Silohoutte ဘယ်လိုရိုက်မလဲ...?

ဒီနေ့ကတော့ စူပါ ဟဲဗီး ဗဲရီး ဘီးဇီး နေ့ပဲဗျို့...။ အဖြစ်ဆိုးပုံများ မိုးတွေ တဖွဲဖွဲရွာနေတဲ့ လယ်ကွင်းကြီး ထဲမှာ..။ ၃ လက်မလောက် ရွံ့တွေကပ်နေတဲ့...။ ဟိုတစ်နေ့က အမှန်အကန်ပွဲထုတ်ထားတဲ့ Shoe ဖိနပ်ကြီးကိုချွတ်...။ စတိုင်ဘောင်းဘီ အနက်ရောင်ကြီးကို ပေါင်အထိ ဆွဲတင်...။ ကျောပိုးအိတ်ကြီးကို အားရပါးရလွယ်..။ လက်တစ်ဘက်က 7D ကို ကိုင်ဆွဲကာ..။ လက်တစ်ဘက်က ရွံ့တွေပေကျံနေ လို့ လေးနေတဲ့ ရှူးဖိနပ်ကြီးကို ကိုင်ပြီး လယ်ကွင်းထဲမှာ ဓာတ်ပုံရိုက်ခဲ့ရပါတယ်..။

တစ်သက်နဲ့တစ်ကို..။ ပထမဆုံးအတွေ့အကြုံပါပဲ...။ ကျွန်တော့် အဖြစ်ကို..။ မျက်လုံးထဲသာ မြင်ကြည့် လိုက်ကြပါတော့ဗျာ..။ ဘယ်လောက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေမလဲဆိုတာ...။

ဒါလေးကတော့ အင်ထရိုအနေနဲ့ ..။ ဒီနေ့ ကျွန်တော် ကြုံတွေ့ ခဲ့ရတာလေးကို ပြောပြတာပါ...။ ထားလိုက်ပါတော့..။ ဒီနေ့ ကျွန်တော် ရေးမယ့် အကြောင်းကတော့ Silhouette ရိုက်နည်းလေးပဲ ဖြစ် ပါတယ်..။

ရိုက်ကူးရတာ ရိုးရှင်းသလောက်...။ Result လေးတွေကလည်း စိတ်ဝင်စားဖွယ်..။ ကြည်နူးဆွတ် ပျံ့ဖွယ်...။ တွေးတော ငေးမော...။ အတွေး များဖို့ ကောင်းလှတဲ့ ပုံလေးတွေ ဖြစ်ပါတယ်...။

တော်တော်များများလည်း မြင်ဖူးကြပါလိမ့်မယ်..။ နောက်ခံ Background က အရောင်တွေ စိုပြည်လှပါနေပြီး..။ အရှေ့က Subject က အမဲရောင် (သို့မဟုတ်) လုံးဝ အမဲရောင်နီးပါး ဖြစ်နေတဲ့ ပုံမျိုးလေးတွေပါ...။

အဲ့လိုပုံအမျိုးအစားတွေကို Photography အခေါ်အဝေါ်အရ Silhouette လို့ခေါ်ပါတယ်...။ သူ့ရဲ့ အဓိက သဘောတရားကတော့ အလင်းကို Against ရိုက်တာပဲ ဖြစ်ပါတယ်...။

ဒီရိုက်နည်းဟာ လွယ်ကူတာ အမှန်ပါပဲ...။ ဒါပေမယ့် သတိထားစရာတွေတော့ ရှိပါတယ်..။ ဘာလဲဆိုတော့..။ သူက ကိုယ်ပြချင်တဲ့ Subject ကို လုံးဝ Under ဖြစ်သွားအောင် (မဲသွားအောင်) ရိုက်ရမှာ ဖြစ်တဲ့အတွက်...

ဒီဓာတ်ပုံ နည်းပညာဟာ အခြား နည်းစနစ်တွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပါတယ်..။ အခြား ဓာတ်ပုံနည်း စနစ်တွေကို ကိုယ့်ရဲ့ Subject ကို မပေါ်ပေါ်အောင် မီးမောင်းထိုးပြ Highlight လုပ်ပြပြီးဆွဲဆောင် ရပါတယ်..။ ဒီ Photography နည်းစနစ်ကတော့..။ ကိုယ့်ရဲ့ Subject ကို ဖျောက်ထားပြီး..။ ကြည့်ရှုခံ စားသူရဲ့ စိတ်ကို ဖျားယောင်းသွေးဆောင်ရလို့ပဲ ဖြစ်ပါတယ်...။

(၁) ပုံရဲ့ Story အားကောင်းဖို့လိုပါတယ်...။

(၂) ကြည့်ရှုတဲ့သူ (ခံစားတဲ့သူ) အတွက် ဆွဲဆောင်မှု ရှိဖို့လိုပါတယ်..။ ခံစားချက် တစ်ခုခုပေးနိုင်ဖို့ လိုပါတယ်..။

(၃) Composition မှန်ဖို့လိုပါတယ်..။ (ဦးတည်ချက်တစ်ခုခုနဲ့ ဖျက်ရိုက်တာမျိုးကို မဆိုလိုပါ..။)

ဘာလို့ အပေါ်က အချက်တွေ ကျွန်တော်ပြောရသလဲဆိုတော့..။ ကိုယ့်ရဲ့ အဓိက Subject ကို အခြား Photography တွေမှာလိုမျိုး သူက Highlight လုပ်တာမျိုးမဟုတ်ပဲ..။ Hidden လုပ်လိုက်တဲ့ အတွက် ဖြစ်ပါတယ်...။

ဒီ့အတွက် ...။ ကိုယ် အသားပေးချင်တဲ့ Subject ဟာ ဘာလဲ..။ ဘာအဓိပါယ်လဲ..။ ဆိုတာမျိုးကို Background တွေ..။ Composition တွေက အားဖြည့်ပေးရပါတော့မယ်..။ အားမဖြည့်ပေးနိုင်ပဲ..။ အားပျော့နေရင်တော့ ..။ မိတ်ဆွေရဲ့ Subject ဟာ လုံးဝ အခြေအနေဆိုးရွားသွားမှာ ဖြစ်ပါတယ်..။

မိတ်ဆွေ ဖြစ်စေချင်သလို Silhouette ပုံတစ်ပုံ ဖြစ်မလာပဲ...။ လုံးဝ အဖတ်ဆယ်လို့မရအောင် Under ကျနေတဲ့ ..။ ပျက်ဆီးသွားတဲ့ ပုံတစ်ပုံပဲ မိတ်ဆွေရမှာ ဖြစ်ပါတယ်..။

အခုပုံရဲ့ သဘောတရားလေး ရှင်းပြပြီးသွားပြီဆိုတော့ ရိုက်နည်းလေး ပြောဖို့ပဲ ရှိပါတယ်..။

ဒီ Photography မှာ ရိုက်နည်းထက် အရေးကြီးတာက သဘောတရား ဖြစ်တာကြောင့် ကျွန်တော် သဘောတရားလေးကို နဲနဲလေး အလေးအနက်ထားပြီး ရှင်းပြပေးခဲ့တာ ဖြစ်ပါတယ်..။

အောင်မြင်တဲ့ Silhouette ပုံတစ်ပုံရဖို့ ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အချက်လေး ၃ ချက်နဲ့ ပြည့်စုံရင် ရပါပြီ..။ ကြည့်လိုက်ရင်တော့ လွယ်လွယ်လေးလို့ ထင်ရကောင်း ထင်ရနိုင်ပါတယ်..။ ဒါပေမယ့် တကယ်တမ်းရိုက်ကြည့်တဲ့အခါမှာတော့...။ ခိုင်မာတဲ့ Story တစ်ခုကို Highlight လုပ်ပြနိုင်ဖို့ ဆိုတဲ့ အချက်တစ်ချက်နဲ့တင် တော်တော်လေး ချာလပတ်လည်နေနိုင်ပါတယ်..။

ရိုက်နည်းက ရိုးပါတယ်...။

Against The Light ဖြစ်နေ ကိုယ့်ရဲ့ Subject ကို Position ချလိုက်ပါ..။ ဒါမှ မဟုတ်ကိုယ်တိုင် Against The Light ဖြစ်အောင် နေရာယူလိုက်ပါ...။

ပြီးရင် အနောက်က Background ရဲ့ Exposure ကို Meter တိုင်းပြီး Exposure အမှန်ယူထားလိုက်ပါ..။ အဲ့ဒီ့ Setting ကို ထပ် မထိ ပါနဲ့တော့...။

ပြီးရင် ကိုယ်ရိုက်ချင်တဲ့ Subject ကို Focus ပေးပြီး ရိုက်ပါ..။ အဲ့ဒီ့ Subject ကို Focus ပေးတဲ့အခါကြရင်..။ Metering ထပ်ပြောင်းသွားပါလိမ့်မယ်..။ အပြောင်းမခံပါနဲ့..။ ပထမ အနောက်က Background ကို ပေးထားတဲ့ Metering အတိုင်းပဲ ပြန်ထားပါ..။

ဒါဆို Background ကို Meter တိုင်းကတည်းက တန်းရိုက်လိုက်ရင်ရော မရဘူးလားလို့မေးစရာ ရှိပါတယ်..။ ရပါတယ်..။ ရိုက်လိုက်ပါ...။ ဒါပေမယ့် မိတ်ဆွေရဲ့ အရှေ့က Focus အောက်သွား ပါလိမ့်မယ်..။ ပုံကမဲနေတာပဲ Focus အောက် မအောက် ဘယ်လိုသိနိုင်မလဲဆိုရင်..။ ဟုတ်ကဲ့..။ Facebook လိုနေရာမျိုးမှာကြည့်ရင်တော့ မသိနိုင်ပါဘူး..။ ဒါပေမယ့် မိတ်ဆွေ တကယ်ပုံထုတ်တော့မယ် ဆိုရင်တော့ တော်တော် စိတ်ပျက်ရပါလိ့မ်မယ်..။

Subject ကို Focus ပေးခိုင်းရတာကတော့ ရှင်းပါတယ်..။ Sharp ဖြစ်တဲ့ Focus လိုချင်လို့ပါ..။ သူ့ဘာသာသူက မဲတာက မဲနေတာ တစ်ပိုင်းပါပဲ...။ Focus ပြတ်တာက ပြတ်တာ တစ်ပိုင်းပါပဲ ဘာမှ မဆိုင်ဖူးဆိုတာကို သတိထားစေချင်ပါတယ်..။

အခု ကျွန်တော်ပြောတဲ့ အဆင့်နှစ်ဆင့်လုပ်ပြီးသွားပြီဆိုရင် ရိုက်ရုံပါပဲ..။ ဘာမှမလိုပါဘူး..။ အဲ့လောက် လွယ်သလားဆိုရင်...။ အဲ့လောက်တောင် လွယ်ပါတယ်...။

ဒါ့ကြောင့် ရိုက်နည်းလေးက လွယ်လွယ်လေးပါလို့ ကျွန်တော်ပြောခဲ့တာပါ...။

ဒါပေမယ့် ကျွန်တော်ထပ်မှာလိုက်ပါရစေ..။ ဒီ Photography မှာ ရိုက်နည်းထက်..။ Story (အကြောင်း အရာ) အားကောင်းဖို့လိုပါတယ်..။ Composition အတိမ်းအစောင်းမခံပါဘူး..။ Attractive ဖြစ်ဖို့ လိုပါတယ်..။ ကြည့်ရှုခံစားသူကို ဆွဲဆောင်နိုင်ဖို့...။ အတွေးတွေ ပွားစေဖို့... အများကြီးအရေးကြီး ပါတယ်..။

ဒါကြောင့် ဒီ Photography Technique ဟာ ရိုက်နည်းထက် Inspiration, Imagination နဲ့ Artistic ဖြစ်တဲ့ အပိုင်းက ပိုပြီး အရေးပါ ပါတယ်....။

ဒီလောက်လွယ်တဲ့ ရိုက်နည်းလေးကို ဆရာကြီး လုပ်ချင်လွန်းလို့ ကျွန်တော်ရေးတာ မဟုတ်ပါ ဘူး..။ တော်တော်များများက ဒီလိုပုံတွေ မြင်ဖူးတယ်..။ လေ့လာချင်တယ်..။ ဒါပေမယ့် ဒီ Photography အမျိုးအစားကို ဘယ်လို သတ်မှတ်မှန်းမသိတဲ့အတွက်..။ လေ့လာချင်ရင်တောင် အဆင်မပြေ ဖြစ်ကြရ ပါတယ်...။ ဒီအခက်အခဲလေးကို ကျွန်တော်က တစ်ထောင့် တစ်နေရာက ဖြည့်ဆီးပေးတဲ့ အနေနဲ့ ရေး သား ပေးခြင်း ဖြစ်ပါတယ် ခင်ဗျာ...။

များများရိုက်ပါ..။ ရိုက်ရင်းနဲ့ လေ့လာပါ..။ လေ့လာရင်းနဲ့ ရိုက်ပါ...။ အားမငယ်ပါနဲ့...။ စိတ်ဓာတ်မကျ ကြပါနဲ့ လို့ ထပ်လောင်းပြီး အားပေး ပါရစေ...။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com









--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...