အဆီကျစေတဲ့ အစာများ
By မိုရ်မိုရ် (YUFEL)
သင့်ကို သွယ်လျ လှပ သွားစေမယ့် ဒီအစား အစာတွေကို ဈေးဝယ် စာရင်းထဲမှာ ထည့်မှတ် ထားလိုက် ပါတော့..
ဂရိတ်ဖရုသီး
Vitamin-C ကြွယ်ဝတဲ့ ဒီအသီးက အဆီ ကျစေ ပါတယ်။ ဂရိတ် ဖရုသီး တစ်ခြမ်းလောက်ကို မနက်စာမှာ ထည့်စားတာပဲ ဖြစ်ဖြစ်၊ အစာ မစားခင် နာရီဝက် အလိုမှာပဲ ဖြစ်ဖြစ် စားတာကလည်း အစာ အလွန်အကျွံ စားမိမှာကို တားဆီး ပေးနိုင်ပါတယ်။
ငရုတ်ကောင်း
ငရုတ်ကောင်းမှာ ပါဝင်တဲ့ piperine ပစ္စည်းက အဆီ ဆဲလ်တွေကို လျှော့ချပါတယ်။ ငရုတ်ကောင်းကို အစားစာထဲ ထည့်စားတာက အဆီကျစေမယ့် နည်းလမ်းပါပဲ။
သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်က သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးရုံ သာမက အစာစားချင်စိတ်ကို ထိန်း ချုပ် ပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်ကို လက်ဖက်ရည်၊ ကော်ဖီ၊ ဒိန်ချဉ်တို့ထဲ ထည့်စားနိုင်ပါတယ်။
ကြက်ဥ
ကြက်ဥဟာ ကယ်လိုရီနည်းပြီး အသားဓာတ် ခုနစ်ဂရမ် ပါဝင်ပါတယ်။ မနက်စာ အဖြစ် ကြက်ဥကို စား သုံးခြင်းက ထိုနေ့မှာ သင်စားမယ့် ကယ်လိုရီတွေကို လျှော့ချပေးတယ်လို့ လေ့လာတွေ့ရှိ ထားပါတယ်။ ဒါပေမဲ့ ကြက်ဥ အနှစ်က ကိုလက်စထရော ပါဝင်မှု များတာကြောင့် တော်သင့်ရုံပဲ စားသင့်ကြောင်း အကြံပြုပါရစေ။
ပန်းသီး
သစ်သီးဆိုတာ အဆီချနိုင်တဲ့၊ အရသာရှိတဲ့ အစားစာ ဖြစ်ကြပါ တယ်။ ပန်းသီးကို အခွံပါ စားပေးရင် ဖိုက်ဘာဓာတ် ရရှိပြီး သင့်ကို ဗိုက်ပြည့်စေပါတယ်။
လက်ဖက်ရည်ကြမ်း
လက်ဖက်ရည်ကြမ်းက အဆီ ကျစေတဲ့အပြင် အစာ ချေဖျက်မှုကိုလည်း ကောင်းမွန်စေပါတယ်။ လက်ဖက် ရည်ကြမ်းကို ပူပူလေး သောက်ပေးတာက ပိုကောင်းပါတယ်။ ပျားရည်တို့၊ ရှောက်ရည်တို့ ထည့်သောက် တာကလည်း ပိုထိ ရောက်မှု ရှိစေပါတယ်။
ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီကို ယိုလုပ်ပြီး ကိတ်မုန့်တွေထဲမှာ ထည့်စားနေပါသလား။ ဒါဆို လုံးဝ မှားယွင်းနေပါပြီ။ ဘလူးဘယ်ရီကို သစ်သီး သုပ်ထဲမှာ ထည့်စားတာပဲ ဖြစ်ဖြစ်၊ ဖျော်ရည် လုပ်သောက်တာပဲ ဖြစ်ဖြစ် စားသင့်ပါတယ်။
ကော်ဖီ
ကမ္ဘာပေါ်က လူတွေအတော် များများ နှစ်သက်ကြတဲ့ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို မြှင့်တင် ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီသောက်တဲ့အခါ အဆီဓာတ်ရှိတဲ့ သကြား၊ ခရင်မ်တို့ မထည့်ပါနဲ့။ ဒါ့အပြင် ကော်ဖီ အလွန်အကျွံ သောက်ရင်လည်း တန်ဆေးလွန်ဘေး ဖြစ်တတ်တာမို့ တစ်နေ့ ကို တစ်ခွက်မှ သုံးခွက် အထိသာ သောက်သင့်ပါတယ်။
Tips: အဆီနည်းသော အသား၊ ဂရိ ဒိန်ချဉ်၊ ဖရဲသီး၊ ကန်စွန်းဥ၊ ကောက်နှံစာ၊ ပဲ တို့ကိုလည်း ရွေးချယ် သင့်ပါတယ်။
REF: www.newszoom.com
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကဗ္ဘာ့ ကျန်းမာရေးကို တော်လှန် ပြောင်းလဲခဲ့သော စာတမ်း (၅) စောင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ယောင်္ကျား တစ်ယောက်ရဲ့ဘ၀ကို ညွှန်းဆိုနေတဲ့ အသက်အရွယ် အပိုင်းအခြားများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'