Samsung Galaxy S6 နှင့် S6 Edge တို့တွင် ပါဝင်သော လုပ်ဆောင်ချက်များ အကြောင်း



Samsung Galaxy S6 နှင့် S6 Edge တို့ကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ စတင်ရောင်းချပေးတော့မှာပါ။ ဒါကြောင့် S6 , S6 Edge တို့ကို ၀ယ်ယူမည့် သူများရော၊ စိတ်ပါဝင်စားသူများ ပါလေ့လာနိုင်အောင် Samsung Galaxy S6 နှင့် S6 Edge တို့တွင် ပါဝင်သော လုပ်ဆောင်ချက်များ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

Samsung မှ ထွက်ရှိလာတဲ့ နောက်ဆုံးပေါ် New GALAXY ဖြစ်တဲ့ S6 နဲ့ S6 Edeg တွင် ထည့်သွင်းပေးထားတဲ့ CPU ဟာ ဆင့်မြင့်ကွန်ပျူတာတစ်လုံး ကဲ့သို့စွမ်းဆောင်နိုင်စွမ်းရှိတဲ့ 64 bits Octa Core CPU 2.1GHz ကို ထည့်သွင်းပေး ထားတဲ့အတွက် အကောင်းမွန်ဆုံးသော အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်နိုင် မှာဖြစ်ပါတယ် ။



GALAXY S6 Edge မှာ ထည့်သွင်းထားတဲ့ Smart Manager Function လေးဟာ သင့်ဖုန်းရဲ့ Battery၊ Memory နဲ့ သင့်ဖုန်းရဲ့ လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုတွေ ကို တစ်နေရာတည်းမှာ အဆင်ပြေပြေနဲ့ စုစည်းအသုံးပြုနိုင်အောင် ဆောင်ရွက်ထားတဲ့ လုပ်ဆောင်ချက် တစ်ခုပဲဖြစ်ပါတယ်။



Samsung GALAXY S6 Edge မှာ ပါဝင်တဲ့ ကင်မရာသည် အလင်းတံခါးချိန်ညှိမှု (Aparture) 1.9 ကို Front and Back ထောက်ပံ့ပေး ထားသည့်အတွက်၊ အလင်းရောင် နည်းပါးချိန်များတွင် အရည်အသွေးမြင့်မားစွာဖြင့် ပုံရိပ်များ ဖမ်းယူနိုင်သည့် အကောင်းဆုံးသော ဖုန်းတစ်လုံးအဖြစ် သတ်မှတ်ထားခြင်း ခံရပါသည်။



Samsung GALAXY S6 Edge ဟာ ထူးခြားတဲ့ ဒီဇိုင်းအသွင်အပြင်တစ်ခုဖြစ်တဲ့ Metal နဲ့ Glass ကိုအချိုးညီ ပေါင်းစပ်ဖွဲ့စည်း တည်ဆောက်ထားခြင်းကြောင့် မိတ်ဆွေတို့ကို ထူခြားတဲ့ အတွေ့အကြုံ ခံစားမှု အသစ်တွေကို ပေးစွမ်းနိုင်ပါတယ်။



GALAXY S6 မှာပါဝင်တဲ့ S Voice Function ဟာ သင့်ဖုန်းထဲက လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ Apps တွေကို ဖွင့်ပြီး အသုံးပြုဖို့ နဲ့ Google မှာ Search လုပ်တာတွေ အပြင်၊ တခြားသော လုပ်ဆောင်ချက်တွေကို စက္ကန့်ပိုင်းအတွင်း ဆောင်ရွက်ပေးနိုင်ဖို့အတွက် သင့်ကိုအကောင်းဆုံး ကူညီပေးမှာဖြစ်ပါတယ်



GALAXY S6 တွင်နောက်ဆုံးပေါ် Samsung SmartTV များဖြင့်ချိတ်ဆက်ပြီး Screen Share ပြုလုပ်နိုင်သည့် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသည့်အတွက် ဖုန်းထဲတွင် မှတ်သားထားသော မှတ်စုများ၊ Reminders များနှင့် ဓါတ်ပုံများကို Smart TV များတွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။
Via;MMAS
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...