ငါးကျဉ်းခြောက် ခရမ်းချဉ်သီးငပိချက်
***... ငါးကျဉ်းခြောက် ခရမ်းချဉ်သီး ငပိချက်အတွက် လိုအပ် တာလေးများ….
1. ဆီ – 1/3 cup (80 ml)
2. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
3. ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ – အသေး ၂ လုံး
4. အကွင်းလိုက် လှီးကာ နှစ်ပိုင်းဖြတ် ထားသော ခရမ်းချဉ်သီး – ထမင်းစား ပန်းကန်ပြား တစ်ချပ် စာခန့်
5. ငါးကျဉ်းခြောက် အကောင်ကြီး – ၅ ကောင်
6. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
7. chicken powder – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
8. စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
9. ငရုတ်သီးခြောက် အကြမ်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
10. ၄ စိတ်ကွဲလှီးထားသော ငရုတ်သီးစိမ်း – ၁၅ တောင့်ခန့်
11. ရေနွေး – 1/2 cup (125 ml)
#. ၁၅ မိနစ်ခန့် ရေစိမ်ထားသော ငါးကျဉ်းခြောက်ကို အရိုးများ၊ ခေါင်းများကို ခွါထုတ်ကာ အနည်းငယ် ဖဲ့ရွဲ့ပြီး chicken powder (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ထည့်၍ နယ်ထားပါ။
# . ဒယ်အိုးထဲမှ ဆီ ပူလာလျှင် နနွင်းမှုန့် နှင့် ကြက်သွန်နီထည့်ကာ ဆီသတ် (မွှေကြော်)ပါ။
#. ကြက်သွန်နီဖတ်များ ကျက်လောက်လျှင် လှီးထားသော ခရမ်းချဉ်သီးများထည့်ကာ ကြေသွားအောင် ဖိချေမွှေကြော်ပေးပါ။
#. ခရမ်းချဉ်သီးဖတ်များကြေသွားလျှင် စိမ်းစားငပိ ထည့်ကာ ၁ မိနစ်ခန့် ဖိချေမွှေကြော်ပေးပါ။
#. ပြီးလျှင် ငရုတ်သီးအကြမ်းမှုန့် နှင့် ငါးကျဉ်းခြောက်များကိုထည့်ကာ ၁ မိနစ်ခန်. မွှေကြော်ပေးပါ။
#. ပြီးနောက် chicken powder (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ငရုတ်သီး စိမ်း နှင့် ရေနွေး ထည့်ပါ။
#. ၃ မိနစ်ခန့် မွှေကြော်ပြီးလျှင် နံနံပင်ထည့်ကာ အနည်းငယ်မွှေပေးပြီးလျှင် ငါးကျဉ်းခြောက် ခရမ်းချဉ်သီး ငပိချက် ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ (အရည်နည်းတာကြိုက်လျှင် မိနစ်အနည်းငယ် ပိုကြော်ပေးပါ။)
https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+