အသက်ကြီးလာလေ ဦးနှောက် စွမ်းရည် ပိုမြင့်လာလေ
By ဆုမြတ်
လန်ဒန် ၊ မတ် ၁၂
ဝိုင်အရက်သည် အရည်အသွေး ကောင်း လာဖို့ နှစ်ပေါင်းများစွာ အချိန်ယူရသည့် နည်းတူ လူ့ဦးနှောက် အချို့သော အစိတ်အပိုင်း များသည် လည်း အမြင့်ဆုံး စွမ်းဆောင်ရည် ရှိလာဖို့ ဆယ်စုနှစ် များနဲ့ ချီပြီး အချိန်ယူရကြောင်း ပညာရှင် များက ပြောသည်။
နှစ်ဆယ် အရွယ်တွင် ဦးနှောက် အဖွံ့ဖြိုးဆုံးဟု ဆိုကြသော်လည်း လက်တွေ့တွင် တချို့သော အစိတ် အပိုင်းများသည် အသက်ကြီးရင့်ချိန် မတိုင်ခင် အထိ ဦးနှောက် အပြည့်အ၀ ဖွံ့ဖြိုးမှု မရှိသေးကြောင်း သိရသည်။
တခြားသူများ၏ စိတ်ခံစားမှုကို ဝေဖန် ပိုင်းခြားနိုင်သည့် စွမ်းရည် ဖွံ့ဖြိုးမှုမှာ အသက် (၄၀) နှင့် (၅၀) ခန့်တွင်မှ ဖွံ့ဖြိုးကြောင်း သိရသည်။
အသက် (၁၈) နှစ်နှင့် (၁၉) နှစ် အရွယ်တွင် သတင်း အချက် အလက်များ စီမံ ဆောင်ရွက်နိုင် စွမ်းရည် အမြင့်ဆုံး ဖြစ်ပြီး အသက် (၂၅) နှစ် အရွယ်တွင် ရေတို မှတ်ဉာဏ် စွမ်းရည် အမြင့်မားဆုံး အခြေအနေ ကို ရောက်သည်။ အသက် (၃၀) အရွယ်တွင် မျက်နှာ မှတ်မိနိုင်စွမ်း အမြင့်ဆုံး ရောက်ရှိပြီး အသက် (၃၅) တွင် ရေတိုမှတ်ဉာဏ် ပြန်လည် ကျဆင်းနိုင်ကြောင်း သိရသည်။
အသက် (၄၀) နှင့် (၅၀) ကြားတွင် စိတ်ခံစားချက်များကို ဝေဖန် ပိုင်းခြားနိုင်စွမ်း အမြင့်မားဆုံး ဖြစ်ကာ အသက် (၆၀) တွင် စကားလုံး သစ်များကို လေ့လာနိုင်စွမ်း ရှိနေဆဲဖြစ် ပြီး (၆၀) အသက် (၇၀) နှင့် (၇၀) အထက် ကာလတွင် ကျိုးကြောင်း ဆက်စပ် ဆင်ခြင်နိုင်စွမ်းရည်မှာ အပြတ်သားဆုံး အမြင့်ဆုံးကို ရောက် ရှိကြောင်း သိရသည်။
မတူညီသော စွမ်းရည် အမျိုးမျိုးက အသက်အရွယ် အမျိုးမျိုးတွင် ဖွံ့ဖြိုးလာပြီး တချို့သော စွမ်းရည်များသည် အသက် (၄၀) တွင် တန့်သွားကြောင်း သိရသည်။
လေ့လာမှု သုတေသနကို မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် ဦးနှောက် စွမ်းရည် သိပ္ပံဌာနမှ ပါမောက္ခ ဟိုရှာ ဟာရွမ်နှင့် အဖွဲ့က ပြုလုပ်ကာ Psychological Science ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားသည်။
Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အသက် ၆၅ နှစ်အထက် သက်ကြီးသူများကို လစဉ် ကျပ်နှစ်သောင်းခွဲ ထောက်ပံ့ရန် စီစဉ် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) စိတ်ကျနေသူ အတွက် အချိန်သည် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'