Non-Jailbreak iOS Device များတွင် မြန်မာစာ ရရှိအောင်ပြုလုပ်နည်း
iOS 8.1.3 နှင့် iOS 8.2 တို့ဟာ လတ်တလောချိန်ထိ Jailbreak မရှိသေးတဲ့ အတွက် မြန်မာစာကို နေရာတိုင်းမှာ မမြင်ရဟုပြောနေကြ သူများအတွက် မြန်မာစာကိုနေရာတိုင်းမှာ ရရှိအောင်ပြုလုပ်နည်းကို တင်ပြပေးလိုက်ပါတယ်...
Non-Jailbreak အတွက် Mobile Configuration Font များစွာ ရှိသော်လည်း အများစုမှာ Safari Browser မှာ မြင်ရခြင်း မရှိသေးပါဘူး.. အခြားသော Apps များ မှာတော့မြင်ရပါတယ်...
ပြုလုပ်နည်းအဆင့်ဆင့်
၁. App Store သို့ဝင်ပါ..
၂. Search မှ Sar Lone Keyboard ဟူ၍ရေးထည့်ကာ Install လုပ်ပါ... (သို့မဟုတ် အောက်တွင်ပေးထားသော Link မှတဆင့် App Store မှ သွားရောက်ဒေါင်းယူနိုင်ပါတယ်)

၃. Install လုပ်ပြီးပြီ ဆိုရင်တော့ အဆိုပါ Sar Lone Keyboard App ကိုဖွင့်ပါ... စဖွင့်လိုက်သည်နှင့် Font ကို Download လုပ်ခိုင်း ပါလိမ့်မယ်... လုပ်ပေးလိုက်ပါ
၎. ပြီးရင်တော့ အောက်က ပုံမှာတွေ့ရတဲ့အတိုင်း Profile တစ်ခုကို Install လုပ်ခိုင်းပါလိမ့်မယ်... Install နှိပ်ပေးလိုက်ပါ
၅. Profile ဟာ Unverified Profile ဖြစ်နေတဲ့အတွက် Warning Message တခုထပ်တက်လာပါလိမ့်မယ်... ကိစ္စမရှိပါဘူး .. Install သာနှိပ်ပေးပါ..
၆. Install နှိပ်ပြီးရင် Device မှာ Lockscreen Passcode ချထားပါက အဆိုပါ Passcode ကိုမေးလာ မည်ဖြစ်ပြီး ထည့်သွင်းရန် လိုအပ်ပါတယ်.. အကယ်၍ မချထားပါက ထည့်စရာမလိုပါ
၇. ဒါဆိုရင်တော့ Zawgyi Profile လုပ်ပေးပြီးပြီဖြစ်ပါတယ်.. Done ကိုနှိပ်ပါ
အခုဆိုရင်တော့ သင့်ရဲ့ Non-jailbreak iDevice ရဲ့ Mail App မှလွဲ၍ နေရာတိုင်းမှာ မြန်မာစာကို ဖတ်ရှုနိုင်ပြီပဲဖြစ်ပါတယ်...
ဒါပေမယ့် Mobile Safari မှာတော့ မြန်မာလို အဆင်ပြေပြေနဲ့ မမြင်ရသေးပါဘူး... ဒါ့ကြောင့် ဆက်လက် ဖတ်ရှုကြပါကုန်...
~ Safari ကိုဖွင့်လိုက်ပါ.. ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း Share Button ကိုနှိပ်ပါ
~ ထို့နောက် Extension မှ More ကိုရွေးပါ
~ More ကိုရွေးပြီးလျှင် Zawgyi Force ကိုဖွင့်ပေးထားလိုက်ပါ.. (ပုံမှာတော့ ပိတ်ထားပါသေးသည်)
~ Zawgyi Force ကို ဖွင့်ပြီးပြီဆိုရင်တော့ Safari Extension မှာ Zawgyi Force ကိုမြင်တွေ့ရပါလိမ့်မယ်
~ သင်ဟာ မြန်မာစာကို အခုဆိုရင် Safari မှာပါမြင်ရပြီပဲဖြစ်ပါတယ်.... မြန်မာWeb page တခုခုဝင်တာနဲ့ မြန်မာစာနေရာမှာ လေးထောင့်အတုံး (သို့မဟုတ်) ကြက်ခြေခတ် ပုံများဖြစ်နေခဲ့ရင် Share Button ကိုနှိပ်ပြီး... Extension မှ Zawgyi Force ကို တစ်ချက်နှိပ်ပေး လိုက်သော အခါမှာတော့ အဆိုပါ သင်ဖွင့်ထားတဲ့ Web Page မှာ မြန်မာလို ဖတ်ရှုနိုင်ပြီပဲဖြစ်ပါတယ်...
အခုဆက်ပြီးတော့ မြန်မာဇော်ဂျီအလှFont ကို Install လုပ်ဖို့တင်ပြပေးပါမယ်.. ဒါမှသာ နေရာတိုင်း နေရာတိုင်းမှာ အဆင်ပြေပြေနဲ့ မြန်မာလိုဖတ်ရှုနိုင်ပြီး ဇော်ဂျီဖောင့်ကို လှပစွာ ဖတ်နိုင်မှာပါ
~ အောက်တွင်ပေးထားသော အလှFont ၂ခုမှ တစ်ခုကို Mobile Safari မှဖွင့်ကာ Direct Download လုပ်ရုံနဲ့ Profile ကို Install လုပ်ခိုင်းပါမယ်... လုပ်ပေးလိုက်ပါ... ပြီးလျှင် Device ကို Reboot ချပါ...
ဒါဆို အဆင်ပြေသွားပါလိမ့်မယ်..
Beautiful Zawgyi Font By iOSKnowledgeBank.MM

www.iosknowledgebank.info/
အဆင်ပြေကြပါစေ . . .
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+