စမတ်ဖုန်းဖြင့် အချိန်တိုင်း စာရိုက်မှု လူ့ဦးနှောက်ကို ပြောင်းလဲစေနိုင်

ဂို့ရှ်ဟာ ဖုန်းရဲ့တုံ့ပြန်ဆောင်ရွက်ပုံကို မှတ်တမ်း တင်ထားသလို ဖုန်းကို လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်တို့နဲ့ ထိတွေ့မှုလုပ်စဉ်မှာ ဦးနှောက်က ဘယ်လို လုပ်ဆောင်နေလဲ ဆိုတာကိုပါ လေ့လာ ခဲ့တာဖြစ်ပါတယ်။ ဒီလိုတွေ့ရှိချက်တွေ ကိုလေ့လာရာမှာ ဖရီးဘော့ တက္ကသိုလ်ကျောင်းသူ မာဂလိုင်းရှီထရစ်က ကူညီပေးခဲ့ ပါတယ်။
“ဒီလှုပ်ရှားမှုဟာ အရင်နေ့တွေက ဖုန်းသုံးစွဲချိန် ပမာဏနဲ့ သွားပြီးတော့ ဆက်နွယ်မှု ရှိနေတယ်။ ကျမတို့က ဖုန်းထဲက မှတ်တမ်းတွေ၊ ဘက်ထရီ မှတ်တမ်းတွေကို သုံးတယ်။ ဦးနှောက်လှိုင်း မှတ်တမ်းအရ သုံးစွဲမှု အမြင့်ဆုံးကို ရောက်ပြီးတာနဲ့ ဦးနှောက် လှုပ်ရှားမှုကလည်း ပိုမြင့်လာတာကို တွေ့ရတယ်။”
လက်မနဲ့ လက်ညှိုး ထိပ်ဖျားတွေကို ချိတ်ဆက်တုံ့ပြန်ပေးတဲ့ ဦးနှောက်အပြင်လွှာရဲ့ လှုပ်ရှားမှုဟာ ဖုန်း အလွန် အကျွံ သုံးစွဲမှုနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။
“ဟောဒီ အနီစက်လေးတွေနဲ့ လျှပ်ခေါင်းတွေရဲ့အချက်ပြတွေကို တိုင်းတာဖို့ပေါ့နော်။ လူတယောက်နဲ့ တယောက်ကြားမှာ လျှပ်စစ်အချက်ပြတွေ အကြီးအကျယ် ခြားနားသွားပုံကို ကြည့်ပြီး လွန်ခဲ့တဲ့ ၁၀ ရက် အတွင်းက ဖုန်းကို ဘယ်လောက် သုံးခဲ့တယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။”
Current Biology ဂျာနယ်မှာဖော်ပြထားတဲ့ ရလဒ်တွေအရတော့ ထိတွေ့မျက်နှာပြင်ကို အကြိမ်ကြိမ် ထိတွေ့ ခင်းဟာ ဦးနှောက်အပြင်လွှာပိုင်း အာရုံခံ လုပ်ငန်းစဉ်ကို အသစ်တဖန် ပုံသွင်းနိုင်တယ်လို့ ဆိုပါတယ်။
စမတ်ဖုန်း သုံးစွဲမှုဟာ ဦးနှောက်ရဲ့ပြောင်းလွယ်ပြင်လွယ်ရှိမှုကို လေ့လာဖို့နဲ့ ရှေ့ဆက် စမ်းသပ်မှုတွေကို ဆက်လက် လုပ်ဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ဂို့ရှ်က ပြောပါတယ်။
“ဒါကြောင့်ကိုပဲ ဖုန်းမှတ်တမ်းတွေကို အသေးစိတ်ပြန်ကြည့်ဖို့က ခိုင်လုံတဲ့ အကြောင်းပြချက်တခု ဖြစ်လာ ပါတယ်။ ဒါမှသာ ဒီ ဒစ်ဂျစ်တယ် မှတ်တမ်းတွေကို သုံးပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို နားလည်နိုင် မှာပါ။
ဦးနှောက်ရဲ့ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုကို လက်တွေလေ့လာပြီး ထိရောက်တဲ့ ဖြေရှင်းချက်တွေကို တိုး တက် ဖော်ထုတ် လာနိုင်မှာဖြစ်ပါတယ်။”
ကမ္ဘာတ၀ှမ်းမှာ စမတ်ဖုန်းသုံးစွဲသူ ၂ ကုဋေနီးပါးခန့်ရှိပါတယ်။ ဖုန်းမှတ်တမ်းတွေက တိကျတဲ့ အချက် အ လက် အမြောက်အများကို ပေးနိုင်တာမို့ ဒီအရင်းအမြစ်ဟာ တကယ့်ကို အဖိုးတန်ပါတယ်လို့ ဂို့ရှ်က ပြော ပါတယ်။
The post စမတ်ဖုန်းဖြင့် အချိန်တိုင်းစာရိုက်မှု လူ့ဦးနှောက်ကို ပြောင်းလဲစေနိုင် appeared first on DVB.
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) နိုင်ငံဂုဏ်ကို တက်စေသည့် ကရင်လူငယ် ၅ ဦး Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အိမ်တွင်းဖြစ် ၀ိုင်ချက်လုပ်နည်း Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'