ကမ္ဘာ့အပါးဆုံး ဘက်ထရီ တီထွင်အောင်မြင်
ဆိုးလ်၊ မတ် ၂၆
ဘက်ထရီ သို့မဟုတ် ဓာတ်ခဲဆိုလျှင် ကြီးမှ ကြာ ရှည်စွာ သုံးနိုင်သည် ဆိုသော အယူအဆ ကို ပြောင်းလဲနိုင် ရန်အတွက် လူတို့ကိုင် ဆောင်နေသော ကြွေးဝယ်ခွင့် ကတ်ထက်ပင် ပါးသည့် ဘက်ထရီတစ်မျိုးကို တောင် ကိုရီးယားနိုင်ငံမှ ပညာရှင်များက တီထွင် နိုင် ခဲ့ကြောင်း Science ဂျာနယ် တွင်ဖော်ပြထားသည်။
ခေါက်ကွေးနိုင်ပြီး ခရက်ဒစ်ကတ်ထက်ပင် ပါးလွှားသည့် ယင်းဘက်ထရီလေးမှာ အထူ 0.5mm ခန့်သာ ရှိပြီး တောင်ကိုရီးယားနိုင်ငံ KAIST ကုမ္ပဏီမှ ယန်ဝုခ်ချောင်နှင့် အဖွဲ့က တီထွင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
ယင်းဘက်ထရီပြားတွင် ထည့်သွင်းအသုံးပြုထားသည့်စနစ်ကို "coplanar interdigitated structure" ဟုခေါ်ပြီး နာနိုချပ်အပြားများကို အလွှာလိုက်ထပ်ကာ သိပ်သည်းစွာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း တီထွင်သူ ယန်ကပြောကြားသည်။
ဘက်ထရီတွင် ပါဝင်ရသည့် လျှပ်ငုတ်များကို ဘေးချင်းယှဉ်ပြီးထားနိုင်လိုက်သောကြောင့် အလွန်ပါးလွှာစွာ ဖွဲ့စည်းခွင့်ရခဲ့ သည့်အပြင် စွမ်းဆောင်ရည်မှာလည်း အလွန်မြင့်မားလာစေခဲ့သည်။
ဘက်ထရီသစ်သည် ဗို့အား 7.4V အထိ ထုတ်ပေးနိုင်ပြီး အပြားချပ်အတွင်း အခွေပေါင်း ၅၀၀၀ ကျော်ဖြင့် သိပ်သည်းစွာ ဖွဲ့စည်းထားနိုင်ခြင်းမှာ ထူးခြားချက်ဖြစ်သည်။
ကတ်ဘက်ထရီစနစ်ကို လက်ပတ်နာရီများ၊ စမတ်ကတ်များ၊ မျက်မှန်များနှင့် တွဲဖက်သုံးနိုင်မည်ဖြစ်ပြီး မကြာသော ကာလတွင် လူသုံးမိုဘိုင်းလ် ပစ္စည်းများတွင် ကြီးမားသည့် ဘက်ထရီများအစား ကတ်ဘက်ထရီ များကို အစားထိုး သုံးကြရသည့် စနစ်တစ်ခု ပေါ်ထွန်းလာနိုင်ကြောင်း Science သတင်းတွင် ရေးသား ထားသည်။
http://www.maukkha.org
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မိမိချစ်ခင်မြတ်နိုးသူများ ကွယ်လွန်သွားလျှင် ထာဝရရှင်သန်နိုင်မည် နည်းကို တီထွင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Facebook ထုတ် Messenger ကြောင့် အီးမေးလ် ကွယ်ပျောက်သွားနိုင်ဟုဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'