မိမိချစ်ခင်မြတ်နိုးသူများ ကွယ်လွန်သွားလျှင် ထာဝရရှင်သန်နိုင်မည် နည်းကို တီထွင်
ဘာစီလိုးနား၊ မတ် ၂၂
စပိန်နိုင်ငံ၊ ဘာစီလိုနားမြို့မှ Bios Urn ဆိုသည့် အဖွဲ့သည် လူများ ကွယ်လွန်သွားလျှင် ဘဝဆုံး သွားပြီး ယူဆခဲ့သည့် အတွေး အမြင်ကို ပြောင်း လဲနိုင်ရန်အတွက် သေသော်လည်း ထိုသူများ၏ အရိုးပြာများကို ကျောက်အိုးလေး တစ်လုံးအတွင်း ထည့်ပြီး သစ်ပင်များ စိုက်ပျိုးကာ သေသူ့ကိုယ်စား ထာဝရရှင် သန်နေသော သစ်ပင် တစ်ပင် အဖြစ်ပြောင်းပြီး သဘာဝ စိမ်းလမ်းစိုပြည် ရေးကိုပါ ဦးစားပေး ရာရောက်သည့် နည်းစနစ် တစ်ခုကို တီထွင်ပြီး တာဝန်ယူ လုပ်ဆောင်ပေး လျက်ရှိကြောင်း Mail Online သတင်း တွင်ဖော်ပြ ထားသည်။
အထူး စီမံပြုလုပ်ထားသည့် ကျောက်အိုးလေးများအတွင်း ကွယ်လွန်သူ၏ ပြာမှုန့်များကို ထည့်ထားပြီးနောက် သစ်စေ့ တစ်စေ့ကို ထည့်သွင်းပေးလိုက်လျှင် ဘဝသေသွားပြီး ဆိုသည့်အစား ပြန်လည် ရှင်သန်လာသော ဘဝပေါင်းများစွာ အဖြစ် ဖန်တီး မှတ်ယူလာနိုင်မည့် အစီအစဉ်သစ်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
ယင်းစနစ်အရ ကျန်ရစ်သော မိဘဆွေမျိုးများသည် မိမိတို့ကြိုက်နှစ်သက်ရာ သစ်ပင်မျိုးကို ရွေးချယ်ခွင့် ရှိပြီး ပြာမှုန်နှင့် သစ်စေ့ကို အပေါ်ယံတွင်သာ ထည့်သွင်းပေးရန် လိုကြောင်း၊ ကျောက်အိုး အောက်ခြေတွင် နည်းပညာဖြင့် အထူးပြုလုပ်ထား သော စနစ်များအရ ထိုကျောက်အိုးကို တစ်ရက်လျှင် နေရောင်ခြည် သုံးနာရီမျှ ပေးရုံဖြင့် အပင်ပေါက် လာစေရန် စီစဉ်ထားကြောင်း Mail Online သတင်းတွင် ရေးသားထား သည်။
Bios Urn ကျောက်အိုး တစ်လုံးကို အပြီးအစီး လုပ်ဆောင်မှုနှင့် ပေးပို့ခ စရိတ်အဖြစ် ၁၄၅ ဒေါ်လာယူကာ ယင်းအဖွဲ့သည် လုပ်ဆောင်ပေးလျက် ရှိသည်။
အလားတူ လုပ်ဆောင်မှုမျိုးကို Urban Death Project အနေဖြင့်လည်း လုပ်ဆောင်ခဲ့ပြီး လူ တစ်ယောက်သေ ဆုံးပါက သူ၏ အလောင်းကို ခြောက်ပတ်အတွင်း မြေသြဇာအဖြစ် ပြောင်းပေးလိုက်ကာ အဆောက်အအုံကြီး များဘေးတွင် သစ်ပင်ကို ယင်းမြေသြဇာကျွေးပြီး ကြီးထွားအောင် လုပ်ပေးသည့် အစီအစဉ်ဖြင့်လည်း လုပ်ဆောင်ပေးခဲ့ ဖူးသည်။
http://www.maukkha.org
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ညအေမွာင္ထဲမွာ မြင်နိုင်တဲ့ ဆေးရည်ကို သိပ္ပံပညာရှင်တွေ တီထွင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) ကမ္ဘာ့အပါးဆုံး ဘက်ထရီ တီထွင်အောင်မြင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...