ငပျင်း ကီးဘုတ် For Android

သာမန်အသုံးများ စကားလုံးတွေဖြစ်တဲ့ ကျေးဇူး ၊ အင်း ၊ ဟားဟား ၊ ဆုတောင်းလေ ၊ အေးဆို ၊ တာ့တာ စတဲ့ စကားလုံးတွေကို အမြဲရိုက်လေ့ရှိပြီး စာရိုက်ရမှာ ပျင်းတဲ့ သူတွေအတွက် ငပျင်း Keyboard လို့အမည်ပေးထားတဲ့ Android Keyboard application လေး ထွက်ရှိလာပါတယ်။ ဒီ Keyboard လေးမှာ ဇော်ဂျီ နဲ့ ယူနီကုဒ် ၂ မျိုးပါဝင်ပြီး နှစ်သက်ရာဖောင့်နဲ့ သုံးနိုင်ပါတယ်။ လောလောဆယ်တော့ ဒီ Keyboard လေးမှာ အသုံးများ စကားစု ၁၆ ခု ထည့်သွင်းပေး ထားတာကိုတွေ့ရပြီး နောက်ပိုင်းမှာတော့ စကားလုံးအသစ်တွေ ထပ်မံထည့်သွင်းပေးမယ်လို့ ယူဆရပါတယ်။ စာရိုက်ရမှာ ပျင်းသူတွေအတွက် ငပျင်းကီးဘုတ်ကို အောက်က link ကနေ ရယူနိုင်ပါတယ်။





Ref;MMAS
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...