အမြစ်တွယ်ခြင်း
ဒီပုံ အခုတလော လူမူရေးစာမျက်နာမှာ အတော်ကို ရေပမ်းစားနေပါတယ်။ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ အများဆုံးလက္ခံသဘောတူထားကြတဲ့ အဓိပ္ပါယ် ကောက်နူတ်ချက်ကတော့…………….
လက်တွေ့လုပ်ဆောင်မူ သည်သာ အခရာအကျဆုံးဖြစ်ပါတယ်။ စိတ်ကူးယဉ်ခြင်း၊ အခွင့်အရေးထိုင်စောင့်နေခြင်းဟာ ပျင်းရိခြင်းနဲ့ အတူတူပါ။
ပျင်းရိခြင်းဟာ ရေသောက်မြစ်ကဲ့သို့ အမြန်ထွက်တတ်ပြီး မြေကြီးအောက်ဆီသို့ အမြစ်တွယ်တတ် သွားပါတယ်။
အိမ်မက်မရှိ၊ ရည်ရွယ်ချက်လည်းမရှိဘူးဆိုရင် အချိန်ကုန် ရေစုန်မျောသွား နိုင်ပါတယ်။ ရေစုန်မျောခြင်းဟာလည်း အမြန်အမြစ်တွယ်သွားတတ်ပါတယ်။
ရေစုန်မျောတာ အချိန်ကြာသွားရင် မတ်တတ်ရပ်ချင်တာတောင်မှ ထလို့မရတော့ပါဘူး။ ဒါကြောင့်မို့လို့ ကောင်းကောင်း မတ်တတ်ရပ်နိုင်ဖို့အတွက် ရှေ့ကို မနားတမ်း လှမ်းနေရပါတယ်။

ဘ၀မှာ ဒူးထောက်ရတဲ့ အနေအထားအထိ ကြုံခဲ့ရင်တောင်မှ ဒူးထောက်ပြီး ခြေလှမ်းမရပ်မိဖို့ လိုအပ်ပါလိမ့်မယ်။ ဒူးထောက်အရူံးပေးခြင်းဟာလည်း အမြစ်တွယ်တတ်ခြင်းကြောင့်ပါပဲ။
မည်သူမှ အမြစ်မတွယ်မိပါစေနှဲ့လို့ စုမွန်ကောင်းတောင်းလျက်…….
Ref: wechat
Ref: wechat
https://www.facebook.com/profile.php?id=100008712392309&fref=photo
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အနောကျသို့) လစဉ်ကိုယ့်ရဲ့ မိုဘိုင်းအင်တာနက် သုံးတဲ့နှုန်း ဘယ်လောက်ရှိတယ်ဆိုတာ စစ်မယ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...