guide Number နဲ့လည်း တွက်နိုင်ပါတယ်..။ 200mm ဆိုတာ 20cm ကို ဆိုလိုခြင်းမဟုတ်ပါ..။ Focal Length ကို ပြောခြင်းဖြစ်ပါတယ်။)

ဒီ ၄ ခုက အခြေခံပါတာပါ..။ ဒီနေရာမှာ လောလောဆယ် ETTL/ETTL II , Multi, Zoom တွေကို ခဏမေ့ပြီးတော့ Manual အကြောင်းပဲ ကျွန်တော်ပြောမှာ ဖြစ်ပါတယ်..။ ETTL/ETTL II က Auto ဖြစ်တဲ့အတွက် ကျွန်တော်ပြောစရာမလိုပါဘူး..။ Multi Flash အကြောင်းက Stroboscopic အကြောင်းတုန်းက ကျွန်တော်ပြောခဲ့ပြီးပါပြီ..။ Zoom ကလည်း သိပ် အတိအကျလိုချင်တဲ့သူတွေမှ သုံးတာ ဖြစ်တဲ့အတွက် သုံးခဲပါတယ်...။

ဟုတ်ပြီ ကျွန်တော်တို့ Camera လည်း ရှိပြီ..။ Flash လည်း ဝယ်ပြီးသွားပြီ စရိုက်တော့မယ်ဆို ဘယ်လို လုပ်မလဲ..။ Camera View Finder ထဲမှာကြည့်တော့ Metering က Exposure အမှန်ပြနေရဲ့သားနဲ့ Flash ကို Manual ပေးပြီး တီးထည့်လိုက်တာ အကုန်ဖြူဖွေးကုန်တယ်..။ ဘယ်လိုလုပ်ရမလဲ..။ ဘာမှားနေသလဲ..။ မှားတာမှ အကြီးကြီးပေါ့ဗျာ..။

Camera ကို Exposure (Meter) တိုင်းခိုင်းလိုက်တဲ့အချိန်တုန်းက Flash က ပေါက်တဲ့ အလင်းမပါ ဘူးလေဗျာ..။ ဒီအတိုင်းရှိနေတဲ့ Subject နဲ့ Ambient Light ကို တိုင်းလိုက်တာ..။ ဒီအတိုင်း တိုင်းထားတာက Exposure 0 ဖြစ်နေမှတော့ Flash မီးလည်းပေါက်လိုက်ရော Over Expose ဖြစ်ပြီပေါ့ဗျာ....။ ဟုတ်တယ်မလား..?

အဲ့ဒီ့တော့ ဘယ်လိုလုပ်မလဲ..။ Flash ပေါက်တဲ့ မီးကိုပါ Meter ထည့်တိုင်းချင်ရင် ဘယ်လိုလုပ်ရမလဲ...? Flash Meter ဝယ်ပါ...။ Sekonic က ထုတ်တဲ့ Flash Meter တွေ ဝယ်ဖို့လိုပါတယ်...။ Meter တိုင်းတဲ့ ကိရိယာမှာ ကိုယ်ထားချင်တဲ့ Shutter Speed နဲ့ ISO ကို သတ်မှတ်ပေးရင် Flash Meter က Aperture Value ကို တွက်ပေးပါလိ့မ်မယ်..။ Aperture နဲ့ ISO ကို ထားပေးရင်..။ Shutter Speed ကို တွက်ပေးပါလိမ့်မယ်..။ Shutter နဲ့ Aperture ကို သတ်မှတ်ပေးရင်..။ ISO ကို တွက်ပေးပါလိ့မ်မယ်..။

ဆိုပါတော့ဗျာ ကျွန်တော်က Camera မှာ Shutter ကို 1/80s ( ကျွန်တော်က 24-70 နဲ့ ရိုက်တယ် ဆိုပါတော့..။ Camera Hand Shake မဖြစ်ဖို့အတွက် အနဲဆုံး 1/Focal Length လိုတယ်..။ ကျွန်တော့် Lens ရဲ့ အများဆုံး Focal Length က 70mm ဆိုတော့..။ ကျွန်တော်က လိုရမယ်ရ 1/80s ထားလိုက်တယ်..။ ) ISO ကို ၁၀၀ ပေးလိုက်တယ်..။

Flash ကို Camera မှာ တပ်ထားလိုက်တယ်..။ ပြီးတော့ ကိုယ်ရိုက်မယ့် Subject (ဥပမာ မော်ဒယ်ပေါ့ဗျာ) ကို ချိန်ထားလိုက်တယ်..။ Flash မှာ Manual ပေးတယ်..။ Full Power (ဆိုပါတော့) ပေးလိုက်တယ်..။ ဒါတွေအားလုံးပြီးသွားပြီဆိုရင်....

Flash Meter သုံးတော့မယ်ဆိုရင် သေချာပေါက် မိတ်ဆွေမှာ Assistant တစ်ယောက်ရှိဖို့ လိုမှာ ဖြစ်ပါတယ်..။

အပေါ်ကဟာကို ပြန်ဆက်...။ ဒါတွေ အားလုံးပြီးသွားပြီဆိုရင်..။ မိတ်ဆွေရဲ့ Assistant ကို Flash Meter ကိုင်ခိုင်းပြီး..။ မော်ဒယ်ဆီ သွားခိုင်း..။ ပြီးရင် မော်ဒယ်ရဲ့ မေးစေ့ အောက်ကနေ..။ Flash Meter ကို Camera ဘက် ချိန်ပြီးတော့ ထားခိုင်းပါ..။ သူ Ready ဖြစ်ပြီ ဆိုတာနဲ့ ..။ မိတ်ဆွေက Flash မှာရှိတဲ့ Pilot Button လေးကို နှိပ်ပြီး Test Fire တစ်ချက်ပေးလိုက်ပါ..။ အဲ့ဒီ့မှာ Flash Meter က မိတ်ဆွေအတွက် လိုအပ်တဲ့ Aperture Value ကို ထုတ်ပေးပါလိ့မ်မယ်..။ ဆိုပါတော့ f/8 ဆိုရင်..။ မိတ်ဆွေရဲ့ စောစောက လိုအပ်နေတဲ့ Camera Setting မှာ f/8 ပေးလိုက်ပါ..။ f/11 ဆိုရင် f/11 ပေးလိုက်ပါ..။ ဒါဆို အားလုံး Ready ဖြစ်သွားပါပြီ..။ ရိုက်ရုံပါပဲ..။

ဒီနေရာမှာ သတိထားရမှာက Camera မှာ Shutter Speed နဲ့ ISO ကို Constant ပေးထားရင်...။ Flash Meter မှာလည်း Shutter Speed နဲ့ ISO ကို Constant ပေးရပါမယ်..။ Camera မှာ Aperture နဲ့ ISO ဆိုရင် Flash Meter မှာလည်း Aperture နဲ့ ISO ပေးရပါမယ်..။ ဆိုလိုတာက Camera က Constant နဲ့ Flash Meter က Constant အတူတူပေးရပါမယ်..။ သို့မဟုတ်ရင် အကုန် ဂွကျကုန်ပါလိ့မ်မယ်..။ Camera က လိုချင်နေတာက Aperture Value... Light Meter ကပေးတာက Shutter Speed နဲ့..။ အကုန် ဝက်ဝက်တွေ ကွဲကုန်ပါလိ့မ်မယ်...။

ဒါကတော့ အခြေခံ Flash Meter သုံးနည်းပါ..။ ဒီလောက်ဆို Flash Meter ကို ဘယ်လိုသုံးရမယ်ဆိုတာ အခြေခံအားဖြင့် နားလည် သွားလောက်ပါပြီ..။

ဟုတ်ပြီ..။ Flash Meter တစ်ခုက သိန်းကျော်တယ်..။ ပိုကောင်းရင် ပိုဈေးကြီးတယ်..။ Flash Meter မဝယ်ချင်လို့ဖြစ်စေ..။ မဝယ်နိုင်လို့ ဖြစ်စေ..။ Flash Meter မရှိပဲ ဘယ်လို တိုင်းမလဲ.... ? ကျွန်တော်လည်း Flash Meter မရှိပါဘူး..။ မဝယ်နိုင်လို့ပါ..။ ဒီတော့ အောက်မှာ ဆက်ရေးမယ့် အကြောင်းအရာကတော့ ကျွန်တော့်လို Flash Meter မဝယ်နိုင်တဲ့သူတွေ..။ ဝယ်နိုင်ပေမယ့် မဝယ် ချင်တဲ့သူတွေအတွက်ပါ...။

ပထမဆုံးအနေနဲ့...။ Camera ကို...။ Setting အရင် လုပ်ရပါမယ်..။ ဒီ Tutorial မှာ အားလုံး ဆင်တူဖြစ်သွားအောင်..။ ကျွန်တော်တို့ 18-55 Lens နဲ့ ရိုက်တယ်လို့ သတ်မှတ်လိုက်မယ်ဗျာ...။ အားလုံးနီးပါး ဒါလေးတော့ ရှိကြတယ်လေ..။

ဆိုတော့...။ Camera Setting ပေးပါမယ်..။ ဥပမာ Model ရိုက်မယ်ပေါ့ဗျာ..။ အိမ်မှာရှိတဲ့ မိတ်ဆွေရဲ့ အိမ်သူသက်ထားကိုပဲ ဖြစ်ဖြစ်..။ ချစ်ချစ်ကိုပဲ ဖြစ်ဖြစ်..။ ယုတ်ဆွအဆုံး..။ သူ့ဘာသာသူ အိပ်နေတဲ့ ခွေးဘီလူးလေး တစ်ကောင်ကိုပဲ ဖြစ်ဖြစ်ပေါ့ (ငြိမ်ငြိမ်နေခိုင်းဖို့တော့ လိုပါလိမ့်မယ်..။ :D ) ဒါမှ မဟုတ် ဖန်ခွက် တစ်ခွက်ကို ချထားပြီး ရိုက်လည်း ဖြစ်တယ်ဗျာ...။

Camera Setting မှာ Aperture f/8 ပေးပါတယ်..။ ဘာလို့လဲဆိုတော့ Flash Shot ဖြစ်သွားပါပြီ..။ Subject တစ်ခုကို သေသေချာချာ ရည်ရွယ်ချက်ရှိရှိ တည်ရိုက်ခြင်း ဖြစ်ပါတယ်..။ ဒီတော့ Sharpness ကောင်းကောင်းလိုချင်ပါတယ်..။ Detail များများလိုချင်ပါတယ်...။ ဒီ့အတွက် f/8 , f/11 စသဖြင့် Sweet Point အများဆုံးရှိတဲ့နေရာကို ထားခိုင်းခြင်း ဖြစ်ပါတယ်..။

Note - Lens တိုင်းမှာ Sweet Point ဆိုတာရှိပါတယ်..။ အဲ့ဒီ့ Lens ရဲ့ Sharp အဖြစ်ဆုံး Aperture Vale ပါ..။ Lens တစ်ခုနဲ့ တစ်ခု မတူတဲ့အတွက် သီးသန့် စစ်ဆေးရပါတယ်..။ ဒါပေမယ့် များသောအားဖြင့် f/8 နဲ့ f/11 မှာ Lens တော်တော်များများရဲ့ Sweet Point တွေ ရှိကြပါတယ်..။

Aperture ကို f/8 ထားပေးပြီးသွားရင် ...။ Shutter အလှည့်ပါ..။ Shutter ကို ကျွန်တော်တို့ 1/60s အနဲဆုံးထားပေးရပါမယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရိုက်တဲ့ Lens က 18-55 ကိုး...။ ဒီတော့ 1/Focal Length ဆိုတော့ Shutter မှာ 1/55s မှ မရှိတာ..။ ဒီတော့ 1/60s ပေါ့...။ ဒီအထိ အိုကေမယ်ထင်ပါတယ်..။

နောက်ဆုံး..။ ISO ကို Canon သမားတွေဆိုရင် 100... Nikon သမားတွေဆိုရင် 200 ပေးလိုက်ပါ..။

ဒါဆိုရင် Camera Setting အားလုံးပြီးသွားပါပြီ..။ အခု Flash Setting လာပါမယ်..

Flash မှာ Manual Mode ကိုရွေးပေးပါ..။ ပြီးရင် လိုရမယ်ရ Power ကို Half (1/2) ပေးလိုက်ပါ...။ အိုကေ ပြီးပါပြီ...။

ဒါဆို Setting တွေ အားလုံးပြီးပါပြီ..။ အစမ်း တစ်ပုံလောက် ရိုက်ကြည့်လိုက်ပါ...။ Over ဖြစ်နေ သလား..။ ဖြစ်နေ ရင် ၂ နည်းနဲ့ ဖြေရှင်း လို့ရပါတယ်..။ Aperture ကို မထိပါနဲ့..။ ISO ကို ထပ်ချလို့ မရတော့တဲ့အတွက် ထိစရာမလိုပါ..။ ထိစရာ ၂ ခုရှိပါတယ်..။ Shutter Speed ကို ထပ်တင် (ထပ်မြန်) မလား..။ ဒါမှမဟုတ် Flash ရဲ့ Power Ratio ကို ချမလား..။ ဥပမာ စောစောက 1/2 ဆိုတော့ 1/4, 1/8 ချကြည့်ပေါ့..။ ဒါဆိုရင် Exposure အမှန်ရသွားပါပြီ..။

ဒီနေရာမှာ Shutter Speed ကို 1/250s ထက် ပိုမတင်မိဖို့ သတိထားပါ..။ များသောအားဖြင့် Camera နဲ့ Flash ရဲ့ Synchronize ဖြစ်တဲ့ Speed ဟာ 1/250s ဖြစ်တဲ့အတွက် အဲ့ဒီ့ထက်ပိုပြီး Shutter Speed ကို တင်မိလိုက်ပါက..။ ပုံမှာ ဒေါင်လိုက် အမဲလိုင်းတွေ ..။ အလျားလိုက်အမဲလိုင်းတွေ ဖြစ်လာပါလိမ့်မယ်..။ ဒါတွေက Curtain ကြောင့်ဖြစ်ရတာပါ..။ Advanced Level ဖြစ်တဲ့အတွက် ဒီ Post ထဲမှာ ကျွန်တော် ထည့်မရေးတော့ပါဘူး..။ ဆရာ ဖေမြင့်ဦးရဲ့ Page မှာ ဒီအကြောင်းတွေ လေ့လာနိုင်ပါတယ်..။

နောက်တစ်ခုက Flash ဟာ Aperture ထက်စာရင် Shutter နဲ့ ပိုပြီးဆိုင်ပါတယ်..။ Aperture နဲ့ လုံးဝ မဆိုင်ဖူးလို့ ကျွန်တော် ပြောတာမဟုတ်ပါဘူး..။ Aperture ထက် ပိုပြီး အရေးပါတယ်လို့ပြောတာပါ..။ တကယ်လို့ ကျွန်တော်တို့က ကိုယ်ရိုက်တဲ့ Subject အပြင် အနောက်က Background ကို ပါ အလင်းပေးချင်တယ် ဆိုရင် Shutter Speed ကို နှေးပေးဖို့လိုပါတယ်..။ တကယ် လိုအပ်လာရင် 1/Focal Length ကို ခဏမေ့ထားပြီး..။ Tripod အကူအညီနဲ့ Shutter Speed ကို လျော့ချသင့်ရင် လျော့ချ ရပါမယ်..။ဒါပေမယ့် ကိုယ်လိုချင်တဲ့ Subject ကိုပဲ Lighting ပေးချင်ပြီး Background ကို အမဲရောင်နီးပါး လုံးဝ အလင်းမပေးချင်ဖူးဆိုရင်တော့ Shutter Speed ကို တင်နိုင်ပါတယ်..။ 1/250s ထက် မကျော် ဖို့တော့ ထပ်သတိပေးပါတယ်..။ သို့သော် အကောင်းစား ..။ ဈေးကြီးပေးရတဲ့ Studio Lighting ကို သုံးနိုင်ကြသူများအတွက်တော့ 1/500s အထိ နိုင်တယ်လို့ ကျွန်တော် လေ့လာမှတ်သား ဖူးပါတယ်..။

အိုကေ..။ Under ဖြစ်နေသလား..? ထုံးစံအတိုင်း ထိစရာ နှစ်ခုပဲရှိပါတယ်..။ Aperture ကို မထိပါနဲ့...။ Sweet Point မှာ ထားထားတဲ့ အတွက်ပါ..။ Shutter ကို မထိပါနဲ့...။ ဘာလို့လဲဆိုတော့ 1/Focal Length ထက်, ထက်ပြီးတော့ မလျော့သင့်တော့တဲ့ အတွက် ကြောင့် ဖြစ်ပါတယ်..။ ဒီတော့ ထိစရာ နှစ်ခုက ISO ရယ်..။ Flash Power Ratio ရယ်ပါ..။ Under ဖြစ်နေတဲ့အတွက် Flash Power ကို တင်မလား..။ ဥပမာစောစောက 1/2 ဖြစ်တဲ့အတွက် အခု အပြည့်ပေးမလား...? ဒါမှမဟုတ် ISO ကို တင်မလား..။ စောစောက 100 (or) 200 ပဲ ပေးထားတာကိုး..။ ဒီနေရာမှာ Noise ထမှာကို မပူပါနဲ့. .။ တော်ရုံ DSLR က ISO 640 လောက်အထိတော့ Noise ကို ကောင်းကောင်းနိုင်ပါတယ်..။

Flash Ratio တင်မရမလား..။ ISO တင်ရမလားကတော့ မိတ်ဆွေရဲ့ Choice နဲ့ Like ပါ..။ Flash ဓာတ်ခဲ ကုန်ခါနီးဆိုရင် Flash Ratio တင်ခြင်းဟာ Good Choice မဖြစ်နိုင်ပါဘူး..။ တစ်ပုံ ရိုက်ပြီးတိုင်း Full Power ပြည်ဖြည့်ရမှာ ဖြစ်တဲ့အတွက် Recycle Time ကြာနိုင်ပါတယ် (နောက်တစ်ခါ Flash ပြန်ရိုက်နိုင်ဖို့ (မီးပွင့်ဖို့) အတွက် ကြာကြာ ပြန်စောင့်ရပါမယ်..။) နောက်တစ်ခုက Flash Power ကို မလိုအပ်ပဲ Full Power ခဏခဏပေးခြင်းဟာ Flash ရဲ့ သက်တမ်းကို တိုစေပါတယ်..။

ISO ကို တင်ခြင်းက ပိုအဆင်ပြေစေနိုင်ပါတယ်..။ ISO ဟာ မည်သည့် DSLR Camera မှာမဆို 640 လောက် အထိ Noise အတွက် ပူပင်စရာမလိုပဲ ရိုက်နိုင်ပါတယ်..။

ဒီနည်းလမ်းတွေနဲ့ တစ်ခုမှ မရတော့ဘူးဆိုရင်တော့ f/11 ပေးထားသူများ f/8 အထိ Down နိုင်သလို f/8 ပေးထားသူများ f/7.1 လောက်အထိ Down ပြီးရိုက်နိုင်ပါတယ်..။ ဒီ့ထက်တော့ ထပ်ပြီး Sweet Point ကို မရွေ့စေသင့်တော့ပါဘူး..။

အခု ကျွန်တော်အပေါ်မှာ ရှင်းပြခဲ့သလောက်ဆိုရင် Flash နဲ့ ရိုက်ချင်တဲ့သူတွေအတွက် တကယ့် Field Manual တစ်ခုအဖြစ် အသုံးတည့်မယ်ထင်ပါတယ်..။ Flash ရဲ့ battery အကြောင်းတွေ..။ ဖန်တီးပြုလုပ် ထားတဲ့ Technology တွေ တစ်ခုမှ မပါ ပါဘူး..။ လုံးဝ အခုဝယ် အခုရိုက် Manual ပါ..။ ဒါပေမယ့် ဒီအခြေခံကို သိပြီးသွားရင်တော့ မဖြစ်မနေ Technology လေးတွေ Advanced Usage လေးတွေ ကို သိထားသင့်ပါတယ်..။

ဆရာ ဖေမြင့်ဦးရဲ့ Page မှာ အဲ့ဒီ့အကြောင်းတွေရေးထားတာ ရှိတဲ့အတွက်..။ သွားရောက် ဖတ်ရှုလေ့ လာနိုင်ပါတယ်..။

ရိုက်ရင်းနဲ့ လေ့လာ ...။ လေ့လာရင်းနဲ့ ရိုက်ပါ..။ အားမငယ်ပါနဲ့..။ စိတ်ဓာတ်မကျပါနဲ့ လို့ ထပ်ခါ ထပ်ခါ မှာပါရစေ..။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

P.S- Dedicated To Sayar Pe Myint Oo


Shutter Speed 1/250s ကို ကျော်သွားတဲ့အတွက် အောက်မှာ အမဲစင်းလေး ပေါ်လာတာ ကို တွေ့နိုင်ပါတယ်..။

1/250s ကို တော်တော်ကြီး ကျော်သွားတဲ့အတွက်... လုံးဝနည်းပါး အမဲရောင် ဖြစ်သွားတာကိုတွေ့ နိုင်ပါတယ်..။


Flash နဲ့ Shutter ရဲ့ ဆက်နွယ်ပုံပါ..။




ဈေးတော်တော်ကြီးတဲ့ Flash Meter ပါ..။



ပထမဟာလောက် ဈေးမကြီးပေမယ့်..။ သူလည်း ဈေးမနည်းပါဘူး..

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...