မူးလာလျှင် မောင်း၍မရသည့် ကားစနစ်တီထွင်
နယူးယော့ခ်၊ မတ် ၂၄
အမေရိ ကန်ပြည်ထောင်စု မစ်ချီဂန် တက္ကသိုလ်မှ ပညာရှင်များသည် အရက်သောက် လာသူများ ကားထဲ ဝင်လာပြီး မောင်းသူ နေရာတွင် ထိုင်လိုက် သည်နှင့် သွေးထဲတွင် အရက်ပမာဏ များနေပါက ကားစက်နှိုး၍ မရစေနိုင်သော သွေးစစ်ဆေးမှု ကိရိယာ ပူးတွဲ ပါရှိသော ကားတစ်မျိုးကို တီထွင် လျက်ရှိကြောင်း Live Science သတင်းတွင် ဖော်ပြ ထားသည်။
လာမည့်နှစ်ပေါင်း ၁၅ နှစ်အတွင်း အရက်ငွေ့ကို အာရုံခံပြီး ကားစက်နှိုးမှုကို ရပ်တန့်တားဆီးနိုင်သည့် ပစ္စည်းများကို ကားများ အတွင်း တပ်ဆင် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက် သွားမည်ဟု တီထွင်သူများ က ပြောကြောင်း ယင်းသတင်းက ဆိုသည်။
ကားမှောက် ဒဏ်ရာရခြင်းနှင့် အသက် ဆုံးရှုံးရခြင်း၏ ၈၅ ရာခိုင်နှုန်းခန့်သည့် အရက်သေစာများ သောက် စား ထားသည့် အတွက်ဖြစ်နေသောကြောင့် မကြာမီ တန်ဖိုးနည်းသည့် စက်ပစ္စည်းလေး တစ်ခုက ဘဝ တစ်ခုလုံးနှင့် တန်ဖိုးရှိသော ကားတို့ကို ကယ်တင်နိုင်တော့ မည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့် ၁၅ နှစ် အတွင်း အရက်ကြောင့်ဖြစ်သော ယာဉ်တိုက်မှုများကြောင့် လူပေါင်း ၅၉၀၀၀ ခန့်သေ ဆုံးခဲ့ရကြောင်း အမေရိကန် ပြည်သူ့ကျန်မာရေး ဂျာနယ်တွင် ရေးသားထားသည်။
လာမည့် သုံးနှစ်အတွင်း ကားများတွင် အရက် စစ်ဆေးသည့် စက်များ တပ်ဆင်ပေး သွားနိုင်ရန် စီစဉ်နေ ပြီး၊ နောက်ဆုံးထုတ် ကားတိုင်းတွင်လည်း ယင်းစက်များကို မဖြစ်မနေ တပ်ဆင်ပြီးမှသာ ထုတ်လုပ်သွားရန် စီစဉ်သွားမည်ဟု မစ်ချီဂန် တက္ကသိုလ်မှ သုတေသန အဖွဲ့ခေါင်းဆောင် ပက်ထရစ် ကာတာကပြောကြား သည်။
ကားမောင်းသူ၏ တည့်တည့်နေရာရှိ အရက် တိုင်းတာသည့် စက်တွင် အစစ်ခံပြီးမှ ကားကို စက်နှိုး၍ ရနိုင်မည်ဖြစ်ပြီး အကယ်၍ အရက်ငွေ့များသည် သတ်မှတ်ထား သည့်နှုန်းထက် များလျှင် ကားစက်လုံးဝနှိုး၍ မရနိုင်ကြောင်း၊ မိမိတို့စီစဉ် ဆောင်ရွက်နေမှု များသည် တန်ဖိုးရှိသော အသက်များ မဆုံးရှုံးစေရေး အဓိ ကဖြစ်ကြောင်း ကာတာက ဆိုသည်။
http://www.maukkha.org
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မြန်မာကျောင်းသားများအတွက် UNSW ပညာသင်ဆု လျှောက်ထားနိုင်ပြီ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) မိခင်ကiPhone ကိုသိမ်းလိုက်သောကြောင့် သမီးဖြစ်သူက အဆိပ်ခတ်သတ် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း