လည်ချောင်းနာခြင်းနဲ့ အာသီးယောင်ခြင်း ဝေဒနာတွေကို (၁) ရက်အတွင်း ကုသနိုင်တဲ့ အိမ်တွင်းဆေးနည်း
တစ်စုံတစ်ခုက ကောင်းမွန်ပြီး အသုံးတည့်ပြီဆိုရင် အဲဒီအရာကို မေ့ပျောက် မသွားတတ်သလိုပဲ ဒီဆေး နည်း ကိုလည်း မျိုးဆက် တစ်ခုကနေ နောက် မျိုး ဆက် တစ်ခုသို့ လူတွေ လက်ဆင့်ကမ်း ခဲ့ကြပါ တယ်။ လည်ချောင်းနာခြင်း နဲ့ အာသီးယောင်ခြင်း၊ နာခြင်းတွေအတွက် အလွန်ထိရောက်တဲ့ ဆေးနည်း တစ်မျိုးဖြစ်ပြီး (၁) ရက်အတွင်း လျင်မြန်စွာပျောက် ကင်းစေမယ့် ဆေးနည်းကို ပြောပြပေးချင်ပါတယ်။
အမုန့်ကြိတ်ထားသော ဇီရာစေ့ (၈၀) ဂရမ်ထဲ ရေ 200ml လောင်းထည့်ပြီး ၁၅ မိနစ်ကြာ ပြုတ်ပေး ပါ။ ကော်ဖီ အနည်ကဲ့သို့သော ခပ်ပစ်ပစ် ပုံစံလေး ရလာပါလိမ့်မယ်။ ၄င်းကို အရည်စစ်ထုတ်ပြီး ရေ 50ml ထပ်ထည့်ကာ နောက်တစ်ခါ ပြန်ပြုတ်ပေးရပါမယ်။ ပူလာတဲ့အချိန်မှာ မီးဖိုပေါ်မှ အောက်ချပြီး ဘရန်ဒီ (သို့) ကော့ညက်အရက် ထမင်းစားဇွန်း (၁) ဇွန်းထည့်ပါ။
သောက်ပုံသောက်နည်း
မိနစ် (၃၀) တစ်ကြိမ် ထမင်းစားဇွန်း (၁) ဇွန်းသောက်ပါ။ နာရီအနည်း ကြာလာတဲ့အခါ လည်ချောင်းထဲက နာကျင်မှုတွေ တဖြည်းဖြည်းချင်း ပျောက်ကွယ် သွားပါလိမ့်မယ်။ တစ်ရက်တည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဒီနည်းက အအေးပတ်တာ လွယ်တဲ့သူနဲ့ လည်ချောင်းနာခြင်းနဲ့ အာသီးယောင် နာခြင်း စတာတွေ မကြာခဏဖြစ်တတ် သူတွေအတွက် အထူးကောင်းမွန် သင့်တော်ပါတယ်။
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အဆိပ်ပြေစေမည့် တွဲဖက်အစားအစာများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'