အစာအဆိပ်မသင့်စေဖို့
(၁) ဘေးကင်းတဲ့ အသားကိုရွေးပါ
စူပါမားကက်မှာ အသားဝယ် လျှင် ရေခဲသေတ္တာ အောက်ဆင့်က အသားကို ရွေး ပါ။ အပေါ်ဆင့်ရှိ အသားများသည် အေးသင့် သလောက် မအေးဘဲ ဖြစ်တတ်သည်။
(၂) ကျကျနနသိမ်းပါ
လတ်လတ် ဆတ်ဆတ် အသားများကို ရေခဲသေတ္တာ အအေးခန်း (refrigerator) တွင် နှစ်ရက်အထိ ထားနိုင်သည်။ အခဲခန်း(freezer)တွင် လပေါင်းများစွာ အထားခံ သည်။အအေးခန်း (refrigerator) တွင် ၄၀ဒီဂရီ ဖာရင်ဟိုက် ရှိသင့်ပြီး အခဲခန်း (freezer) တွင်သုညဒီဂရီ ဖာရင်ဟိုက် ရှိသင့်သည်။
(၃) ကျကျနနရေခဲဖျော်ပါ
အေးခဲထားသည့် အသားကို ရေထဲထည့်စိမ်၍ ရေခဲပျော်အောင် ထားပါ။ မီးဖိုစင်တွင် အတိုင်းသားတင် ၍ ရေခဲပျော်အောင်ထားခြင်းသည် ဘက်တီးရီးယားများ ပွားလာစေသည်။
(၄) ဆေးကြောသန့်စင်ပါ
အသားကိုင်မည့် လက်ကို ဆေးကြောသန့်စင်ပါ။ စဥ့်နှီတုံး၊ ပန်းကန်၊ ဓား၊ ဒယ်အိုးမှန်သမျှကို ဆေးကြောပါ။ ပန်းကန်ဆေးစင်(sink)ကို ဆေးကြောပါ။
(၅) အပူချိန်မှန်မှန်ချက်ပါ
ကြက်သားကို (၁၆၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။ ၀က်သားနှင့် အမဲသားကို (၁၄၅)ဒီဂရီဖာရင်ဟိုက်၊ ငါးကို (၁၄၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။
(၆) မုန့်ဖုတ်ထားသည့် စားသောက်ကုန်များကို သတိထားပါ
ကြက်ဥ ပေါင်မုန့်၊ ကွတ်ကီး စသည့် အသင့်စားထုတ်ကုန်များကို မစားပါနှင့်။ ၄င်းတို့တွင်ပါသည့် ကြက်ဥ သည် မကျက်လျှင်ဖြစ်စေ၊ အထားကြာလျှင် ဖြစ်စေ ဘက်တီးရီး ယားဝင်တတ်သည်။
ဇော်ကို
Ref: Discovery
Health Updates Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကညြတ္ဟာ ဆီချိုရောဂါအတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) အမျိုးသမီးတွေ စိတ်ကျရခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကုစားနိုင်မလဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...